ငါ၌ ဥစ္စာပစ္စည်းများစွာရှိ၍ ငါ့လက်ဝယ်ငွေအမြောက်အမြားရှိသောကြောင့် ငါဝမ်းမြောက်မိခဲ့လျှင်၊
တရားဟော 8:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သင့်စိတ်ထဲ၌ ‘ဤဥစ္စာပစ္စည်းကို ငါ့အစွမ်း၊ ငါ့ခွန်အားဖြင့် ငါရရှိခဲ့၏’ဟု ဆိုမိလိမ့်မည်။ Common Language Bible ထို့ကြောင့်သင်တို့၏အစွမ်းသတ္တိဖြင့်ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာသည်ဟူ၍မထင်မမှတ် နှင့်။- Judson Bible ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကိုငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့်ကြဉ်ရှောင်လော့။ |
ငါ၌ ဥစ္စာပစ္စည်းများစွာရှိ၍ ငါ့လက်ဝယ်ငွေအမြောက်အမြားရှိသောကြောင့် ငါဝမ်းမြောက်မိခဲ့လျှင်၊
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
ရှာဖွေရသောအချိန်နှင့် ဆုံးရှုံးရသောအချိန်ရှိ၏။ ထိန်းသိမ်းရသောအချိန်နှင့် လွှင့်ပစ်ရသောအချိန်ရှိ၏။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
ထာဝရဘုရားက “လူသေကောင်တို့သည် လယ်ပြင်ရှိနောက်ချေးကဲ့သို့လည်းကောင်း၊ စုသိမ်းသူမရှိ၊ ရိတ်သိမ်းသူနောက်၌ပုံထားသော ကောက်လှိုင်းကဲ့သို့လည်းကောင်း ပြန့်ကျဲနေလိမ့်မည်”ဟု မိန့်တော်မူကြောင်း ပြောကြားလော့။
သင်သည် ကုန်သွယ်ရာ၌ ကျွမ်းကျင်လွန်း၍ ဥစ္စာပစ္စည်းတိုးပွားလာ၏။ သင်၏ဥစ္စာပစ္စည်းကြောင့် ဘဝင်မြင့်၏’ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ အို အရှင်မင်းကြီး၊ အကျွန်ုပ်အကြံပေးသည်ကို လက်ခံပါ။ ဖြောင့်မတ်စွာပြု၍ အပြစ်ကိုရှောင်ကြဉ်ပါ။ ဆင်းရဲသားတို့ကို သနား၍ မတရားမှုများကို စွန့်ပစ်ပါ။ သို့ပြုလျှင် မင်းကြီး၏နန်းစည်းစိမ်သည် တာရှည်တည်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
ဧဖရိမ်က ‘ငါကိုယ်တိုင် ဥစ္စာဓနကို ရှာတွေ့၍ ချမ်းသာကြွယ်ဝပြီ။ ထိုဥစ္စာဓနတို့ကို ဒုစရိုက်ပြုခြင်းဖြင့် ရရှိသည်ဟု မည်သူမျှ ငါ့ကိုအပြစ်ဆိုစရာအကြောင်းမရှိ’ဟု ဆို၏။
ထို့ကြောင့် သူတို့သည် မိမိတို့ကွန်များထံ ယဇ်ပူဇော်၍ မိမိတို့ပိုက်များထံ နံ့သာပေါင်းကို ပူဇော်ကြ၏။ အကြောင်းမှာ ထိုအရာများအားဖြင့် သူတို့၏ဥစ္စာပြည့်စုံကြွယ်ဝကြပြီး စားစရာလည်း ပေါများ၏။
အကြောင်းမူကား မည်သူသည် သင့်ကိုထူးခြားစေသနည်း။ သင်ခံယူရရှိသောအရာမဟုတ်ဘဲ သင်၌နဂိုကတည်းက ရှိထားသောအရာတစ်စုံတစ်ခုရှိသလော။ သင်ခံယူရရှိခဲ့သည့်အရာဖြစ်သည်မှန်လျှင် ခံယူရရှိခဲ့သည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။
သင့်စိတ်ထဲ၌ ‘ဤလူမျိုးတို့သည် ငါ့ထက်များသည်ဖြစ်၍ သူတို့ကို မည်သို့နှင်ထုတ်နိုင်မည်နည်း’ဟု တွေးမိလျှင်
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှောက်မှနှင်ထုတ်တော်မူသောအခါ သင့်စိတ်ထဲ၌ ‘ထာဝရဘုရားသည် ငါ၏ဖြောင့်မတ်ခြင်းကြောင့် ဤပြည်ကိုပိုင်ဆိုင်ရန် ငါ့ကိုပို့ဆောင်တော်မူ၏’ဟု မအောက်မေ့ရ။ ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သူတို့၏ဆိုးယုတ်မှုကြောင့် သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။
ထာဝရဘုရားက ဂိဒေါင်အား “သင်နှင့်အတူ ပါလာသောသင့်လူတို့သည် အလွန်များသောကြောင့် သူတို့လက်သို့ မိဒျန်လူမျိုးတို့ကို ငါမအပ်။ အပ်မည်ဆိုလျှင် အစ္စရေးလူမျိုးတို့က ‘ငါတို့၏လက်ရုံးသည် ငါတို့ကိုကယ်တင်ပြီ’ဟု ဝါကြွားပြောဆိုကြလိမ့်မည်။
ထာဝရဘုရားသည် ဆင်းရဲစေနိုင်၏။ ချမ်းသာစေနိုင်၏။ နိမ့်ကျစေနိုင်၏။ ချီးမြှောက်ပေးနိုင်၏။
သို့သော် ဒါဝိဒ်က သူတို့အား “ငါ့ညီအစ်ကိုတို့၊ ငါတို့အား ထာဝရဘုရားပေးသနားတော်မူသောအရာတို့ကို ဤသို့မပြုရ။ ထာဝရဘုရားသည် ငါတို့ကိုစောင့်ရှောက်တော်မူ၍ ငါတို့အား လာရောက်တိုက်ခိုက်သောဓားပြတို့ကိုလည်း ငါတို့လက်သို့ အပ်တော်မူပြီ။