ဘေးအန္တရာယ်သည် သင့်အပေါ်သို့ ကျရောက်မည်မဟုတ်။ ဘေးဒဏ်သည်လည်း သင်၏တဲအနီးသို့ ချဉ်းကပ်မည်မဟုတ်။
တရားဟော 7:15 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အနာရောဂါရှိသမျှတို့ကို သင့်ထံမှ ဖယ်ရှားပေးတော်မူမည်။ သင်သိခဲ့သည့် အီဂျစ်ပြည်၏ဆိုးရွားသောရောဂါဝေဒနာရှိသမျှတို့ကို သင့်အပေါ်သို့ ကျရောက်စေတော်မမူဘဲ သင့်ကိုမုန်းသောသူအပေါင်းတို့အပေါ်သို့ ကျရောက်စေတော်မူမည်။ Common Language Bible ထာဝရဘုရားသည်သင်တို့အားရောဂါ ဘေးအမျိုးမျိုးမှကာကွယ်တော်မူလိမ့်မည်။ အီဂျစ်ပြည်တွင်သင်တို့တွေ့မြင်ခဲ့ရသော ရောဂါဆိုးဘေးမသင့်စေရ။ သို့သော်သင် တို့၏ရန်သူဟူသမျှမူကား ရောဂါဆိုး ဘေးသင့်လိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား သည် သင် တို့ မှ ရော ဂါ အ မျိုး မျိုး ကို ပယ် လျက်၊ အိ ဂျစ် ပြည်၌ သိ မြင် ခဲ့ ကြ သော ရော ဂါ ဆိုး တစ် စုံ တစ် ရာ ကို မျှ သင့် စေ မည် မ ဟုတ်။ သင် တို့ အား မုန်း ထား သော သူ တို့ အ ပေါ်၌ သာ သင့် စေ တော် မူ လိမ့် မည်။ Judson Bible ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှတို့ကို သင့်ဆီကပယ်ရှား၍၊ သင်သိသော အဲဂုတ္တုပြည်၏အနာဆိုးကို သင်၌စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ အပေါင်းတို့၌ စွဲစေတော်မူမည်။ |
ဘေးအန္တရာယ်သည် သင့်အပေါ်သို့ ကျရောက်မည်မဟုတ်။ ဘေးဒဏ်သည်လည်း သင်၏တဲအနီးသို့ ချဉ်းကပ်မည်မဟုတ်။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ကိုယ်တော်သည်လည်း သင်၏မုန့်နှင့်ရေကို ကောင်းချီးပေးတော်မူ၍ သင့်အထဲမှ အနာရောဂါကို ဖယ်ရှားတော်မူမည်။
နတ်ဝိဇ္ဇာဆရာများနှင့် အီဂျစ်လူမျိုးအားလုံးတို့၌ အနာစိမ်းပေါက်သဖြင့် နတ်ဝိဇ္ဇာဆရာတို့သည် အနာစိမ်းကြောင့် မောရှေ၏ရှေ့၌ မရပ်နိုင်ကြပေ။
ထာဝရဘုရားသည် ကုသ၍မရသော အီဂျစ်ပြည်အနာစိမ်း၊ ပလိပ်နာ၊ နှင်းခူ၊ ယားနာ စသည်ဖြင့် သင့်ကို ဒဏ်ခတ်တော်မူမည်။
သင်ကြောက်ရွံ့ခဲ့ရသော အီဂျစ်ပြည်၏ရောဂါဝေဒနာရှိသမျှတို့ကို သင့်ထံသို့ယူဆောင်လာတော်မူသဖြင့် သင်၌စွဲကပ်လိမ့်မည်။
သင့်ရန်သူတို့အပေါ်၊ သင့်ကိုမုန်းတီး၍ ညှဉ်းဆဲသောသူတို့အပေါ် ထိုကျိန်ခြင်းရှိသမျှကို သင်၏ဘုရားသခင်ထာဝရဘုရား ကျရောက်စေတော်မူမည်။