တရားဟော 28:60 - မြန်မာ့စံမီသမ္မာကျမ်း60 သင်ကြောက်ရွံ့ခဲ့ရသော အီဂျစ်ပြည်၏ရောဂါဝေဒနာရှိသမျှတို့ကို သင့်ထံသို့ယူဆောင်လာတော်မူသဖြင့် သင်၌စွဲကပ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible60 အီဂျစ်ပြည်တွင်သင်တို့တွေ့ကြုံခဲ့ရသော ကြောက်မက်ဖွယ်ရောဂါဆိုးများကို သင်တို့ ၌တစ်ဖန်ကျရောက်စေတော်မူသဖြင့် သင်တို့နာလန်ထူနိုင်လိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible60 အိ ဂျစ် ပြည်၌ သင် တို့ ကြောက် ရွံ့ ခဲ့ သော အ နာ ရော ဂါ အ မျိုး မျိုး ကို၊ သင့် ရောက် စွဲ ကပ် စေ တော် မူ ဦး မည်။ အခန်းကိုကြည့်ပါ။Judson Bible60 ထိုမှတစ်ပါး၊ သင်ကြောက်တတ်သော အဲဂုတ္တုပြည်၏ အနာရောဂါရှိသမျှတို့ကို သင့်အပေါ်မှာ သက်ရောက်စေတော်မူသဖြင့်၊ သင်၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
“အီဂျစ်ပြည်အပေါ် ကပ်ရောဂါဘေးကျရောက်စေခဲ့သည့်နည်းတူ သင်တို့၌ ငါဖြစ်စေ၏။ လူပျိုတို့ကို ဓားဖြင့်ကွပ်မျက်ပြီး မြင်းတို့ကိုလည်း ဖမ်းသွားခြင်းခံရစေပြီ။ တပ်စခန်းထဲတွင် အပုပ်နံ့လျှံစေ၍ သင်တို့လည်း ရှူကြရပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။