ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
တရားဟော 6:3 - မြန်မာ့စံမီသမ္မာကျမ်း အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလော့။ သို့ပြုလျှင် သင့်အား သင့်ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း နို့နှင့်ပျားရည်စီးသောပြည်၌ သင်သည်ကောင်းစား၍ အလွန်တိုးပွားလိမ့်မည်။ Common Language Bible အို ဣသရေလအမျိုးသားတို့၊ ထိုပညတ်တော် များကိုစောင့်ထိန်းလော့။ ထိုသို့ပြုလျှင်ဘိုး ဘေးတို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း သင်တို့သည်ကြွယ်ဝ ကောင်းစား၍အင်အားကြီးသောလူမျိုးဖြစ် လာလိမ့်မည်။ အစာရေစာပေါကြွယ်ဝသော ပြည်တွင်နေထိုင်ရကြလိမ့်မည်။'' Garrad Bible အို ဣ သ ရေ လ လူ မျိုး၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က တိ ထား တော် မူ သည့် အ တိုင်း၊ နို့ ရည် ပျား ရည် လွှမ်း စီး သော ပြည် တွင် အ လွန် တိုး ပွား လျက် ကောင်း စား ကြ အံ့ သော ငှါ၊ နား ထောင် စောင့် ရှောက် လိုက် နာ ကြ ဦး လော့။ Judson Bible အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့်ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည်အကြောင်း နားထောင်လော့။ သတိနှင့် ကျင့်စောင့်လော့။ |
ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
ထို့နောက် ကိုယ်တော်သည် သူ့ကို အပြင်သို့ခေါ်ဆောင်သွားပြီးလျှင် “မိုးကောင်းကင်ကိုမော့ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့”ဟု မိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်က “သင်၏သားစဉ်မြေးဆက်သည် ထိုသို့ဖြစ်လိမ့်မည်”ဟု သူ့အားမိန့်တော်မူ၏။
ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
ငါသည် သင်၏သားစဉ်မြေးဆက်ကို ကောင်းကင်ကြယ်နှင့်အမျှများပြားစေ၍ သင်၏သားစဉ်မြေးဆက်အား ဤမြေရှိသမျှတို့ကို ပေးမည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
သင်၏သားစဉ်မြေးဆက်သည် မြေမှုန့်ကဲ့သို့များပြား၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ရပ်သို့ပျံ့နှံ့လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင့်အားဖြင့်လည်းကောင်း၊ သင်၏အမျိုးအနွယ်အားဖြင့်လည်းကောင်း ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
ကိုယ်တော်သည် တစ်သမတ်တည်းစောင့်ထိန်းရမည့် မိမိ၏ဥပဒေသတို့ကို ချမှတ်ထားတော်မူ၏။
သို့ရာတွင် အစ္စရေးအမျိုးသားတို့သည် တိုးပွားသည်ထက်တိုးပွားလာကြ၏။ ထိုသို့ တိုးပွားလာကြသဖြင့် လူဦးရေများသည်ထက်များလာ၍ တစ်ပြည်လုံး သူတို့နှင့် ပြည့်လေ၏။
ငါသည် သင်တို့ကို သင်တို့ဖိစီးနှိပ်စက်ခံရသောအီဂျစ်ပြည်ထဲမှ ထုတ်ဆောင်၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်သော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်မည်”ဟူ၍ မိန့်တော်မူသည်’ဟု ပြောရမည်။
တစ်ဖန် ဘုရားသခင်က “ငါသည် သင့်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့် မိမိမျက်နှာကို ဖုံးကွယ်ထားလေ၏။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
အပြစ်ပြုသောသူသည် မကောင်းမှုကိုအကြိမ်တစ်ရာပြုလျက်ပင် အသက်ရှည်သော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့ကြသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရကြောင်း ငါအမှန်သိ၏။
ဖြောင့်မတ်သောသူတို့သည် မိမိတို့လုပ်ဆောင်မှု၏အသီးအပွင့်ကိုစားရမည်ဖြစ်သောကြောင့် ကောင်းပေသည်ဟု သူတို့အား ပြောကြားလော့။
ထာဝရဘုရားထံ ဆုတောင်းပေးရန် အရှင့်ကိုအကျွန်ုပ်တို့တောင်းဆိုသည်ဖြစ်၍ မိန့်ဆိုတော်မူမည့်စကားသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အကျွန်ုပ်တို့ နားထောင်ပါမည်။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ခြင်းဖြင့် အကျွန်ုပ်တို့ ကောင်းစားပါလိမ့်မည်”ဟု ဆိုကြ၏။
သို့သော် သူတို့အား ‘ငါ့စကားကို နားထောင်ကြလော့။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ ငါပညတ်သောနည်းလမ်းရှိသမျှတို့ကို သင်တို့လိုက်လျှောက်လျှင် သင်တို့ကောင်းစားကြရမည်’ ဟူသောစကားကိုကား ငါမိန့်မှာခဲ့၏။
အာဗြဟံအား ဘုရားသခင်ကတိပေးတော်မူသော ကတိတော်၏နေ့ရက်နီးကပ်လာသည်နှင့်အညီ လူမျိုးတော်သည် အီဂျစ်ပြည်တွင် တိုးပွားလျက်များပြားလာ၍
ထာဝရဘုရားက ထိုပြည်ကို သင်တို့၏ဘိုးဘေးတို့နှင့် သူတို့၏သားစဉ်မြေးဆက်တို့အား ပေးမည်ဟုကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ နို့နှင့်ပျားရည်စီးသောထိုပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ကြရမည်။
ကိုယ်တော်၏သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်ဖြစ်သော ကောင်းကင်ဘုံမှ ငုံ့ကြည့်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အစ္စရေးကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်တို့အား ပေးတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကိုလည်းကောင်း ကောင်းချီးပေးတော်မူပါ’ဟု လျှောက်ဆိုရမည်။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို ဤအရပ်သို့ပို့ဆောင်တော်မူ၏။ အကျွန်ုပ်တို့အား နို့နှင့်ပျားရည်စီးသော ဤပြည်ကို ပေးတော်မူ၏။
သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော နို့နှင့်ပျားရည်စီးသောပြည်သို့ဝင်ရောက်သောအခါ ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရေးသားထားရမည်။
အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။
လိုက်နာစောင့်ထိန်းကြလော့။ သို့ပြုလျှင် ဤပြဋ္ဌာန်းချက်ရှိသမျှကိုကြားသိသောလူမျိုးရှေ့၌ သင်တို့သည်ဉာဏ်ပညာရှိသူ၊ အမြော်အမြင်ရှိသူဟု ထင်ရှားလိမ့်မည်။ သူတို့ကလည်း ‘အကယ်စင်စစ် ဤလူမျိုးသည် ပညာရှိသော၊ အမြော်အမြင်ရှိသောလူမျိုးကြီးဖြစ်၏’ဟု ဆိုကြလိမ့်မည်။
ဂျုံ၊ မုယော၊ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်တို့နှင့်ပြည့်သောပြည်၊ သံလွင်ဆီ၊ ပျားရည်တို့နှင့်ပြည့်သောပြည်၊