ထာဝရဘုရားသည် သူ့ကိုစောင့်ရှောက်လျက် ဆက်၍အသက်ရှင်စေတော်မူလိမ့်မည်။ သူသည် ပြည်တော်တွင်မင်္ဂလာရှိသူဖြစ်လိမ့်မည်။ ကိုယ်တော်သည် သူ့ကို ရန်သူတို့အလိုအတိုင်းပြုကြစေရန် အပ်တော်မူမည်မဟုတ်။
တရားဟော 6:24 - မြန်မာ့စံမီသမ္မာကျမ်း ယနေ့ကဲ့သို့ ငါတို့သည် အစဉ်ကောင်းစား၍ အသက်ချမ်းသာရာရမည့်အကြောင်း ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာရန် ငါတို့အား ထာဝရဘုရား မိန့်မှာတော်မူခဲ့၏။ Common Language Bible ထိုနောက်ငါတို့၏ဘုရားသခင်ထာဝရ ဘုရားသည် ပညတ်အလုံးစုံတို့ကိုလိုက် နာကျင့်သုံးရန်လည်းကောင်း၊ ကိုယ်တော်အား ကြောက်ရွံ့ရိုသေရန်လည်းကောင်းပြဋ္ဌာန်း တော်မူ၏။- Garrad Bible ယ ခု ဖြစ် သည့် အ တိုင်း၊ အ စဉ် ကောင်း စား လျက် အ သက် ချမ်း သာ ရ စေ ခြင်း ငှါ ထုံး ဖွဲ့ ချက် များ ကို လိုက် နာ၍၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ခန့် ညား ကြ မည့် အ ကြောင်း မိန့် မှာ တော် မူ၏။ Judson Bible ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူးပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကိုစောင့်တော်မူမည်အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကိုထောက်၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့လျက်၊ ဤပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။ |
ထာဝရဘုရားသည် သူ့ကိုစောင့်ရှောက်လျက် ဆက်၍အသက်ရှင်စေတော်မူလိမ့်မည်။ သူသည် ပြည်တော်တွင်မင်္ဂလာရှိသူဖြစ်လိမ့်မည်။ ကိုယ်တော်သည် သူ့ကို ရန်သူတို့အလိုအတိုင်းပြုကြစေရန် အပ်တော်မူမည်မဟုတ်။
ခုတင်ပေါ်၌ သူဖျားနာလျက်နေစဉ် ထာဝရဘုရားသည် သူ့ကိုဖေးမတော်မူ၍ အနာရောဂါခံစားရာအိပ်ရာထဲမှ သူ့ကိုအပြည့်အဝပြန်လည်ကျန်းမာစေတော်မူလိမ့်မည်။
ကိုယ်တော်သည် ငါတို့ကို ဆက်၍အသက်ရှင်စေတော်မူပြီး ငါတို့ခြေကို ချော်ခွင့်ပေးတော်မမူ။
မောရှေကလည်း လူတို့အား “မကြောက်ကြနှင့်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍ အပြစ်မပြုမည့်အကြောင်း ဘုရားသခင်သည် သင်တို့ကို စမ်းသပ်ရန် ကြွလာတော်မူ၏”ဟု ဆိုလေ၏။
စိတ်နှိမ့်ချခြင်းနှင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကျိုးကား ဓနဥစ္စာ၊ ဂုဏ်သရေနှင့် အသက်ရှင်ခြင်းဖြစ်၏။
သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။
ဖြောင့်မတ်သောသူတို့သည် မိမိတို့လုပ်ဆောင်မှု၏အသီးအပွင့်ကိုစားရမည်ဖြစ်သောကြောင့် ကောင်းပေသည်ဟု သူတို့အား ပြောကြားလော့။
ငါ့ကို အစဉ်ကြောက်ရွံ့ရိုသေခြင်းအားဖြင့် သူတို့နှင့် နောင်လာမည့်သူတို့၏သားသမီးများ ကောင်းစားဖို့ တစ်ခုတည်းသောစိတ်သဘော၊ တစ်ခုတည်းသောနည်းလမ်းကို သူတို့အား ငါပေးမည်။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
ကိုယ်တော်ကလည်း“မှန်ပေ၏။ ထိုအတိုင်းပြုလော့။ သို့ပြုလျှင် အသက်ရှင်လိမ့်မည်”ဟု မိန့်တော်မူ၏။
မောရှေကလည်း ပညတ်တရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ “ဤအရာများကိုလိုက်နာကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်လိမ့်မည်”ဟု ရေးထား၏။
အို အစ္စရေးလူမျိုးတို့၊ သင်တို့အား သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်တို့သည် အသက်ချမ်းသာရာရ၍ ဝင်ရောက်ပိုင်ဆိုင်ရမည့်အကြောင်း သင်တို့လိုက်နာရမည့် ငါသွန်သင်သော ပြဋ္ဌာန်းချက်နှင့်စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
သို့သော် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်သောသူအားလုံး ယနေ့အထိ အသက်ရှင်ရကြ၏။
သင်မှစ၍ သင်၏သားမြေးတို့သည် အသက်ရှင်သမျှကာလပတ်လုံး သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့၍ သင့်အားငါဆင့်ဆိုသည့် ကိုယ်တော်၏ပြဋ္ဌာန်းချက်နှင့်ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းရမည်။ ထိုသို့ပြုလျှင် သင်တို့သည် အသက်ရှည်လိမ့်မည်။
ငါတို့ကိုကား ထိုပြည်ကို ငါတို့ဘိုးဘေးတို့အား ပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ပို့ဆောင်ရန် အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။
ယနေ့ သင့်အား ငါဆင့်ဆိုသောပညတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ သို့ပြုလျှင် သင်တို့သည် အသက်ချမ်းသာရာရ၍တိုးပွားလျက် ထာဝရဘုရားက ထိုပြည်ကို သင်တို့ဘိုးဘေးတို့အား ပေးမည်ဟုကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်ကို ဝင်၍သိမ်းပိုက်ရလိမ့်မည်။
လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်ဘဲ ထာဝရဘုရား၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်သည်ကို သင်သိမြင်မည့်အကြောင်း ကိုယ်တော်သည် သင့်ကိုနှိမ့်ချလျက် ငတ်မွတ်စေပြီး သင်မသိ၊ သင်၏ဘိုးဘေးတို့လည်းမသိသော မန္နမုန့်ဖြင့် သင့်အားကျွေးမွေးတော်မူခဲ့၏။