အို အီဂျစ်ပြည်၊ ကိုယ်တော်သည် နိမိတ်လက္ခဏာများနှင့်တန်ခိုးလက္ခဏာတို့ကို သင်၏အလယ်၊ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့အပေါ် ကျရောက်စေတော်မူ၏။
တရားဟော 6:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်၌ ထာဝရဘုရားသည် ငါတို့၏မျက်မှောက်တွင် နိမိတ်လက္ခဏာများ၊ ကြီးမား၍ ကြောက်စရာကောင်းသော အံ့ဩဖွယ်အမှုများကို အီဂျစ်ပြည်အပေါ်၊ ဖာရောမင်းကြီးနှင့်သူ၏နန်းတော်သူနန်းတော်သားအပေါင်းတို့အပေါ် ကျရောက်စေတော်မူခဲ့၏။ Common Language Bible ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့ အားလည်းကောင်း၊ သူတို့၏ဘုရင်နှင့်မှူးမတ် အရာရှိအပေါင်းတို့အားလည်းကောင်း နိမိတ် လက္ခဏာများကိုပြ၍ကြောက်မက်ဖွယ်သော ဘေးဥပဒ်များကျရောက်စေတော်မူခဲ့ပုံကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။- Garrad Bible အိ ဂျစ် ပြည် ၌ လည်း ကောင်း၊ ဖာ ရော မင်း နှင့် တစ် နန်း တော် လုံး ၌ လည်း ကောင်း၊ ပြင်း ထန် သော သက် သေ နိ မိတ် လ က္ခ ဏာ ကြီး များ ကို ငါ တို့ ရှေ့ ဖော် ပြ ပြီး လျှင်၊ Judson Bible ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန်သောနိမိတ်လက္ခဏာ အံ့ဖွယ်သရဲတို့ကို အဲဂုတ္တုပြည်အပေါ်မှာလည်းကောင်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာလည်းကောင်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊ |
အို အီဂျစ်ပြည်၊ ကိုယ်တော်သည် နိမိတ်လက္ခဏာများနှင့်တန်ခိုးလက္ခဏာတို့ကို သင်၏အလယ်၊ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့အပေါ် ကျရောက်စေတော်မူ၏။
ကြီးမား၍အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာ ပြုတော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
သင်သည် ဆိုးယုတ်သောသူတို့အပေါ် ကျရောက်သည့်ပြစ်ဒဏ်ကို သင့်မျက်စိဖြင့်ကြည့်၍ မြင်ရုံမျှသာဖြစ်လိမ့်မည်။
အီဂျစ်လူမျိုးတို့ကို ငါအပြင်းအထန်ဒဏ်ခတ်ခဲ့သောအမှုများ၊ သူတို့အား ငါပြခဲ့သော နိမိတ်လက္ခဏာများကို သင်တို့သည် သင်တို့၏သားမြေးများအား ပြောကြား၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရှိစေရန် သူတို့၏စိတ်နှလုံးကို ငါခိုင်မာစေပြီ”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါ၏လက်ကိုဆန့်၍ အီဂျစ်ပြည်ထဲ၌ ငါပြုမည့် အံ့ဖွယ်သောအမှုအမျိုးမျိုးတို့ဖြင့် ထိုပြည်ကိုဒဏ်ခတ်မည်။ ထို့နောက်မှ သူသည် သင်တို့ကိုလွှတ်လိမ့်မည်။
သင်တို့ရှေ့မှကြွတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် သင်တို့အဖို့ပြုပေးသကဲ့သို့၊
ထိုအချိန်၌ ငါက ယောရှုအား ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤရှင်ဘုရင်နှစ်ပါးအား ပြုတော်မူခဲ့သည့်အမှုရှိသမျှကို သင့်မျက်စိဖြင့်မြင်ရပြီ။ ထာဝရဘုရားသည် သင်ကူးသွားမည့်နိုင်ငံရှိသမျှကို ထိုနည်းတူ ပြုတော်မူလိမ့်မည်။
ဗာလပေဂုရဘုရားကြောင့် ထာဝရဘုရားပြုတော်မူသောအမှုကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဗာလပေဂုရဘုရားအား ဆည်းကပ်သောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူခဲ့၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
သင်တို့ကလည်း သင်တို့၏သားသမီးများအား ‘ငါတို့သည် အီဂျစ်ပြည်၌ ဖာရောမင်းကြီး၏ကျွန်ဖြစ်ခဲ့ကြ၏။ သို့သော် ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့၏။
ငါတို့ကိုကား ထိုပြည်ကို ငါတို့ဘိုးဘေးတို့အား ပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ပို့ဆောင်ရန် အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။
သင်ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ပြင်းထန်သောစုံစမ်းမှုများကိုလည်းကောင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကိုလည်းကောင်း၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကို ဆန့်လျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားထုတ်ဆောင်တော်မူခဲ့သည်ကိုလည်းကောင်း အထူးအောက်မေ့ရမည်။ သင်ကြောက်ရွံ့ရသည့်လူမျိုးအပေါင်းတို့ကိုလည်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုနည်းတူပြုတော်မူမည်။