ထိုလူတို့သည် ထိုအရပ်မှလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား ထာဝရဘုရား၏ရှေ့တော်၌ ဆက်၍ရပ်နေ၏။
တရားဟော 5:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်၌ သင်တို့သည် မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့ကြသောကြောင့် ငါသည် ထာဝရဘုရားနှင့်သင်တို့ကြား၌ ရပ်လျက် ထာဝရဘုရား၏စကားတော်ကို သင်တို့အား ပြန်ပြောပြခဲ့၏။ မိန့်တော်မူသောစကားမှာ Common Language Bible သင်တို့သည်မီးကိုကြောက်ရွံ့သဖြင့်တောင် ပေါ်သို့မတက်ဝံ့သောကြောင့် ငါသည်ထာဝရ ဘုရားနှင့်သင်တို့စပ်ကြားတွင်ရပ်လျက် ထာဝရဘုရား၏အမိန့်တော်ကိုသင်တို့ အားဆင့်ဆိုခဲ့၏။'' Judson Bible ထိုအခါ သင်တို့သည် မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့သောကြောင့်၊ ငါသည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာရပ်နေ၏။ |
ထိုလူတို့သည် ထိုအရပ်မှလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား ထာဝရဘုရား၏ရှေ့တော်၌ ဆက်၍ရပ်နေ၏။
သူသည် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပြီး ကျောက်တိုင်များကို ဖြိုလှဲပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို လှဲချပြီး မောရှေသွန်းလုပ်ခဲ့သောကြေးနီမြွေရုပ်ကိုလည်း ထုခွဲပစ်၏။ အကြောင်းမူကား ထိုအချိန်အထိ အစ္စရေးလူမျိုးတို့သည် ထိုမြွေရုပ်ကို နဟုတ္တန် ဟုခေါ်ဆိုပြီး နံ့သာပေါင်းကို မီးရှို့ပူဇော်တတ်ကြ၏။
ထို့ကြောင့် ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်ရွေးကောက်တော်မူသော မောရှေသည် ရှေ့တော်မှ ကျိုးပေါက်မည့်နေရာတွင်ရပ်လျက် သူတို့ကိုဖျက်ဆီးမည့် ကိုယ်တော်၏အမျက်ဒေါသကို တားဆီးခဲ့၏။
တတိယနေ့ နံနက်ရောက်သောအခါ တောင်ပေါ်၌ ထူထပ်သောမိုးတိမ်နှင့်တကွ မိုးချုန်းသံများ၊ လျှပ်စီးလက်ခြင်းများဖြစ်၍ အလွန်ကျယ်လောင်သောတံပိုးမှုတ်သံမြည်လေ၏။ ထိုအခါ စခန်းထဲရှိ လူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။
ထာဝရဘုရားက မောရှေအား “သင်သည် ဆင်းသွား၍ လူတို့ကိုသတိပေးလော့။ သို့မဟုတ်လျှင် သူတို့သည် ထာဝရဘုရားကို ဖူးမြင်ရန် စည်းကိုကျော်ဝင်ကြသဖြင့် များစွာသောသူတို့သည် သေကျေပျက်စီးကြလိမ့်မည်။
ထာဝရဘုရားက “သူ၏ခေါင်းဆောင်သည် သူ့အမျိုးထဲမှဖြစ်လိမ့်မည်။ သူ့ကိုအုပ်စိုးသောသူသည် သူ့အမျိုးထဲမှပေါ်ထွန်းလိမ့်မည်။ သူ့ကို ငါခေါ်၍ သူသည် ငါ့ထံချဉ်းကပ်လိမ့်မည်။ အဘယ်သူသည် ကိုယ့်အလိုအလျောက် ငါ့ထံချဉ်းကပ်ဝံ့သနည်း။
သို့ဖြစ်လျှင် ပညတ်တရားသည် အဘယ်ကြောင့်ရှိရသနည်း။ ၎င်းသည် ကတိတော်ကိုခံရသောအမျိုးအနွယ်ပေါ်ထွန်းသည်အထိ ဖောက်ဖျက်ကျူးလွန်မှုများကြောင့် ဖြည့်စွက်ထားခြင်းခံရပြီး ကောင်းကင်တမန်များမှတစ်ဆင့် ကြားဝင်စေ့စပ်သူအားဖြင့် ပြဋ္ဌာန်းခြင်းခံရ၏။
သင်သာ ချဉ်းကပ်၍ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောအရာရှိသမျှတို့ကို နားထောင်၍ သင့်အား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်ဆိုသောအရာရှိသမျှတို့ကို အကျွန်ုပ်တို့အား ဆင့်ဆိုပါ။ အကျွန်ုပ်တို့သည် နားထောင်၍ လိုက်နာပါမည်’ဟု ဆိုကြ၏။
အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပုံတူမျှသာဖြစ်သည့် လူ့လက်ဖြင့်တည်ဆောက်သောသန့်ရှင်းရာဌာနထဲသို့မဝင်ဘဲ ငါတို့ကိုယ်စား ယခု ဘုရားသခင်၏ရှေ့တော်၌ထင်ရှားတော်မူရန် ကောင်းကင်ထဲသို့ဝင်တော်မူ၏။