ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့စဉ်က သူတို့အား “အခြားသောဘုရားများကို ကြောက်ရွံ့ခြင်းမရှိရ။ ထိုဘုရားတို့ကို မကိုးကွယ်ရ၊ ဝတ်မပြုရ၊ ယဇ်မပူဇော်ရ။
တရားဟော 5:2 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ၏။ Common Language Bible ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သိနာတောင်ပေါ်တွင်ငါတို့နှင့်ပဋိညာဉ် ပြုတော်မူ၏။- Garrad Bible ဟော ရပ် တောင် တွင် ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် ကို ဘိုး ဘေး တို့ နှင့် မ ဟုတ်၊ ဤ အ ရပ်၌ ယ ခု ရှင် လျက် နေ သ မျှ သော ငါ တို့ နှင့် ဖွဲ့ ခဲ့ တော် မူ သော်၊ Judson Bible ငါတို့ ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။ |
ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့စဉ်က သူတို့အား “အခြားသောဘုရားများကို ကြောက်ရွံ့ခြင်းမရှိရ။ ထိုဘုရားတို့ကို မကိုးကွယ်ရ၊ ဝတ်မပြုရ၊ ယဇ်မပူဇော်ရ။
အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာပြီးနောက် သုံးလမြောက်သောနေ့၌ သိနာတောကန္တာရသို့ရောက်လာကြ၏။
မောရှေသည် သွေးကိုယူ၍ လူတို့အပေါ်သို့ဖျန်းလျက် “ကြည့်လော့။ ဤသွေးကား ဤစကားတော်အလုံးစုံတို့နှင့်အညီ သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူသော ပဋိညာဉ်သွေးဖြစ်၏”ဟု ဆိုလေ၏။
ထာဝရဘုရားကလည်း “ငါပဋိညာဉ်ပြုမည်။ ကမ္ဘာမြေတစ်ခွင်လုံး၌လည်းကောင်း၊ လူမျိုးရှိသမျှတို့၌လည်းကောင်း မပြုခဲ့ဖူးသောအံ့ဖွယ်အမှုတို့ကို သင်၏လူအပေါင်းတို့ရှေ့၌ ငါပြုမည်။ သင်နှင့်အတူရှိသောလူအပေါင်းတို့သည် ငါထာဝရဘုရား၏အမှုကို တွေ့မြင်ကြလိမ့်မည်။ ထိုအမှုသည် သင်နှင့်အတူငါပြုမည့် ကြောက်မက်ဖွယ်အမှုဖြစ်၏။
သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်သံမီးပြင်းဖိုမှ ငါထုတ်ဆောင်လာခဲ့စဉ်က ငါ့စကားကိုနားထောင်၍ ငါဆင့်ဆိုသမျှတို့ကိုပြုကြလော့။ သို့ပြုလျှင် သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၍ ငါသည်လည်း သင်တို့၏ဘုရားဖြစ်မည်ဟု ငါပဋိညာဉ်ပြုထားခဲ့၏။
ထာဝရဘုရားက “ထိုပဋိညာဉ်သည် သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ လက်ဆွဲ၍ထုတ်ဆောင်လာခဲ့စဉ်က ဖွဲ့ခဲ့သောပဋိညာဉ်ကဲ့သို့မဟုတ်။ ငါသည် သူတို့၏ခင်ပွန်းဖြစ်သော်လည်း ငါ၏ပဋိညာဉ်ကို သူတို့ချိုးဖောက်ခဲ့ပြီ”ဟု မိန့်တော်မူ၏။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင့်ဘိုးဘေးတို့ကျွန်ခံရာအီဂျစ်ပြည်မှ သူတို့ကိုထုတ်ဆောင်လာခဲ့စဉ်က သူတို့နှင့်ပဋိညာဉ်ဖွဲ့၍
အစ္စရေးလူမျိုးအပေါင်းတို့အဖို့ ဟောရပ်အရပ်၌ မောရှေအား ငါမိန့်မှာခဲ့သည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များပါသော ငါ့အစေအပါးမောရှေ၏ပညတ်တရားကို အောက်မေ့ကြလော့။
မောရှေက “ဟောရပ်တောင်၌ ငါတို့၏ဘုရားသခင်ထာဝရဘုရားက ငါတို့အား ‘သင်တို့သည် ဤတောင်၌ ကြာမြင့်စွာနေထိုင်ကြပြီ။
ဟောရပ်တောင်၌ အစ္စရေးအမျိုးသားတို့နှင့် ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်အပြင် မောဘပြည်၌ အစ္စရေးအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့ရန် မောရှေအား မိန့်မှာတော်မူခဲ့သည့် ပဋိညာဉ်ပါအချက်များကား ဤသို့ဖြစ်၏။
ကိုယ်တော်သည် သင်တို့လိုက်နာရန် ညွှန်ကြားထားသည့် မိမိ၏ပဋိညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို သင်တို့အားပြောကြားတော်မူပြီးလျှင် ကျောက်ပြားနှစ်ချပ်ပေါ်၌ ရေးထားတော်မူ၏။
သင်တို့နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖွဲ့တော်မူသောပဋိညာဉ်ကို မမေ့လျော့ရန်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားတားမြစ်ထားသော မည်သည့်ပုံသဏ္ဌာန်ကိုမျှ သင်တို့အဖို့ ရုပ်တုဆင်းတုအဖြစ်မလုပ်ရန် သတိပြုကြလော့။
မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “အို အစ္စရေးလူမျိုးတို့၊ ယနေ့ သင်တို့ကြားသိအောင် ငါဆင့်ဆိုသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို နားထောင်လော့။ သင်ယူလော့။ လိုက်နာစောင့်ထိန်းလော့။