၄ ရာ 17:35 - မြန်မာ့စံမီသမ္မာကျမ်း35 ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့စဉ်က သူတို့အား “အခြားသောဘုရားများကို ကြောက်ရွံ့ခြင်းမရှိရ။ ထိုဘုရားတို့ကို မကိုးကွယ်ရ၊ ဝတ်မပြုရ၊ ယဇ်မပူဇော်ရ။ အခန်းကိုကြည့်ပါ။Common Language Bible35 ထာဝရဘုရားသည်သူတို့နှင့်ပဋိညာဉ်ဖွဲ့ တော်မူ၍``သင်တို့သည်အခြားဘုရားများ ကိုဝတ်မပြုရှိမခိုးကြနှင့်။ သူတို့ရှေ့တွင် ဦးမညွှတ်ကြနှင့်။ သူတို့အားဝတ်ပြုကိုးကွယ် မှုကိုသော်လည်းကောင်း၊ ယဇ်ပူဇော်မှုကို သော်လည်းကောင်းမပြုကြနှင့်၊- အခန်းကိုကြည့်ပါ။Garrad Bible35 ထာ ဝ ရ ဘု ရား သည် ယာ ကုပ် အ မျိုး သား တို့ နှင့် ပ ဋိ ညာဉ် ဖွဲ့၍ မိန့် မှာ တော် မူ ခဲ့ သည် မှာ အ ခြား ဘု ရား များ ကို ခန့် ညား၊ ရှိ ခိုး၊ ဝတ် ပြု၊ ပူ ဇော် ခြင်း မ ပြု ရ။ အခန်းကိုကြည့်ပါ။Judson Bible35 ထာဝရဘုရားသည် ထိုအမျိုးသားတို့နှင့် ပဋိညာဉ်ဖွဲ့၍၊ သင်တို့သည် အခြားတစ်ပါးသောဘုရားတို့ကို မရိုသေ၊ ဦးမညွှတ်၊ ဝတ်မပြု၊ ယဇ်မပူဇော်ရ။ အခန်းကိုကြည့်ပါ။ |
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။