သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းလော့။
`` `သင်တို့၏ဘုရားသခင်ငါထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဥပုသ်နေ့ကိုစောင့် ထိန်း၍ထိုနေ့ကိုငါ့အတွက်သီးသန့်ထား လော့။-
သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား မိန့် မှာ သည့် အ တိုင်း၊ ဥ ပုသ် နေ့ ကို သီး သန့်၍ စောင့် ရှောက် လော့။
သင်၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုစောင့်လော့။
ထိုနေ့များတွင် ယုဒပြည်၌ ဥပုသ်နေ့တွင် စပျစ်သီးနင်းနယ်သူများ၊ ကောက်နှံစည်းများကို သယ်နေသူများ၊ မြည်းများပေါ်တွင် စပျစ်ဝိုင်၊ စပျစ်သီး၊ သဖန်းသီးနှင့် အထုပ်အပိုးများကိုတင်၍ ဂျေရုဆလင်မြို့တွင်းသို့ ယူဆောင်လာသူများကို အကျွန်ုပ်တွေ့ရ၏။ ဥပုသ်နေ့၌ အစားအစာရောင်းဝယ်ဖောက်ကားနေကြသည်ကိုလည်း သူတို့အား အကျွန်ုပ်သတိပေး၏။
မောရှေကလည်း “ဤအရာကား ထာဝရဘုရားမိန့်ဆိုတော်မူသောအရာဖြစ်၏။ မနက်ဖြန်သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောဥပုသ်နေ့ဖြစ်၏။ ထိုမုန့်ကို သင်တို့ဖုတ်လိုလျှင် ဖုတ်လော့။ ပြုတ်လိုလျှင် ပြုတ်လော့။ ပိုသမျှကို သင်တို့အတွက် ချန်ထားပြီး နံနက်တိုင်အောင်သိမ်းထားလော့”ဟု သူတို့အားဆို၏။
သို့ဖြစ်၍ လူတို့သည် သတ္တမနေ့၌ ငြိမ်ဝပ်စွာနေကြ၏။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘ငါထာဝရဘုရားသည် သင်တို့ကို သန့်ရှင်းစေသောအရှင်ဖြစ်ကြောင်းသိမြင်စေရန် ငါ၏ဥပုသ်နေ့ကို သင်တို့ ဧကန်အမှန် စောင့်ထိန်းရမည်။ ဤအမှုသည် သင်တို့၏မျိုးဆက်အစဉ်အဆက်တိုင်အောင် ငါနှင့်သင်တို့ကြားတွင် အမှတ်လက္ခဏာဖြစ်၏။
ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ထာဝရဘုရားအတွက် သန့်ရှင်းသောနေ့ဖြစ်၏။ ဥပုသ်နေ့၌အလုပ်လုပ်သောသူမည်သူမဆို မုချအသတ်ခံရမည်။
ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင်၍ နာမတော်ကိုချစ်မြတ်နိုးသောကိုယ်တော်၏အစေအပါးဖြစ်ရန် ထာဝရဘုရား၌မှီဝဲဆည်းကပ်သော တိုင်းတစ်ပါးသားတို့ကိုလည်းကောင်း၊ ဥပုသ်နေ့ကိုမညစ်ညူးစေရန် စောင့်ထိန်း၍ ငါ၏ပဋိညာဉ်ကိုစွဲကိုင်ထားသောသူအပေါင်းတို့ကိုလည်းကောင်း
ငါ၏သန့်ရှင်းရာနေ့၌ မိမိအလိုသို့မလိုက်ဘဲ ဥပုသ်နေ့ကိုစောင့်ထိန်းလျှင်၊ ဥပုသ်နေ့ကို ပျော်မွေ့ရာနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောနေ့ကို ရိုသေဖွယ်ရာနေ့ဟုခေါ်လျှင်၊ ကိုယ့်လမ်းသို့မလိုက်၊ ကိုယ့်အလိုအတိုင်းမပြု၊ ကိုယ့်အလိုအတိုင်းမပြောဘဲ ထိုနေ့ကိုရိုသေလျှင်
ဥပုသ်နေ့၌ အိမ်ထဲမှဝန်ထုပ်များကို မသယ်ထုတ်ရ။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာခဲ့သည့်အတိုင်း ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းကြလော့။
တစ်ဖန် သူတို့အား“ဥပုသ်နေ့သည် လူအတွက်ဖြစ်လာ၏။ လူသည် ဥပုသ်နေ့အတွက်ဖြစ်လာသည်မဟုတ်။
သင်၏အလုပ်ရှိသမျှကို ခြောက်ရက်ပတ်လုံး အားထုတ်လုပ်ဆောင်လော့။