ထိုအခါ သူတို့သည် ဘုရားသခင်ကို ယုံကြည်အားထား၍ ဘုရားသခင်၏ လုပ်ဆောင်တော်မူချက်တို့ကိုမမေ့လျော့ဘဲ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးကြလိမ့်မည်။
တရားဟော 5:1 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “အို အစ္စရေးလူမျိုးတို့၊ ယနေ့ သင်တို့ကြားသိအောင် ငါဆင့်ဆိုသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို နားထောင်လော့။ သင်ယူလော့။ လိုက်နာစောင့်ထိန်းလော့။ Common Language Bible မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ကိုဆင့်ခေါ်၍ သူတို့အားဤသို့ပြောကြား လေသည်။ ``ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အား ငါပြဋ္ဌာန်းပေးမည့်ပညတ်တော် အားလုံးကိုနားထောင်ကြလော့။ ထိုပညတ် တော်များကိုနာယူလိုက်နာရန်သတိပြု ကြလော့။- Garrad Bible မော ရှေ သည် ဣ သ ရေ လ တစ် မျိုး လုံး ကို ခေါ်၍ မိန့် ဆို သည် မှာ၊ အို ဣ သ ရေ လ လူ မျိုး၊ ယ နေ့၌ ပင် သင် တို့ အား ငါ ဆင့် ဆို သော ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို နာ ခံ သင် ကြား လျက် စောင့် ရှောက် လိုက် နာ ကြ လော့။ Judson Bible တစ်ဖန် မောရှေသည် ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်၍၊ အို ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အားငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင်၍ကျင့်ခြင်းငှာ သတိပြုမည်အကြောင်း နားထောင်ကြလော့။ |
ထိုအခါ သူတို့သည် ဘုရားသခင်ကို ယုံကြည်အားထား၍ ဘုရားသခင်၏ လုပ်ဆောင်တော်မူချက်တို့ကိုမမေ့လျော့ဘဲ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးကြလိမ့်မည်။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
ပြဋ္ဌာန်းချက်များ၊ ဥပဒေသများနှင့်ပတ်သက်၍ သူတို့အား သတိပေးရမည်။ သူတို့သွားရမည့်လမ်း၊ လုပ်ဆောင်ရမည့်အလုပ်ကို သူတို့အားသိစေရမည်။
ထို့ကြောင့် သင်တို့အား သူတို့ပြောသမျှသောအရာအားလုံးကို ကျင့်သုံး၍ စောင့်ထိန်းကြလော့။ သို့သော် သူတို့ပြုသည့်အတိုင်း မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် ပြောသော်လည်း မကျင့်သုံးကြ။
ဂျော်ဒန်မြစ်တစ်ဖက်၊ တောကန္တာရရှိပါရန်အရပ်နှင့် တောဖလ၊ လာဗန်၊ ဟာဇရုတ်၊ ဒိဇဟတ်အရပ်တို့အကြား သုဖနှင့်မျက်နှာချင်းဆိုင်အရာဗလွင်ပြင်၌ အစ္စရေးအမျိုးသားအပေါင်းတို့အား မောရှေဆင့်ဆိုသောစကားများကား ဤသို့ဖြစ်၏။
သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ ကိုယ်တော်၏ညွှန်ကြားချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက် တို့ကို အစဉ်အမြဲစောင့်ထိန်းရမည်။
သင်တို့သည် မြေကြီးပေါ်၌ အသက်ရှင်သမျှကာလပတ်လုံး သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသည့်ပြည်၌ သင်တို့လိုက်နာစောင့်ထိန်းရမည့် ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကား ဤသို့ဖြစ်၏။
ဤတရားစကား၊ ဤပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်း၍ မိမိ၏ဘုရားသခင်ထာဝရဘုရားအားကြောက်ရွံ့ခြင်းကို သင်ယူနိုင်ရန် ထိုကျမ်းစာလိပ်ကို မိမိနှင့်အတူထား၍ အသက်ရှင်သမျှကာလပတ်လုံး ဖတ်ရှုရမည်။
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ ယနေ့ သင်တို့အား ငါမှာကြားသော ကိုယ်တော်၏ပညတ်ချက်၊ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို မလိုက်နာ၊ မစောင့်ထိန်းလျှင် သင်တို့အပေါ်သက်ရောက်မည့်ကျိန်ခြင်းအမင်္ဂလာ၊ သင်တို့ခံစားရမည့် ကျိန်ခြင်းအမင်္ဂလာအပေါင်းကား ဤသို့ဖြစ်၏။
ယနေ့ သင်တို့အားလုံးသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် သင်တို့မျိုးနွယ်များ၏အကြီးအမှူးများ၊ သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ အစ္စရေးအမျိုးသားအားလုံးမှစ၍
မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “ထာဝရဘုရားသည် အီဂျစ်ပြည်၌ ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့်တကွ သူ၏ပြည်တစ်ပြည်လုံးကို သင်တို့ရှေ့မှောက်တွင် မည်သို့ပြုတော်မူခဲ့သည်ကို သင်တို့တွေ့မြင်ခဲ့ပြီ။
အို အစ္စရေးလူမျိုးတို့၊ သင်တို့အား သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်တို့သည် အသက်ချမ်းသာရာရ၍ ဝင်ရောက်ပိုင်ဆိုင်ရမည့်အကြောင်း သင်တို့လိုက်နာရမည့် ငါသွန်သင်သော ပြဋ္ဌာန်းချက်နှင့်စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ရှိ အရာဗလွင်ပြင်တစ်ခုလုံးမှစ၍ ပိသဂါတောင်ခြေရှိ အရာဗပင်လယ်တိုင်အောင်လည်းကောင်း သိမ်းပိုက်ခဲ့ကြ၏။
သင်တို့ဝင်ရောက်သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို ငါ့အား ငါ၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်တို့အား ငါသွန်သင်ပေးပြီ။
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ၏။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့် ပညတ်ချက်၊ သက်သေခံချက်၊ ပြဋ္ဌာန်းချက် တို့ကို ကြိုးစားစောင့်ထိန်းရမည်။
ဤပညတ်တရားကျမ်း၌ ရေးထားသမျှတို့ကို လိုက်နာစောင့်ထိန်းနိုင်မည့်အကြောင်း ထိုတရားတို့ကို သင့်နှုတ်မှမကွာစေနှင့်။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့ရမည်။ သို့ပြုလျှင် သင့်ဘဝလမ်းခရီး၌ အထမြောက်အောင်မြင်လိမ့်မည်။