ထိုသူက ငါ့အား “ဤမြစ်ရေသည် အရှေ့ဘက်အရပ်သို့ဦးတည်ပြီး အရာဗလွင်ပြင်ကိုဖြတ်ကာ ပင်လယ်ထဲသို့ စီးဝင်သွား၏။ ပင်လယ်ထဲသို့ ရောက်သွားသောအခါ ပင်လယ်ရေသည် ရေချိုဖြစ်သွား၏။
တရားဟော 4:49 - မြန်မာ့စံမီသမ္မာကျမ်း ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ရှိ အရာဗလွင်ပြင်တစ်ခုလုံးမှစ၍ ပိသဂါတောင်ခြေရှိ အရာဗပင်လယ်တိုင်အောင်လည်းကောင်း သိမ်းပိုက်ခဲ့ကြ၏။ Common Language Bible ထိုနယ်မြေတွင်ယော်ဒန်မြစ်အရှေ့ဘက်ရှိ ဒေသတစ်ခုလုံးပါဝင်၏။ ယင်းဒေသသည် တောင်ဘက်ပင်လယ်သေအထိ အရှေ့ဘက် ပိသဂါတောင်ခြေအထိကျယ်ဝန်းလေသည်။ Judson Bible ယော်ဒန်မြစ်အရှေ့ဘက် လွင်ပြင်နှင့်တကွ လွင်ပြင်နှင့်ဆိုင်သောအိုင်နား၊ အာဇုတ်ပိသဂါမြို့တိုင်အောင်လည်းကောင်း သိမ်းယူကြ၏။ |
ထိုသူက ငါ့အား “ဤမြစ်ရေသည် အရှေ့ဘက်အရပ်သို့ဦးတည်ပြီး အရာဗလွင်ပြင်ကိုဖြတ်ကာ ပင်လယ်ထဲသို့ စီးဝင်သွား၏။ ပင်လယ်ထဲသို့ ရောက်သွားသောအခါ ပင်လယ်ရေသည် ရေချိုဖြစ်သွား၏။
ဂျော်ဒန်မြစ်ဖြင့်နယ်နိမိတ်ပိုင်းခြားထားသည့်အရာဗလွင်ပြင်အထိ ငါပေး၏။ ထိုအရာဗလွင်ပြင်သည် ဂင်နေသရက်အိုင်မှ အရှေ့ဘက်ပိသဂါတောင်ခြေရှိ ဆားပင်လယ်ဟုခေါ်သော အရာဗပင်လယ်အထိကျယ်ပြန့်၏။
ထို့နောက် မောရှေသည် မောဘလွင်ပြင်မှ ဂျေရိခေါမြို့နှင့်မျက်နှာချင်းဆိုင်၊ နေဗောတောင်ဟုခေါ်သော ပိသဂါတောင်ထိပ်ပေါ်သို့ တက်သွားလေ၏။ ထာဝရဘုရားသည် သူ့အား ဂိလဒ်ပြည်မှ ဒန်မြို့တိုင်အောင်လည်းကောင်း၊
အာနုန်ချောင်းနံဘေးရှိအာရော်မြို့မှစ၍ ဟေရမုန်တောင်ဟုခေါ်သော စိအုန်တောင်တိုင်အောင်လည်းကောင်း၊
မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “အို အစ္စရေးလူမျိုးတို့၊ ယနေ့ သင်တို့ကြားသိအောင် ငါဆင့်ဆိုသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို နားထောင်လော့။ သင်ယူလော့။ လိုက်နာစောင့်ထိန်းလော့။