ကိုယ်တော်သည် သိနာတောင်ပေါ်သို့ကြွဆင်းတော်မူ၏။ သူတို့အား ကောင်းကင်မှနှုတ်မြွက်တော်မူ၏။ သူတို့အား ဖြောင့်မှန်သောစီရင်ထုံးဖွဲ့ချက်၊ မှန်ကန်သောတရား၊ ကောင်းမြတ်သောပြဋ္ဌာန်းချက်နှင့် ပညတ်ချက်တို့ကို ပေးတော်မူ၏။
တရားဟော 4:36 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိုးကောင်းကင်မှ ပဲ့ပြင်သောစကားသံကို သင်တို့အား ကြားစေတော်မူ၏။ မြေကြီးပေါ်၌လည်း သင်တို့အား မီးတောက်မီးလျှံကြီးကို ပြတော်မူ၍ ထိုမီးထဲမှ ကိုယ်တော်၏စကားတော်ကို သင်တို့ကြားရကြ၏။ Common Language Bible ကိုယ်တော်သည်သင်တို့အားသွန်သင်ရန် မိုး ကောင်းကင်မှမိန့်တော်မူသောအသံတော်ကို ကြားစေတော်မူပြီ။ ကမ္ဘာမြေကြီးပေါ်တွင် သင်တို့သည် ကိုယ်တော်၏မီးတောက်မီးလျှံ ကိုမြင်စေလျက် ထိုမီးထဲမှသင်တို့အား မိန့်ကြားတော်မူ၏။- Garrad Bible အ ဆုံး အ မ ပေး တော် မူ အံ့ သော ငှါ၊ မိုး ကောင်း ကင် မှ မိန့် တော် သံ ကြား ခွင့် ကို လည်း ကောင်း၊ မြေ ပေါ် တွင် လည်း မ ဟာ မီး တော် ကို မြင် ရ သည့် အ တိုင်း၊ မီး အ လယ် မှ ဗျာ ဒိတ် တော် သံ ကြား ခွင့် ကို လည်း ကောင်း၊ ပေး တော် မူ ၏။ Judson Bible သင်တို့ကိုသွန်သင်၍ ကောင်းကင်ထဲက စကားတော်သံကို ကြားစေတော်မူပြီ။ မြေကြီးပေါ်မှာ ကြီးစွာသောမီးတော်ကိုလည်း ပြတော်မူ၍၊ သင်တို့သည် မီးထဲကစကားတော်ကို ကြားရကြပြီ။ |
ကိုယ်တော်သည် သိနာတောင်ပေါ်သို့ကြွဆင်းတော်မူ၏။ သူတို့အား ကောင်းကင်မှနှုတ်မြွက်တော်မူ၏။ သူတို့အား ဖြောင့်မှန်သောစီရင်ထုံးဖွဲ့ချက်၊ မှန်ကန်သောတရား၊ ကောင်းမြတ်သောပြဋ္ဌာန်းချက်နှင့် ပညတ်ချက်တို့ကို ပေးတော်မူ၏။
ထာဝရဘုရားသည် သိနာတောင်ပေါ်သို့ မီးဖြင့်ကြွဆင်းတော်မူသောကြောင့် တစ်တောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည် မီးပြင်းဖို၏မီးခိုးကဲ့သို့တက်၏။ တောင်တစ်တောင်လုံးသည်လည်း ပြင်းထန်စွာတုန်လှုပ်လေ၏။
တံပိုးမှုတ်သံသည် ပို၍ပို၍ကျယ်လာသောအခါ မောရှေမေးလျှောက်၍ ဘုရားသခင်သည် အသံဖြင့် ဖြေကြားတော်မူ၏။
ထာဝရဘုရားက မောရှေအား “သင်နှင့်ငါပြောသောစကားကို လူတို့ကြား၍ သင့်ကို အစဉ်အမြဲယုံကြစေရန် ငါသည် သင့်ထံသို့မိုးတိမ်တိုက်ဖြင့်ကြွလာမည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ကြားလျှောက်လေ၏။
ထာဝရဘုရား၏ဘုန်းအသရေတော်သည် သိနာတောင်ပေါ်၌တည်၍ တိမ်တိုက်သည် ခြောက်ရက်ပတ်လုံး တောင်ကိုဖုံးလွှမ်းလေ၏။ သတ္တမနေ့၌ ထာဝရဘုရားသည် မောရှေအား တိမ်တိုက်ထဲမှ ခေါ်တော်မူ၏။
ထာဝရဘုရားသည်လည်း သင်တို့အား မီးထဲမှ မိန့်မြွက်တော်မူ၏။ သင်တို့သည် စကားသံကိုကြားရသော်လည်း ပုံသဏ္ဌာန်တော်ကိုမမြင်ရ။ အသံတော်ကိုသာကြားရ၏။
ဟောရပ်တောင်၌ သင်တို့အား ထာဝရဘုရား မီးထဲမှ မိန့်တော်မူသောနေ့တွင် သင်တို့သည် ကိုယ်တော်ကို မည်သည့်ပုံသဏ္ဌာန်နှင့်မျှမမြင်ရ။ သို့ဖြစ်၍ သင်တို့ကိုယ်သင်တို့ အထူးသတိပြုကြလော့။
မီးထဲမှမိန့်တော်မူသော ဘုရားသခင်၏အသံတော်ကို သင်တို့ကြားရသကဲ့သို့ ကြား၍ အသက်ချမ်းသာရာရသောလူမျိုးရှိဖူးသလော။
ဖခင်သည် သားကိုဆုံးမသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူကြောင်း သင်၏စိတ်နှလုံးထဲ၌ သိမှတ်ရမည်။
သင်တို့သည် တို့ထိစမ်းသပ်နိုင်သောတောင်တည်းဟူသော မီးတောက်လောင်ခြင်း၊ မှုန်မှိုင်းခြင်း၊ မှောင်မည်းခြင်း၊ မိုးသက်မုန်တိုင်း၊
သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။