တောကန္တာရ၌ သူတို့၏သားသမီးတို့အား ‘သင်တို့ဘိုးဘေးတို့၏ကျင့်ထုံးတို့ကို မလိုက်နာကြနှင့်။ သူတို့၏ဓလေ့ထုံးတမ်းတို့ကို မစောင့်ထိန်းကြနှင့်။ သူတို့ကိုးကွယ်သောရုပ်တုများဖြင့်လည်း ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေကြနှင့်။
တရားဟော 4:3 - မြန်မာ့စံမီသမ္မာကျမ်း ဗာလပေဂုရဘုရားကြောင့် ထာဝရဘုရားပြုတော်မူသောအမှုကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဗာလပေဂုရဘုရားအား ဆည်းကပ်သောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူခဲ့၏။ Common Language Bible ပေဂုရတောင်တွင်ထာဝရဘုရားပြုတော် မူသောအမှုကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရ ကြပြီ။ ထိုအရပ်တွင်ထာဝရဘုရားသည် ဗာလဘုရားကိုဝတ်ပြုသူမှန်သမျှ အားသေကြေပျက်စီးစေ၍၊- Garrad Bible ဗာ လ ပေ ဂု ရ နတ် ကြောင့် ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သည့် အ မှု ကို ဒိ ဋ္ဌ မြင် ရ ကြ ပြီ။ ထို နတ် နောက် လိုက် သွား သူ အ ပေါင်း တို့ ကို လူ မျိုး တော် ဘောင် မှ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပယ် ရှား တော် မူ ခဲ့ ပြီ။ Judson Bible ထာဝရဘုရားသည် ဗာလပေဂုရကြောင့် ပြုတော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သောသူအပေါင်းတို့ကို သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ။ |
တောကန္တာရ၌ သူတို့၏သားသမီးတို့အား ‘သင်တို့ဘိုးဘေးတို့၏ကျင့်ထုံးတို့ကို မလိုက်နာကြနှင့်။ သူတို့၏ဓလေ့ထုံးတမ်းတို့ကို မစောင့်ထိန်းကြနှင့်။ သူတို့ကိုးကွယ်သောရုပ်တုများဖြင့်လည်း ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေကြနှင့်။
“တောကန္တာရရှိ စပျစ်သီးကဲ့သို့ အစ္စရေးကို ငါတွေ့ခဲ့၏။ အဦးဆုံးသီး၍ အဦးဆုံးမှည့်သောသဖန်းသီးကဲ့သို့ သင်တို့၏ဘိုးဘေးတို့ကိုလည်း ငါမြင်ခဲ့၏။ သို့သော် သူတို့သည် ဗာလပေဂုရဘုရားထံသို့သွားပြီး မိမိတို့ကိုယ်ကို ရှက်ဖွယ်သောအရာလက်သို့ အပ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ချစ်သောအရာကဲ့သို့ ရွံရှာဖွယ်ရာဖြစ်လေ၏။
ဤသူတို့ထဲတွင် သိနာတောကန္တာရ၌ မောရှေနှင့်ယဇ်ပုရောဟိတ်အာရုန်တို့ ရေတွက်ခဲ့သည့်အစ္စရေးအမျိုးသားတို့၏အရေအတွက်တစ်ယောက်မျှ မပါဝင်ချေ။
ဤမိန်းမတို့သည် ဗာလမ်၏အကြံပြုချက်အရ အစ္စရေးအမျိုးသားတို့ကို ပေဂုရဘုရားအမှုအားဖြင့် ထာဝရဘုရားအပေါ် သစ္စာမဲ့သောသူဖြစ်စေ၍ ထာဝရဘုရား၏လူထုအပေါ်သို့ ဘေးဒဏ်ကျရောက်စေ၏။
အကြောင်းမူကား ထာဝရဘုရားပြုတော်မူခဲ့သည့် ကြီးမားသောအမှုရှိသမျှတို့ကို သင်တို့ကိုယ်တိုင် တွေ့မြင်ခဲ့ကြ၏။
သို့သော် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်သောသူအားလုံး ယနေ့အထိ အသက်ရှင်ရကြ၏။
ပေဂုရတောင်၌ ငါတို့ပြုခဲ့မိသောအပြစ်သည် မလုံလောက်သေးသလော။ ယခုအချိန်ထိ ထိုအပြစ်နှင့် ငါတို့မကင်းရှင်းသေး။ ထိုအပြစ်များကြောင့်လည်း ထာဝရဘုရား၏လူများအပေါ်သို့ ဘေးဒဏ်ကျရောက်ခဲ့ပြီ။