ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။
တရားဟော 4:27 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ ထိုသို့ သင်တို့ကို ထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်၊ လူမျိုးခြားတို့ကြား၌ သင်တို့သည် လူဦးရေအနည်းငယ်သာကျန်လိမ့်မည်။ Common Language Bible ထာဝရဘုရားသည် သင်တို့ကိုနိုင်ငံအနှံ့ အပြားတွင်ကွဲလွင့်နေထိုင်စေတော်မူလိမ့် မည်။ ထိုနိုင်ငံတွင် သင်တို့၏လူဦးရေအနည်း ငယ်မျှသာကျန်ကြွင်းလိမ့်မည်။- Garrad Bible လူ အ မျိုး မျိုး တို့ တွင် သင် တို့ ကို ထာ ဝ ရ ဘု ရား ကွဲ လွင့် စေ တော် မူ ပြီး လျှင်၊ သိမ်း သွား တော် မူ ရာ ထို လူ မျိုး ခြား တို့ အ တွင်း၊ ဦး ရေ အ နည်း ငယ် ကျန် ကြွင်း သော သင် တို့ သည်၊ Judson Bible ထာဝရဘုရားသည်လည်း၊ သင်တို့ကိုတစ်ပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော်မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်းကျန်ကြွင်းရကြလိမ့်မည်။ |
ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။
သူတို့က “သုံ့ပန်းဘဝမှလွတ်မြောက်ကြွင်းကျန်သူတို့သည် နေရင်းပြည်တွင် ဆင်းရဲဒုက္ခကြီးစွာရောက်ပြီး ကဲ့ရဲ့ရှုတ်ချခြင်းကို ခံနေရပါ၏။ ဂျေရုဆလင်မြို့ရိုးလည်း ဖြိုဖျက်ခြင်းခံရပါပြီ၊ မြို့တံခါးများလည်း မီးလောင်ကျွမ်းသွားပါပြီ”ဟု ပြောပြကြ၏။
သူတို့၏သားစဉ်မြေးဆက်တို့ကို အပြည်ပြည်အရပ်ရပ်သို့ကွဲလွင့်စေလျက် လူမျိုးခြားတို့အလယ်တွင် ကျဆုံးစေမည်ဟူ၍လည်းကောင်း လက်တော်ကိုမြှောက်၍ကျိန်ဆိုတော်မူ၏။
ကိုယ်တော်သည် သတ်စားစရာသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုအပ်လိုက်၍ လူမျိုးခြားတို့အလယ်တွင် အကျွန်ုပ်တို့ကိုကွဲလွင့်စေတော်မူ၏။
ကိုယ်တော်သည် မိမိလူမျိုးတော်ကို အဖိုးအနည်းငယ်ဖြင့်ရောင်းချပြီး သူတို့ကိုရောင်းချခြင်းမှ မည်သည့်အကျိုးအမြတ်မျှရရှိတော်မမူခဲ့ပါ။
သံလွင်သီးကိုရိုက်ခြွေသောအခါ အပင်ထိပ်ဖျား၌ သံလွင်သီးနှစ်လုံးသုံးလုံး၊ အသီးများသော အခက်အလက်တို့၌ လေးငါးလုံး ကောက်သင်းကောက်ရန်ကြွင်းကျန်သကဲ့သို့ ကြွင်းကျန်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဤပြည်မှ သင်တို့နှင့်သင်တို့ဘိုးဘေးတို့မသိသောပြည်သို့ သင်တို့ကို ငါနှင်ထုတ်မည်။ ထိုပြည်၌ အခြားဘုရားများကို နေ့နေ့ညညအစေခံရမည်။ ငါသည် သင်တို့ကို မျက်နှာသာပေးမည်မဟုတ်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုရမည်။
ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက ငါသည် သူတို့ကို လူမျိုးခြားတို့နေရာ ရပ်ဝေးသို့ပို့၍ အရပ်ရပ်သို့ကွဲလွင့်စေသော်လည်း သူတို့ရောက်ရှိရာအရပ်ရပ်တွင် ငါသည် သူတို့အဖို့ ယာယီသန့်ရှင်းရာဌာနဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ထို့ပြင် ငါသည် သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေမည်ဟု တောကန္တာရ၌ သူတို့အား ကျိန်ဆိုခဲ့၏။
သင့်ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အရပ်ရပ်သို့ ပျံ့နှံ့စေမည်။ သင်၏အညစ်အကြေးကို သင့်ထံမှ အကုန်အစင်ဖယ်ရှားပစ်မည်။
ထိုအရပ်တွင် မေရှက်အမျိုးသား၊ တုဗလအမျိုးသားနှင့် သူတို့၏ပြည်သူပြည်သားအားလုံးတို့လည်း ရှိကြ၏။ သူတို့ပတ်ပတ်လည်တွင် သင်္ချိုင်းဂူများ ဝိုင်းရံလျက်ရှိ၏။ သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူများဖြစ်ကြ၏။ သူတို့သည် မြေကြီးသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့သူများ ဖြစ်ကြ၏။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်အား သစ္စာမဲ့မှုကြောင့် ရပ်နီးရပ်ဝေးရှိ အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်သွားသော ယုဒလူမျိုးများ၊ ဂျေရုဆလင်မြို့သူမြို့သားများမှစ၍ အစ္စရေးအမျိုးသားများဖြစ်သည့် အကျွန်ုပ်တို့မူကား ယနေ့တိုင် အရှက်ကွဲ၍မျက်နှာပျက်ကြရပါပြီ။
သူတို့သည် ဘုရားသခင်၏စကားတော်ကို မနာခံသောကြောင့် ကိုယ်တော်သည် သူတို့ကို စွန့်ပစ်တော်မူမည်။ သူတို့သည် လူမျိုးခြားတို့တွင် လှည့်လည်သွားလာရလိမ့်မည်။
ငါသည် သင်တို့ကို လူမျိုးခြားတို့ထဲတွင် ကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သင်တို့နောက်ကိုလိုက်မည်။ သင်တို့၏ပြည်သည် လူသူကင်းမဲ့၍ သင်တို့၏မြို့တို့သည် ပြိုပျက်လိမ့်မည်။
ထို့ပြင် သူတို့မသိသောလူမျိုးခြားတို့နေရာအရပ်ရပ်သို့ သူတို့အားလေပွေနှင့်အတူ ငါလွင့်သွားစေ၏။ သူတို့ပြည်သည် လူသူကင်းမဲ့ရာအဖြစ် ကျန်ရစ်လေပြီ။ ဖြတ်သန်းသွားလာသောသူလည်း မရှိ။ သာယာသောပြည်သည် လူသူကင်းမဲ့လေပြီ”ဟု မိန့်ဆို၏။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
ထာဝရဘုရားသည် သူတို့ကို အမျက်ဒေါသပြင်းထန်စွာဖြင့် သူတို့၏ပြည်ထဲမှ နုတ်၍ ယနေ့မြင်ရသည့်အတိုင်း သူတို့ကို အခြားသောပြည်သို့ လွှင့်ပစ်လိုက်၏’ဟု ဆိုကြလိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသင့်ကို ပြန်လာစေ၍ သင့်ကို သနားစုံမက်တော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကို ကွဲလွင့်စေတော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့ထံမှ ပြန်၍စုစည်းစေတော်မူမည်။
“ငါသည် သူတို့ကိုကွဲလွင့်စေမည်။ သူတို့၏အမှတ်ရစရာကို လူတို့ကြားမှ ကွယ်ပျောက်စေမည်”ဟု ငါမိန့်ဆို၏။