ကျွန်မနှစ်ယောက်နှင့်သူတို့၏ကလေးများကို ရှေ့ဆုံး၌လည်းကောင်း၊ လေအာနှင့်သူ၏ကလေးများကို အလယ်၌လည်းကောင်း၊ ရာခေလနှင့်ယောသပ်ကို နောက်ဆုံး၌လည်းကောင်း ထားလေ၏။
တရားဟော 34:2 - မြန်မာ့စံမီသမ္မာကျမ်း နဿလိပြည်တစ်လျှောက်လုံး၊ ဧဖရိမ်နှင့်မနာရှေပြည်၊ ယုဒပြည်တစ်လျှောက်လုံးမှစ၍ အနောက်ဘက် ပင်လယ်တိုင်အောင်လည်းကောင်း၊ Common Language Bible နဿလိပြည်နယ်တစ်လျှောက်လုံး၊ ဧဖရိမ်နှင့် မနာရှေပြည်နယ်များ၊ အနောက်ဘက်မြေထဲ ပင်လယ်အထိ ကျယ်ပြန့်သောယုဒပြည်နယ်၊- Garrad Bible နောက် မျက် နှာ သ မု ဒ္ဒ ရာ အ ထိ၊ နဿ လိ၊ ဧ ဖ ရိမ်၊ မ နာ ရှေ၊ Judson Bible နဿလိပြည်တစ်လျှောက်လုံး၊ ဧဖရိမ်ပြည်၊ မနာရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တစ်လျှောက်လုံး၊ |
ကျွန်မနှစ်ယောက်နှင့်သူတို့၏ကလေးများကို ရှေ့ဆုံး၌လည်းကောင်း၊ လေအာနှင့်သူ၏ကလေးများကို အလယ်၌လည်းကောင်း၊ ရာခေလနှင့်ယောသပ်ကို နောက်ဆုံး၌လည်းကောင်း ထားလေ၏။
သင်၏နယ်နိမိတ်ကို ပင်လယ်နီမှ ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောကန္တာရမှ ယူဖရေးတီးမြစ်တိုင်အောင်လည်းကောင်း ငါသတ်မှတ်မည်။ အကြောင်းမူကား ငါသည် ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်သည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်လိမ့်မည်။
အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်နှင့်ကမ်းရိုးတန်းတို့ဖြစ်ရမည်။ ဤသည်ကား သင်တို့အဖို့ အနောက်ဘက်နယ်နိမိတ်ဖြစ်မည်။
သင်တို့ခြေချရာမြေဟူသမျှကို သင်တို့ပိုင်ဆိုင်ရလိမ့်မည်။ သင်တို့၏နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်မှ အနောက်ဘက်ပင်လယ်တိုင်အောင် ဖြစ်လိမ့်မည်။
အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောနယ်မြေအပိုင်းအခြားဖြစ်၏။