အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 33:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လေဝိ​အမျိုး​ကို​ကား​၊ ကိုယ်တော်​၏​သုမိမ်​နှင့်​ဥရိမ်​သည် မဿာ​အရပ်​၌ ကိုယ်တော်​စမ်းသပ်​သော​၊ မေရိဘ​စမ်းရေ​နား​၌ ကိုယ်တော်​ရန်တွေ့​သော ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​နှင့်အတူ​ရှိ​ပါစေသော​။

အခန်းကိုကြည့်ပါ။

Common Language Bible

လေ​ဝိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ​သည်။ ``အို ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​၏​အ​လို​တော်​ကို ကိုယ်​တော်​အား​သစ္စာ​စောင့်​သော​အ​စေ​ခံ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှ​တစ်​ဆင့် သု​မိမ်​နှင့်​ဥ​ရိမ် အား​ဖြင့်​ဖော်​ပြ​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မ​ဿာ​အ​ရပ်​တွင်​သူ​တို့​၌ သစ္စာ​ရှိ​သည်​မ​ရှိ​သည်​ကို​စစ်​ဆေး​၍ မေ​ရိ​ဘ​စမ်း​၌​သူ​တို့​သစ္စာ​ရှိ​သည်​ကို သိ​မြင်​တော်​မူ​ပါ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

လေ ဝိ အ နွယ် ကို ရည်၍ ဖွဲ့ ဆို သည် မှာ ကိုယ် တော်၏ သု မိမ် နှင့် ဥရိမ် သည် မဿာ အ ရပ်၌ စုံ စမ်း တော် မူ ခြင်း၊ မေ ရိ ဘ ရေ အ နီး ရန် ပြု တော် မူ ခြင်း ကို ခံ ရ သူ၊ ဘု ရား တ ရား ကြည် ညို သူ၏ အ ပိုင် ဖြစ် ပါ စေ သော။

အခန်းကိုကြည့်ပါ။

Judson Bible

လေ​ဝိ​အ​မျိုး​ကို​ကား၊ သင်၏​သု​မိမ်​နှင့်​ဥ​ရိမ်​သည် မဿာ​အ​ရပ်၌ သင်​စုံ​စမ်း၍၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား​မှာ သင်​ဆန့်​ကျင်​ဘက်​ပြု​သော သင်၏ သန့်​ရှင်း​သူ၌ ရှိ​ပါ​စေ​သော၊

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 33:8
25 ပူးပေါင်းရင်းမြစ်များ  

ယဇ်ပုရောဟိတ်​များ​နှင့် အိမ်​တော်​အမှုထမ်း​များ​ဖြစ်​သော​လေဝိ​အမျိုး​တို့​မှတစ်ပါး မည်သူ့​ကို​မျှ ထာဝရဘုရား​၏​အိမ်​တော်​ထဲသို့ မ​ဝင်​စေ​နှင့်​။ သူ​တို့​သည် သန့်ရှင်း​သူ​များ​ဖြစ်​သောကြောင့် ဝင်ခွင့်​ရှိ​၏​။ လူ​အားလုံး ထာဝရဘုရား​၏​ညွှန်ကြားချက်​ကို လိုက်နာ​ရ​မည်​။


ထို့ကြောင့် ဘုရင်ခံ​က သူ​တို့​အား ဥရိမ်​၊ သုမိမ် ဆောင်​သော​ယဇ်ပုရောဟိတ် မ​ပေါ်ထွန်း​မီ အသန့်ရှင်းဆုံး​အစာ​ကို မ​စား​ရ​ဟု မှာထား​ရ​၏​။


ထို့နောက် သူ​တို့​အား “​သင်​တို့​သည် ထာဝရဘုရား​အဖို့ သန့်ရှင်း​၏​။ အသုံးအဆောင်​များ​လည်း သန့်ရှင်း​၏​။ ရွှေ​ငွေ​တို့​သည်​လည်း သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား စေတနာ​အလျောက်​ပေးလှူ​သော​ပူဇော်သက္ကာ ဖြစ်​၏​။


ထို့ကြောင့် ဘုရင်ခံ​က သူ​တို့​အား ဥရိမ်​၊ သုမိမ် ဆောင်​သော​ယဇ်ပုရောဟိတ် မ​ပေါ်ထွန်း​မီ အသန့်ရှင်းဆုံး​အစာ​ကို မ​စား​ရ​ဟု မှာထား​ရ​၏​။


သူ​တို့​သည် စခန်း​ထဲတွင် မောရှေ​နှင့် ထာဝရဘုရား​၏​သန့်ရှင်း​သော​သူ​ဖြစ်​သည့်​အာရုန်​ကို ငြူစူ​ကြ​သောအခါ


အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​အား ပုပ်ပျက်​ခြင်း​နှင့်​ကြုံတွေ့​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။


သင်​သည် ဆင်းရဲဒုက္ခ​ထဲမှ​ခေါ်​သောအခါ သင့်​ကို​ငါ​ကယ်မ​ခဲ့​၏​။ မမြင်​နိုင်​သော​မိုးချုန်းသံ​ကြားမှ သင့်​ကို​ငါ​ထူး​ခဲ့​၏​။ မေရိဘ​စမ်းရေ​အနား​တွင် သင့်​ကို ငါ​စစ်ဆေး​ခဲ့​၏​။(​စေလာ)


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ရန်တွေ့​ကြ​သောကြောင့်​လည်းကောင်း​၊ “​ထာဝရဘုရား​သည် ငါ​တို့​၌​ရှိ​သလော​၊ မ​ရှိ​သလော​”​ဟု ဆို​လျက် ထာဝရဘုရား​အား အကဲစမ်း​ကြ​သောကြောင့်​လည်းကောင်း ထို​အရပ်​၏​အမည်​ကို မဿာ ဟူ၍​လည်းကောင်း​၊ မေရိဘ ဟူ၍​လည်းကောင်း ခေါ်​လေ​၏​။


တရားစီရင်​ခြင်း​ဆိုင်ရာ​ရင်ခံပြား​ထဲ၌ ဥရိမ်​၊ သုမိမ်​ကို​ထည့်​ထား​ရ​မည်​။ အာရုန်​သည် ထာဝရဘုရား​ရှေ့​တော်​သို့​ဝင်​သောအခါ ဥရိမ်​၊ သုမိမ်​သည် သူ​၏​နှလုံး​ပေါ်တွင်​ရှိ​နေ​ရ​မည်​။ ဤသို့ဖြင့် ထာဝရဘုရား​ရှေ့​တော်​၌ အာရုန်​သည် အစ္စရေး​အမျိုးသား​တို့​နှင့်ဆိုင်သော​တရားစီရင်ချက်​ကို မိမိ​၏​နှလုံး​ပေါ်တွင် အစဉ်​ဆောင်​ထား​ရ​မည်​။


သင်​သည် ရွှေ​စင်​ပြား​ကို​လုပ်​၍ ကမ္ပည်း​တံဆိပ်​အဖြစ် ထို​ရွှေစင်ပြား​ပေါ်၌ ‘ထာဝရဘုရား​၌​သန့်ရှင်း​ခြင်း’​ဟု ကမ္ပည်းထိုး​ရ​မည်​။


သူ​တို့​သည် သူ​တို့​၏​ဘုရားသခင်​အဖို့ သန့်ရှင်း​သော​သူ​ဖြစ်​သောကြောင့် ပြည့်တန်ဆာ​လုပ်​၍ အသရေမရှိ​သော​မိန်းမ​ကို မ​ယူ​ရ​။ လင်ယောက်ျား​နှင့်​ကွာရှင်း​ထား​သော​မိန်းမ​ကို မ​ယူ​ရ​။


ရင်ခံပြား​ကို​ဝတ်ဆင်​ပေး​၍ ရင်ခံပြား​ထဲ၌ ဥရိမ်​နှင့်​သုမိမ်​ကို​ထည့်​ထား​ပေး​၏​။


သူ့​နှုတ်​၌ မှန်ကန်​သော​သွန်သင်ချက် ရှိ​၏​။ သူ့​နှုတ်ခမ်း​၌ မတရားမှု မ​ရှိ​။ သူ​သည် ငါ​နှင့်အတူ သင့်မြတ်​တည်ကြည်​စွာ သွားလာ​နေထိုင်​ပြီး လူ​အများ​ကို ဒုစရိုက်​လမ်း​မှ ပြန်လှည့်​လာ​စေ​၏​။


ထို့နောက် မောရှေ​က ကောရ​နှင့်​သူ​၏​အပေါင်းပါ​အားလုံး​တို့​အား “​မည်သူ​သည် ထာဝရဘုရား​၏​လူ​ဖြစ်​သည်​ကို​လည်းကောင်း​၊ မည်သူ​သည် သန့်ရှင်း​သော​သူ​ဖြစ်​သည်​ကို​လည်းကောင်း​၊ မည်သူ​သည် ကိုယ်တော်​ထံသို့​ချဉ်းကပ်​ခွင့်​ရ​မည်​ကို​လည်းကောင်း မနက်ဖြန်​နံနက် ထာဝရဘုရား​ဖော်ပြ​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် မိမိ​ရွေးချယ်​တော်မူ​သော​သူ​ကို မိမိ​ထံသို့ ချဉ်းကပ်​ခွင့်​ပေး​တော်မူ​လိမ့်မည်​။


ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ရန်တွေ့​သော​နေရာ​ကို မေရိဘ​စမ်းရေ​ဟု​ခေါ်​၏​။ ထာဝရဘုရား​သည် မိမိ​သန့်ရှင်း​ခြင်း​ကို သူ​တို့​အား ထို​နေရာ​တွင် ပြ​တော်မူ​၏​။


“​အာရုန်​သည် မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ သွား​ရ​တော့​မည်​။ အကြောင်းမူကား သင်​တို့​သည် မေရိဘ​စမ်းရေ​နား​တွင် ငါ့​အမိန့်​ကို​ဖီဆန်​ကြ​သောကြောင့် အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​သို့ အာရုန်​သည်​မ​ဝင်​ရ​။


သူ​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​ရှေ့​၌ ရပ်​၍ ထာဝရဘုရား​ရှေ့​တော်​တွင် ယဇ်ပုရောဟိတ်​က ဥရိမ်​၏​ဆုံးဖြတ်ချက်​ကို မေးမြန်း​ပေး​ရ​မည်​။ သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​လူထု​အပေါင်း​ဖြစ်​သည့်​အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် သူ​၏​စီရင်ဆုံးဖြတ်ချက်​အတိုင်း သွား​လာ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​ပေး​သော​မြို့​များ​သည် အစ္စရေး​အမျိုးသား​တို့​ပိုင်ဆိုင်​ရာ​မြေ​ထဲမှ ဖြစ်​ရ​မည်​။ ပိုင်ဆိုင်​ရာ​မြေ​များ​လျှင် များ​သည့်​အလျောက်​၊ နည်း​လျှင် နည်း​သည့်​အလျောက် အသီးသီး​ရရှိ​သော​အမွေ​ပမာဏ​နှင့်အညီ လေဝိ​အမျိုး​တို့​အား မြို့​များ​ကို ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​သည် မဿာ​အရပ်​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အကဲစမ်း​သကဲ့သို့ အကဲ​မ​စမ်း​ရ​။


သင့်​ဘိုးဘေး​တို့​မ​သိ​သော​မန္နမုန့်​ဖြင့် တောကန္တာရ​၌ သင့်​ကို​ကျွေးမွေး​တော်မူ​သော​အရှင်​၊ နောက်ဆုံး​၌ သင့်​ကို​ကောင်းစား​စေ​မည့်​အကြောင်း သင့်​ကို​နှိမ့်ချ​ခြင်း​ဖြင့် စမ်းသပ်​တော်မူ​ခဲ့​သော​အရှင်​ဖြစ်​တော်မူ​သည့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​မေ့လျော့​လိမ့်မည်​။


သင်​တို့​သည် တဗေရ​အရပ်​၊ မဿာ​အရပ်​၊ ကိဗြုတ်ဟတ္တဝါ​အရပ် တို့​၌​လည်း ထာဝရဘုရား​ကို အမျက်​တော်​ထွက်​စေ​ခဲ့​ကြ​၏​။


ထိုသို့​သန့်ရှင်း​၍ အပြစ်​နှင့်​ညစ်ညူး​ခြင်း​တို့​ကင်းစင်​လျက် အပြစ်သား​တို့​နှင့်​ခွဲခြား​ထား​ခြင်း​ခံရ​ကာ ကောင်းကင်​တို့​ထက် မြင့်မား​စွာ​ချီးမြှောက်​ခြင်း​ခံရ​သော ယဇ်ပုရောဟိတ်​မင်း​သည် ငါ​တို့​အတွက်​သင့်လျော်​ပေ​၏။


ဖိလဒေလဖိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ သန့်ရှင်း​သော​သူ၊ ဖြောင့်မှန်​သော​သူ၊ ဒါဝိဒ်​၏​သော့​ကို​ကိုင်​ထား​သော​သူ၊ မည်သူမျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​သော​သူ၊ မည်သူမျှ​မ​ဖွင့်​နိုင်​အောင်​ပိတ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


ထာဝရဘုရား​ထံ မေးလျှောက်​လေ​၏​။ သို့သော် ထာဝရဘုရား​သည် သူ့​အား အိပ်မက်​အားဖြင့်​ဖြစ်စေ​၊ ဥရိမ်​အားဖြင့်​ဖြစ်စေ​၊ ပရောဖက်​အားဖြင့်​ဖြစ်စေ ဖြေကြား​တော်​မ​မူ​။