အာရှာ၏အစားအစာသည် အဆီအဆိမ့်နှင့်ပြည့်ဝ၍ ရှင်ဘုရင်အတွက်စားကောင်းသောက်ဖွယ်တို့ကို ထုတ်လုပ်ပေးလိမ့်မည်။
တရားဟော 33:24 - မြန်မာ့စံမီသမ္မာကျမ်း အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သားသမီးများစွာထွန်းကားသောကောင်းချီးကိုခံစားရ၏။ သူ၏ညီအစ်ကိုတို့သည် သူ့ကို ချစ်မြတ်နိုးပါစေ။ သူသည် ခြေကိုဆီ၌နှစ်ရပါစေ။ Common Language Bible အာရှာအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆို လေသည်။ ``အာရှာအနွယ်သည်အခြားအနွယ်တို့ထက် ပို၍ကောင်းချီးမင်္ဂလာခံစားရ၏။ သူသည်ညီအစ်ကိုချင်းတို့တွင်မျက်နှာ ပွင့်လန်းဆုံးဖြစ်ပါစေ။ သူ၏နယ်မြေတွင်ဆီထွက်သောသံလွင်ပင် မြောက်မြားစွာဖြစ်ထွန်းပါစေ။ Garrad Bible အာ ရှာ့ အ နွယ် ကို ရည်၍ ဖွဲ့ ဆို သည် မှာ အာ ရှာ သည် သား အ ပေါင်း တို့ အ နက် မင်္ဂ လာ တော် ကို ခံ၍ ညီ အစ် ကို ချင်း တို့ ရှေ့ မျက် နှာ ရ လျက်၊ ဆီ တွင် ခြေ နှစ် ခွင့် ရ ပါ စေ သော။ Judson Bible အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သားသမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏ စိတ်နှင့်တွေ့ခြင်း၊ မိမိခြေကိုဆီ၌နှစ်ခြင်း ရှိပါစေသော။ |
အာရှာ၏အစားအစာသည် အဆီအဆိမ့်နှင့်ပြည့်ဝ၍ ရှင်ဘုရင်အတွက်စားကောင်းသောက်ဖွယ်တို့ကို ထုတ်လုပ်ပေးလိမ့်မည်။
ငါလျှောက်သောလမ်းတွင် နို့ရည်စီး၏။ ငါ့အဖို့ ကျောက်ဆောင်မှလည်း ဆီများ ချောင်းသဖွယ်စီးဆင်း၏။
သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှ ကောင်းချီးမင်္ဂလာခံစားရပါစေသော။
သင့်အိမ်တွင် သင်၏မယားသည် အသီးများစွာသီးသောစပျစ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည်လည်း သံလွင်ပျိုးပင်များကဲ့သို့ သင့်စားပွဲပတ်လည်၌ရှိနေလိမ့်မည်။
သင့်သားသမီးတို့၏သားသမီးများကိုလည်း တွေ့မြင်ရပါစေသော။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။
နံနက်တိုင်အောင် မကြွင်းကျန်စေရ။ နံနက်တိုင်အောင်ကြွင်းကျန်လျှင် မီးရှို့ပစ်ရမည်။
သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။
ထို့ကြောင့် ဤနည်းဖြင့် ခရစ်တော်ကိုအစေခံသောသူသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပြီး လူတို့ရှေ့၌ ယုံကြည်စိတ်ချရသူဖြစ်၏။
ငါသည် ယုဒပြည်ရှိ မယုံကြည်သူတို့၏လက်မှ ကယ်နုတ်ခြင်းခံရပြီး ဂျေရုဆလင်မြို့အတွက် ငါဆောင်ရွက်သောအမှုသည် သန့်ရှင်းသူများရှေ့တွင် နှစ်သက်လက်ခံဖွယ်ဖြစ်သဖြင့်
ဤသည်ကား အာရှာအမျိုးအနွယ်တို့ မျိုးနွယ်စုအလိုက် ရရှိသောမြို့ရွာအမွေမြေများ ဖြစ်၏။