ဇာဗုလုန်သည် ပင်လယ်ကမ်းခြေ၌နေထိုင်၍ သူသည် သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဆီဒုန်မြို့တိုင်အောင်ရောက်လိမ့်မည်။
တရားဟော 33:19 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ပင်လယ်၏ကြွယ်ဝခြင်းကိုလည်းကောင်း၊ သဲထဲ၌မြုပ်နေသည့်ရတနာကိုလည်းကောင်း စုပ်ယူရရှိသည်ဖြစ်၍ လူမျိုးတကာတို့ကို တောင်ပေါ်သို့ခေါ်သွားပြီး ထိုအရပ်၌ ဖြောင့်မတ်ခြင်းယဇ်ကို ပူဇော်ကြလိမ့်မည်။ Common Language Bible သူတို့သည်လူမျိုးခြားတို့ကိုတောင်ပေါ်သို့ ဖိတ်ခေါ်လျက် ပူဇော်ထိုက်သောယဇ်များကိုပူဇော်ကြ၏။ သူတို့သည်ပင်လယ်မှလည်းကောင်း ကမ်းခြေတစ်လျှောက်ရှိသဲမှလည်းကောင်း ဥစ္စာဘဏ္ဍာများရရှိကြသည်။'' Garrad Bible ထို အ နွယ် များ သည် သ မု ဒ္ဒ ရာ စည်း စိမ် နှင့် သဲ သောင် သိုက် ဘ ဏ္ဍာ ကို ညှစ် ယူ သည့် လျောက် လူ မျိုး များ ကို တောင် ပေါ် သို့ ခေါ် ပင့်၍ ဖြောင့် မတ် ခြင်း ပူ ဇော် ရာ သ က္ကာ များ ကို ဆက် ကပ် လေ့ ရှိ ကြ သည် ဟူ၍ တည်း။ Judson Bible ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့်မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကိုနို့စို့ကြလိမ့်မည်။ |
ဇာဗုလုန်သည် ပင်လယ်ကမ်းခြေ၌နေထိုင်၍ သူသည် သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဆီဒုန်မြို့တိုင်အောင်ရောက်လိမ့်မည်။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကိုလည်းပူဇော်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ပြောကြားကြပါစေ။
“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
များစွာသောသူတို့က “ကောင်းမြတ်သောအရာကို ငါတို့အားမည်သူပြနိုင်မည်နည်း”ဟု ပြောဆိုကြပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ် ထွန်းလင်းစေတော်မူပါ။
ထိုအခါ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းယဇ်များတည်းဟူသော မီးရှို့ရာယဇ်နှင့် တစ်ကောင်လုံးရှို့ရသောယဇ်ကို နှစ်သက်တော်မူလိမ့်မည်။ ထိုအခါ လူတို့သည် နွားထီးတို့ကို ကိုယ်တော်၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ကြပါလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်တော်မူရန် ဖန်ဆင်းတော်မူသည့်အရပ်၊ အို အကျွန်ုပ်၏ဘုရားရှင်၊ ကိုယ်တော်၏လက်တော်ဖြင့်တည်တော်မူသည့် သန့်ရှင်းရာဌာနတည်းဟူသော ကိုယ်တော်၏အမွေတော်တောင်သို့ ကိုယ်တော်၏လူမျိုးတော်ကို ယူဆောင်လာ၍ နေရာချတော်မူလိမ့်မည်။
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
သင်သည် လူမျိုးတကာတို့၏နို့ကိုစို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏သားမြတ်ကို စို့ရလိမ့်မည်။ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
သင်သည် မြင်၍ ဝမ်းသာပီတိဖြစ်မည်။ ဝမ်းမြောက်ဝမ်းသာဖြစ်၍ စိတ်လှုပ်ရှားမည်။ အကြောင်းမူကား ပင်လယ်၏စည်းစိမ်ဘဏ္ဍာသည် သင့်ထံသို့လှည့်လာ၍ လူမျိုးတကာတို့၏ဥစ္စာပစ္စည်းသည် သင့်ထံသို့ရောက်လာမည်။
လူမျိုးများစွာတို့သည် လာ၍ “လာကြလော့။ ယာကုပ်၏ဘုရားသခင်အိမ်တော်ရှိရာ ထာဝရဘုရား၏တောင်တော်သို့တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်ကြမည်”ဟု ဆိုကြလိမ့်မည်။ အကြောင်းမူကား တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှလည်းကောင်း ထွက်ပေါ်လာလိမ့်မည်။
ကိုယ်တော်သည် သူ့ကို မြေကြီးပေါ်ရှိ မြင့်ရာအရပ်တို့၌နေရာချထား၍ သူသည် လယ်ယာသီးနှံကိုစားရ၏။ ကိုယ်တော်သည် သူ့ကို ကျောက်တောင်ထဲမှပျားရည်ဖြင့်လည်းကောင်း၊ မီးခတ်ကျောက်ဆောင်ထဲမှဆီဖြင့်လည်းကောင်း၊
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။