အို အရှင်မင်းကြီး၊ အရောန၌ရှိသမျှကို အရှင်မင်းကြီးအား ပေးပါ၏”ဟု လျှောက်တင်၏။ ထို့ပြင် အရောနသည် ရှင်ဘုရင်အား “အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် အရှင့်ကို လက်ခံတော်မူပါစေသော”ဟု လျှောက်ဆို၏။
တရားဟော 33:11 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ သူ၏ဥစ္စာပစ္စည်းကိုကောင်းချီးပေးတော်မူ၍ သူလုပ်ဆောင်သောအမှုကိုလက်ခံတော်မူပါ။ သူ့ကိုဆန့်ကျင်သောသူ၊ သူ့ကိုမုန်းသောသူတို့ ပြန်၍မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။ Common Language Bible အို ထာဝရဘုရားသူတို့၏အနွယ်ကို ကြီးပွားစေတော်မူပါ။ သူတို့ဆောင်ရွက်သမျှကိုလက်ခံတော် မူပါ။ သူတို့၏ရန်သူရှိသမျှကိုနာလန်မထူ နိုင်အောင် ချေမှုန်းတော်မူပါ။'' Garrad Bible အို ထာ ဝ ရ ဘု ရား၊ ထို အ နွယ်၏ စွမ်း ရည် သ တ္တိ ကို တိုး တက် စေ လျက်၊ အ ပြု အ မူ ကို လည်း ငဲ့ ကွက် တော် မူ ပါ။ မုန်း ထား၍ ရန် ဘက် ပြု သူ တို့၏ ခါး ကို ထ ခွင့် မရ စေ ခြင်း ငှါ၊ ထုတ် ချင်း ထိုး ခုတ် တော် မူ ပါ ဟူ၍ တည်း။ Judson Bible အိုထာဝရဘုရား၊ သူ၏ဥစ္စာကို ကောင်းချီးပေး၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တစ်ဖက်၌ထ၍ သူ့ကိုမုန်းသောသူတို့သည် နောက်တစ်ဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။ |
အို အရှင်မင်းကြီး၊ အရောန၌ရှိသမျှကို အရှင်မင်းကြီးအား ပေးပါ၏”ဟု လျှောက်တင်၏။ ထို့ပြင် အရောနသည် ရှင်ဘုရင်အား “အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် အရှင့်ကို လက်ခံတော်မူပါစေသော”ဟု လျှောက်ဆို၏။
သင်၏ပူဇော်သက္ကာအားလုံးကိုအောက်မေ့၍ သင်၏မီးရှို့ရာယဇ်ကို လက်ခံတော်မူပါစေသော။(စေလာ)
စကားအားဖြင့် လူကိုအပြစ်ပြုစေသောသူ၊ မြို့တံခါးဝတွင် အဆုံးအဖြတ်ပေးသူကိုထောင်ချောက်ဆင်သောသူ၊ ဖြောင့်မတ်သောသူကို အကြောင်းမဲ့ဘေးဖယ်သူ အပေါင်းတို့သည် ဖယ်ရှားခြင်းခံရမည်။
အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။
အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား အရှက်မကွဲရပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား စိတ်မပျက်ရပါစေနှင့်။ သူတို့ကို ဆိုးရွားသောနေ့ရက်နှင့် ကြုံတွေ့စေတော်မူပါ။ ဖျက်ဆီးခြင်းဘေးနှစ်ဆဖြင့် သူတို့ကို ဖျက်ဆီးတော်မူပါ။
ခုနစ်ရက်ပြီးဆုံး၍ ရှစ်ရက်မြောက်သောနေ့တွင် ယဇ်ပုရောဟိတ်တို့သည် ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ရမည်။ ငါသည်လည်း သင်တို့ကိုလက်ခံမည်’ဟူ၍ ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူတို့သည် မြို့တံခါးရှိ ဆုံးမပေးတတ်သောသူကို မုန်း၍ အမှန်တရားပြောဆိုသူအား စက်ဆုပ်ရွံရှာကြ၏။
သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏”ဟု မိန့်တော်မူ၏။
သူတို့သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်များကို ယာကုပ်အမျိုးအားလည်းကောင်း၊ ကိုယ်တော်၏တရားတော်ကို အစ္စရေးလူမျိုးအားလည်းကောင်း သွန်သင်ပြသပေးလိမ့်မည်။ သူတို့သည် နံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကောင်လုံးရှို့ရသောယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း ပူဇော်ကြလိမ့်မည်။
ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောဗင်္ယာမိန်သည် အထံတော်၌ လုံခြုံစွာနေရပါစေသော။ ကိုယ်တော်သည် သူ့ကိုအစဉ်အမြဲကွယ်ကာတော်မူ၍ သူ၏ပခုံးပေါ်တွင် ကိန်းဝပ်တော်မူပါစေသော။
ထို့ကြောင့် ဤညွှန်ကြားချက်ကို ငြင်းပယ်သောသူသည် လူကိုမဟုတ်ဘဲ သင်တို့အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။