တရားဟော 32:8 - မြန်မာ့စံမီသမ္မာကျမ်း အမြင့်ဆုံးသောအရှင်သည် လူတို့ကို အမွေခွဲဝေပေးသောအခါ၊ လူသားတို့ကို နေရာပိုင်းခြားသောအခါ အစ္စရေးအမျိုးသားတို့၏အရေအတွက်အတိုင်း နယ်နိမိတ်များကို သတ်မှတ်ပေးတော်မူ၏။ Common Language Bible အမြင့်မြတ်ဆုံးသောဘုရားသည်တိုင်းနိုင်ငံတို့၏ နယ်နိမိတ်များကိုလည်းကောင်း၊ လူမျိုးအသီးသီးတို့နေထိုင်ရာပြည်များ ကိုလည်းကောင်း သတ်မှတ်ပေးတော်မူသောအခါ၊ နိုင်ငံအသီးသီးတို့အတွက်နတ်ဘုရား များကို သတ်မှတ်ပေးတော်မူ၏။ Garrad Bible ယာ ကုပ် လူ မျိုး တော် သည် ထာ ဝ ရ ဘု ရား၏ ပိုင် ရာ တော် နှင့် ဝေ ပုံ တော် ဖြစ် သော ကြောင့် လူ့ သား တို့ ကို ခွဲ ခြား ခြင်း၊ လူ မျိုး တို့ အား အ ပိုင် ပေး ခြင်း များ ကို မြင့် မြတ် သော ဘု ရား ပြု တော် မူ သည့် ကာ လ၊ ဣ သ ရေ လ အ မျိုး သား အ ရေ အ တွက် ကို ထောက်၍၊ လူ အ မျိုး မျိုး တို့၏ နယ် နိ မိတ် များ ချ ထား တော် မူ၏။ Judson Bible အမြင့်ဆုံးသောဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကိုဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေအတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။ |
ဧဗာသည် သားနှစ်ယောက်ရ၏။ သားတစ်ယောက်၏အမည်မှာ ဖာလက် ဖြစ်၏။ အကြောင်းမူကား သူ့ခေတ်ကာလ၌ မြေကြီးသည် ပိုင်းခြားခြင်းခံရ၏။ သူ့ညီ၏အမည်မှာ ယုတ္တန် ဖြစ်၏။
ဤသူတို့မှတစ်ဆင့် ကမ်းရိုးတန်းဒေသ၌နေထိုင်သောလူမျိုးများ ပြန့်ပွားလာကြ၏။ သူတို့အသီးသီးသည် အတိုင်းတိုင်းအပြည်ပြည်၌ မိမိတို့ဘာသာစကားအလိုက်၊ မိမိတို့မျိုးနွယ်စုအလိုက်၊ မိမိတို့တိုင်းပြည်၌နေထိုင်ကြ၏။
ဘိုးဘေးတို့တစ်မျိုးတည်းကိုသာ ပြည်တော်ကို ပေးတော်မူခဲ့၏။ ထိုပြည်တွင် မည်သည့်လူမျိုးခြားမျှ ဖြတ်သန်းသွားလာခွင့်မရှိ။
ကောင်းကင်သည် ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ ကမ္ဘာမြေကြီးကိုကား လူသားတို့အား ပေးတော်မူ၏။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ အမြင့်ဆုံးသောအရှင်ထံ သင်ပြုထားသောကတိသစ္စာများကို ပြည့်စုံစေလော့။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူခြင်း ရှိသည့်အတိုင်း ငါသည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကို သီဆိုချီးမွမ်းမည်။
ကိုယ်တော်သည် ကမ္ဘာမြေကြီး၏ နယ်နိမိတ်အားလုံးကို သတ်မှတ်၍ နွေရာသီနှင့်ဆောင်းရာသီကို ဖြစ်ပေါ်စေတော်မူ၏။
ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏။ သင်တို့အားလုံးသည် အမြင့်ဆုံးသောအရှင်၏ သားသမီးများဖြစ်ကြ၏။
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
မြင့်ရာအရပ်ရှိတိမ်တိုက်များအထက်သို့ ငါတက်မည်။ အမြင့်ဆုံးသောဘုရားကဲ့သို့ ငါ့ကိုယ်ငါ ဖြစ်စေမည်”ဟု သင့်စိတ်ထဲ၌ဆို၏။
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
အို အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးအား နိုင်ငံတော်နှင့်တကွ ဘုန်းတန်ခိုး၊ ဂုဏ်သရေ၊ ခန့်ညားထည်ဝါမှုတို့ကို ပေးတော်မူ၏။
ထို့ကြောင့် ထာဝရဘုရား၏လူစုတော်တွင် သင့်အဖို့ နယ်မြေမဲချခွဲဝေပေးမည့်သူတစ်ယောက်မျှရှိလိမ့်မည်မဟုတ်။
သူ့ကို ကျောက်ဆောင်ထိပ်မှ ငါတွေ့ရ၏။ သူ့ကို တောင်ကုန်းပေါ်မှ ငါမြင်ရ၏။ ထိုလူမျိုးသည် တသီးတခြားနေ၏။ လူမျိုးခြားတို့နှင့်ရောနှောခြင်းမရှိ။
မျက်စိပွင့်လျက် လဲကျသွားပြီး အမြင့်ဆုံးသောအရှင်ထံတော်မှ အသိပညာရရှိသူ၊ အနန္တတန်ခိုးရှင်ထံမှစိတ်အာရုံကိုမြင်ရသောသူ၊ ဘုရားသခင်၏စကားတို့ကိုကြားရသောသူ၏နိမိတ်စကားမှာ
ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
သို့ရာတွင် အမြင့်ဆုံးသောဘုရားသည် လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မမူ။
အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာဖြင့် တသီးတခြားနေထိုင်ရမည်။ ယာကုပ်အမျိုးအနွယ်သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများရာအရပ်၊ ကောင်းကင်မှ နှင်းတဖွဲဖွဲကျရာအရပ်၌ နေထိုင်ရမည်။