သူ၏စိတ်နှလုံးထဲ၌ “ငါသည် တုန်လှုပ်မည်မဟုတ်။ မျိုးဆက်အစဉ်အဆက် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်မဟုတ်”ဟု ဆိုတတ်၏။
တရားဟော 32:7 - မြန်မာ့စံမီသမ္မာကျမ်း လွန်လေပြီးသောနေ့ရက်များကို အောက်မေ့လော့။ လွန်လေပြီးသောနှစ်များကို ဆင်ခြင်သုံးသပ်လော့။ သင့်ဖခင်ကို မေးလော့။ သင့်ကို ရှင်းပြလိမ့်မည်။ သက်ကြီးဝါကြီးတို့ကို မေးလော့။ သင့်ကို ပြောပြလိမ့်မည်။ Common Language Bible ``လွန်လေပြီသောအတိတ်ကာလကို သတိရလော့။ ဖြစ်ပျက်ခဲ့သမျှကိုသင်တို့၏ဖခင်တို့အား မေးစမ်းကြည့်လော့။ အသက်ကြီးသူတို့အားရှေးဖြစ်ဟောင်းကို ပြောပြစေလော့။ Garrad Bible ရှေး ကာ လ ကို သ တိ ရ လျက်၊ အ စဉ် အ ဆက် နှစ် ပေါင်း များ ကို အောက် မေ့ ကြ လော့။ အ ဘ ထံ မေး မြန်း လျှင်၊ ဖော် ပြ မည်။ လူ ကြီး တို့ ထံ မေး မြန်း လျှင် ကြား ပြော ကြ မည်။ Judson Bible ရှေးကာလကို အောက်မေ့လော့။ လွန်လေပြီးသောနှစ်ပေါင်းများကို ဆင်ခြင်လော့။ သင့်အဘကိုမေးမြန်းလျှင် သူသည်ဖော်ပြလိမ့်မည်။ အသက်ကြီးသူတို့ကိုမေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်။ |
သူ၏စိတ်နှလုံးထဲ၌ “ငါသည် တုန်လှုပ်မည်မဟုတ်။ မျိုးဆက်အစဉ်အဆက် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်မဟုတ်”ဟု ဆိုတတ်၏။
အို ထာဝရဘုရား၊ ရှေးကာလမှ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို အကျွန်ုပ်အောက်မေ့သောအခါ နှစ်သိမ့်မှုကိုရရှိပါ၏။
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့က သူတို့လက်ထက် ရှေးကာလ၌ ကိုယ်တော်ပြုတော်မူသောအမှုကို အကျွန်ုပ်တို့အားပြောပြကြ၍ အကျွန်ုပ်တို့၏နားဖြင့် ကြားရကြပါ၏။
ကိုယ်တော်သည် လူမျိုးခြားတို့ကို ကိုယ်တော်၏လက်တော်ဖြင့်နှင်ထုတ်ပြီး ဘိုးဘေးတို့ကို အခြေချစေတော်မူ၏။ တိုင်းသူပြည်သားတို့ကိုနှိမ်နင်း၍ ဘိုးဘေးတို့ကိုပြန့်ပွားစေတော်မူ၏။
ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ထာဝရကုန်ခန်းသွားပြီလော။ ကိုယ်တော်၏ကတိတော်များသည် မျိုးဆက်အစဉ်အဆက် ပျက်ပြားသွားပြီလော။
အကြောင်းမူကား ကိုယ်တော်သည် သက်သေခံချက်ကို ယာကုပ်၌တည်စေ၍ တရားတော်ကို အစ္စရေး၌ထားတော်မူ၏။ ၎င်းတို့ကို သားသမီးများအားသင်ကြားပေးရန် ငါတို့၏ဘိုးဘေးတို့ကို မိန့်မှာတော်မူ၏။
သင်တို့၏သားမြေးများက ‘ဤအစဉ်အလာကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ
နောင်ကာလ၌ သင်တို့၏သားများက ‘ဤအမှုကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ သင်တို့ကလည်း ‘ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။
ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို အောက်မေ့လော့။ ငါသာလျှင် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။ ငါနှင့်တူသောဘုရားမရှိ။
ထိုအခါ ကိုယ်တော်သည် မောရှေနှင့်လူမျိုးတော်တို့ခေတ်မှအချိန်ကာလကို အောက်မေ့တော်မူ၏။ သိုးစုကို သိုးထိန်းတို့နှင့်အတူ ပင်လယ်ထဲမှခေါ်ဆောင်လာသောသူကား အဘယ်မှာနည်း။ သူတို့အလယ်၌ သန့်ရှင်းသောဝိညာဉ်တော်ကို ချပေးသောသူကား အဘယ်မှာနည်း။
သင်တို့မမွေးမီ ရှေးကာလကအကြောင်းကို မေးမြန်းလော့။ မြေကြီးပေါ်၌ လူကိုဘုရားသခင်ဖန်ဆင်းသောနေ့မှစ၍ မိုးကောင်းကင်၏အစွန်းတစ်ဖက်မှ မိုးကောင်းကင်၏အခြားအစွန်းတစ်ဖက်တိုင်အောင် ဤကြီးမားသောအမှုမျိုး ဖြစ်ဖူးသလော။ ဤအမှုမျိုး ကြားဖူးသလော။
ဤအနှစ်လေးဆယ်ပတ်လုံး တောကန္တာရတွင် ပို့ဆောင်တော်မူခဲ့သည့် လမ်းခရီးတစ်လျှောက်ကို သင်တို့အောက်မေ့ရမည်။ ဤသည်မှာ ပညတ်တော်များကို သင်တို့စောင့်ထိန်းလိုစိတ်ရှိ၊ မရှိ သိမည့်အကြောင်းသင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှိမ့်ချတော်မူ၍ စမ်းသပ်တော်မူခဲ့ခြင်းဖြစ်၏။
ဂိဒေါင်ကလည်း “အို အကျွန်ုပ်၏အရှင်သခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်ဆိုလျှင် အဘယ်ကြောင့် ဤအမှုကို အကျွန်ုပ်တို့ ကြုံရသနည်း။ ‘ထာဝရဘုရားသည် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်’ဟု ဘိုးဘေးတို့က အကျွန်ုပ်တို့အား ပြောပြခဲ့သောအံ့ဖွယ်အမှုတို့ကား အဘယ်မှာနည်း။ ယခုမူကား ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ မိဒျန်လူမျိုးတို့လက်သို့ အပ်တော်မူပြီတကား”ဟု ဆို၏။