ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းသည်ဟု သိမှတ်ရမည်။ ကိုယ်တော်သည်သာ သင်တို့ကြောက်ရွံ့ရာ၊ သင်တို့ထိတ်လန့်ရာ ဖြစ်တော်မူ၏။
တရားဟော 32:51 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမှာ သင်တို့သည် ဇိနတောကန္တာရ၊ ကာဒေရှအရပ်ရှိ မေရိဘစမ်းရေနား အစ္စရေးအမျိုးသားတို့ရှေ့မှောက်တွင် ငါ့ကိုပြစ်မှား၍ ငါသန့်ရှင်းကြောင်းကို အစ္စရေးအမျိုးသားတို့အလယ်၌ အသိအမှတ်မပြုကြသောကြောင့် ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရရှိကာဒေရှမြို့အနီး မေရိဘစမ်းသို့ရောက်စဉ်အခါက ဣသ ရေလအမျိုးသားတို့ရှေ့တွင် ငါ့အားမရို မသေပြုကြသောကြောင့်ဖြစ်၏။- Judson Bible အကြောင်းမူကား၊ သင်တို့သည် ဇိနတော၊ ကာဒေရှရွာ၊ မေရိဘစမ်းရေအနား၌ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြု၍ ပြစ်မှားကြပြီ။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းသည်ဟု သိမှတ်ရမည်။ ကိုယ်တော်သည်သာ သင်တို့ကြောက်ရွံ့ရာ၊ သင်တို့ထိတ်လန့်ရာ ဖြစ်တော်မူ၏။
တောင်ဘက်ခြမ်းတွင် တာမာအရပ်မှ ကာဒေရှအရပ်ရှိမေရိဘစမ်းရေနားအထိ၊ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်အထိ ရောက်၏။ ဤသည်ကား တောင်ဘက်နယ်နိမိတ်ဖြစ်၏။
ထိုအခါ မောရှေက အာရုန်အား “ထာဝရဘုရားက ‘ငါ့ထံသို့ချဉ်းကပ်သောသူတို့အား ငါသန့်ရှင်းကြောင်း ငါထင်ရှားပြမည်။ လူအပေါင်းတို့ရှေ့၌ ငါသည် ဘုန်းအသရေရှိမည်’ဟူ၍ မိန့်ဆိုခဲ့သည်မှာ ဤအမှုကိုဆိုလို၏”ဟု ဆိုသော် အာရုန်သည် တိတ်ဆိတ်နေလေ၏။
“အာရုန်သည် မိမိလူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ အကြောင်းမူကား သင်တို့သည် မေရိဘစမ်းရေနားတွင် ငါ့အမိန့်ကိုဖီဆန်ကြသောကြောင့် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။
အကြောင်းမူကား ဇိနတောကန္တာရ၌ လူထုတို့ပဋိပက္ခဖြစ်ကြစဉ်က သင်တို့သည် ငါ၏အမိန့်ကိုဖီဆန်၍ ရေအနားမှ ထိုသူတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။ (ထိုရေကား ဇိနတောကန္တာရရှိ ကာဒေရှအရပ်မှ မေရိဘစမ်းရေဖြစ်၏။)
ယုဒအမျိုးအနွယ်သည် မဲချ၍မျိုးနွယ်စုအလိုက် ရသောအမွေမြေမှာ ဤသို့ဖြစ်၏။ တောင်ဘက်စွန်းရှိ ဇိနတောကန္တာရမှ ဧဒုံနယ်နိမိတ်အထိဖြစ်၏။
အကြောင်းမူကား တရားစီရင်ခြင်းကို ဘုရားသခင်၏အိမ်တော်မှ အစပြုမည့်အချိန်ရောက်လေပြီ။ ထိုသို့ ငါတို့ထံမှ အစပြုမည်ဆိုလျှင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့၏နိဂုံးသည် မည်သို့ဖြစ်မည်နည်း။