သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားထောင်လျက် ဤပညတ်တရားကျမ်း၌ ရေးသားထားသော ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းရမည်။ သင်၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သင်၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာရမည်။
ဤပညတ္တိကျမ်းစာ၌ ရေးထားသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို စောင့်ရှောက်လျှင်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာလျှင်လည်းကောင်း၊ သင်ပြုလေရာရာ၌ အောင်မည်အကြောင်းနှင့် သင်၏သားသမီး၊ တိရစ္ဆာန်၊ အသီးအနှံတိုးပွားများပြားမည်အကြောင်းကို စီရင်၍ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့၌ အားရဝမ်းမြောက်သကဲ့သို့ သင်၌အားရဝမ်းမြောက်၍၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။
သို့သော် သင်တို့သည် ငါ့ထံပြန်လာ၍ ငါ့ပညတ်တို့ကို လိုက်နာစောင့်ထိန်းမည်ဆိုလျှင် မိုးကောင်းကင်အစွန်းသို့ နှင်ထုတ်ခြင်းခံရသော်လည်း ထိုအရပ်မှပြန်လည်စုစည်း၍ ငါ့နာမတည်စေရန် ငါရွေးချယ်ထားသောအရပ်သို့ ပြန်လည်ခေါ်ဆောင်လာမည်’ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်ကို သတိရတော်မူပါ။
သို့သော် ဆိုးယုတ်သောသူသည် မိမိပြုခဲ့သောအပြစ်ရှိသမျှတို့ကို စွန့်လွှတ်လျှင်၊ ငါ၏ပြဋ္ဌာန်းချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်၊ တရားမျှတ၍ ဖြောင့်မတ်သောအမှုတို့ကိုပြုလျှင် သူသည် အမှန်ပင် အသက်ချမ်းသာရာရလိမ့်မည်၊ သေရမည်မဟုတ်။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
ဆိုးယုတ်သောသူအားလည်း ‘သင်မုချသေရမည်’ဟု ငါဆိုသော်လည်း သူသည် အပြစ်ကိုစွန့်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျှင်၊
ဆိုးယုတ်သောသူသည်လည်း ဆိုးယုတ်မှုမှပြန်လှည့်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျှင် ထိုအမှုကြောင့် သူအသက်ရှင်ရမည်။
ရပ်ဝေးမှလူတို့သည် ထာဝရဘုရား၏ဗိမာန်တော်ကို လာရောက်တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူကြောင်းကိုလည်း သင်တို့သိရကြလိမ့်မည်။ သင်တို့သည် သင်တို့ဘုရားသခင်ထာဝရဘုရား၏စကားကို နာခံလိုက်လျှောက်လျှင် ထိုသို့ဖြစ်လာလိမ့်မည်”ဟု မိန့်ဆို၏။
ဦးစွာ ဒမတ်စကပ်မြို့၌ရှိသောသူတို့ကိုလည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့နှင့် ယုဒနယ်တစ်နယ်လုံး၌ရှိသောသူတို့ကိုလည်းကောင်း၊ လူမျိုးခြားတို့ကိုလည်းကောင်း နောင်တရ၍ ဘုရားသခင်ထံပြောင်းလဲကာ နောင်တနှင့်ထိုက်တန်သောအမှုများကို ပြုကြရန် ဟောပြောခဲ့ပါသည်။
ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။
အရေဖျားလှီးခြင်းသည် ပဓာနမဟုတ်။ အရေဖျားမလှီးခြင်းသည်လည်း ပဓာနမဟုတ်။ ဘုရားသခင်၏ပညတ်တော်ကို စောင့်ထိန်းခြင်းသာ ပဓာနဖြစ်၏။
ထာဝရဘုရားသည် သူ့ကို အစ္စရေးမျိုးနွယ်အပေါင်းတို့ထဲမှ သီးခြားခွဲထား၍ ဤပညတ်တရားကျမ်း၌ရေးသားထားသောပဋိညာဉ်ထဲမှကျိန်ခြင်းရှိသမျှတို့နှင့်အညီ သူ့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်။
ယနေ့ သင့်အား ငါမိန့်မှာသောပညတ်တော်သည် သင့်အတွက် ခက်ခဲလွန်းသောအရာ၊ အလှမ်းဝေးသောအရာ မဟုတ်။
သင်၏ဘုရားသခင်ထာဝရဘုရားထံသို့ ပြန်လာ၍ သင်နှင့်သင်၏သားသမီးတို့သည် ယနေ့ သင့်အား ငါမိန့်မှာသမျှအတိုင်း စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စကားတော်ကို နားထောင်လျှင်
သင်မူကား ပြန်လာ၍ ထာဝရဘုရား၏စကားတော်ကိုနားထောင်လျက် ယနေ့ သင့်အားငါမိန့်မှာသော ကိုယ်တော်၏ပညတ်တော်ရှိသမျှကို လိုက်နာလိမ့်မည်။
သို့သော် ထိုအရပ်၌ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့်ရှာလျှင် တွေ့ရကြလိမ့်မည်။
သင်၏ဘုရားသခင် ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် ချစ်ရမည်။