မနာရှေအမျိုးတစ်ဝက်တို့သည် လူဦးရေများပြားသဖြင့် ဗာလဟေရမုန်အရပ်၊ စနိရတောင်မှ ဟေရမုန်တောင်အထိ ဗာရှန်ပြည်တစ်လျှောက်လုံးတွင် နေထိုင်ကြ၏။
တရားဟော 3:9 - မြန်မာ့စံမီသမ္မာကျမ်း (ဟေရမုန်တောင်ကိုဆီဒုန်လူမျိုးတို့က စိရုန် ဟုခေါ်ကြ၍ အာမောရိလူမျိုးတို့က စနိရ ဟုခေါ်ကြ၏။) Common Language Bible (ဟေရမုန်တောင်ကိုဇိဒုန်အမျိုးသားတို့က စိရုန်ဟူ၍လည်းကောင်း၊ အာမောရိအမျိုး သားတို့က ရှနိရဟူ၍လည်းကောင်းခေါ်ဝေါ် သမုတ်ကြ၏။-) Judson Bible ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍လည်းကောင်း၊ အာမောရိလူတို့သည် ရှုနိရဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ၏။ |
မနာရှေအမျိုးတစ်ဝက်တို့သည် လူဦးရေများပြားသဖြင့် ဗာလဟေရမုန်အရပ်၊ စနိရတောင်မှ ဟေရမုန်တောင်အထိ ဗာရှန်ပြည်တစ်လျှောက်လုံးတွင် နေထိုင်ကြ၏။
ဇိအုန်တောင်များပေါ်သို့ကျသည့် ဟေရမုန်တောင်၏နှင်းစက်ကဲ့သို့လည်းဖြစ်၏။ အကြောင်းမူကား ထိုသို့နေထိုင်ကြသောအရပ်၌ အစဉ်အမြဲအသက်ရှင်ခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာကို ထာဝရဘုရားအပ်နှင်းတော်မူ၏။
ကိုယ်တော်သည် လက်ဘနွန်ကို နွားသငယ်ကဲ့သို့လည်းကောင်း၊ စိရုန်ကို နွားရိုင်းကလေးကဲ့သို့လည်းကောင်း ခုန်ပေါက်စေတော်မူ၏။
အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ ညှိုးငယ်လျက်ရှိပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ဂျော်ဒန်မြစ်ဝှမ်းနှင့် ဟေရမုန်တောင်ရိုးတို့မှလည်းကောင်း၊ မိဇရတောင်မှလည်းကောင်း ကိုယ်တော်ကိုအောက်မေ့ပါ၏။
မြောက်အရပ်နှင့်တောင်အရပ်ကို ကိုယ်တော်ဖန်ဆင်းတော်မူ၏။ တာဗော်တောင်နှင့် ဟေရမုန်တောင်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ရွှင်လန်းစွာ ကြွေးကြော်ကြပါ၏။
အို ငါ့သတို့သမီး၊ လက်ဘနွန်တောင်မှ ငါနှင့်လိုက်ခဲ့ပါ။ လက်ဘနွန်တောင်မှ ငါခေါ်ရာသို့လိုက်ခဲ့ပါ။ အာမနတောင်ထိပ်၊ စနိရတောင်ထိပ်တို့မှစ၍ ဟေရမုန်တောင်၊ ခြင်္သေ့တွင်း၊ ကျားသစ်တို့ကျက်စားရာတောင်တို့မှ ဆင်းလာခဲ့ပါ။
သင်္ဘောပျဉ်ပြားကို စနိရတောင်ပေါ်မှလာသောထင်းရှူးသားများနှင့် လုပ်ထား၏။ ရွက်တိုင်ကို လက်ဘနွန်တောင်မှလာသောသစ်ကတိုးသားများနှင့် လုပ်ထား၏။
စိရပြည်ဘက်သို့တက်သွားသော ဟာလက်တောင်အထိ၊ ထိုမှ ဟေရမုန်တောင်ခြေ လက်ဘနွန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်အရပ်အထိ သိမ်းယူခဲ့၏။ ရှင်ဘုရင်အပေါင်းတို့ကိုလည်း ဖမ်းဆီးပြီး ရိုက်နှက်ကွပ်မျက်လေ၏။