အစ္စရေးအမျိုးသားတို့ကိုယ်စီ အမွေမြေမရမချင်း အကျွန်ုပ်တို့သည် ကိုယ့်အိမ်သို့ပြန်မလာပါ။
တရားဟော 3:20 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေး၍ သူတို့အား ဂျော်ဒန်မြစ်တစ်ဖက်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ပိုင်ဆိုင်ပြီးမှ သင်တို့အား ငါအပိုင်ပေးသောပြည်အသီးသီးသို့ သင်တို့ပြန်လာခွင့်ရှိ၏’ဟု ဆိုခဲ့၏။ Common Language Bible ထာဝရဘုရားသည်သင်တို့အားအေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည့်နည်းတူ အခြား သောဣသရေလအနွယ်တို့အား ယော်ဒန်မြစ် အနောက်ဘက်နယ်မြေကိုသိမ်းပိုက်၍ အေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည်တိုင်အောင် သင် တို့သည်သူတို့ကိုကူညီရမည်။ သို့ဆောင်ရွက် ပြီးမှသင်တို့အပေါင်းသည် ငါခွဲဝေပေး သောပြည်သို့ပြန်လာရကြမည်' ဟုညွှန် ကြားခဲ့သည်။ Garrad Bible သင် တို့ အား ရန် ငြိမ်း ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မူ သည့် နည်း တူ ယော် ဒန် မြစ် အ နောက် ဘက် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ကို ဆွေ မျိုး သား ချင်း တို့ လည်း အ ပိုင် ရ လျက် ရန် ငြိမ်း ခွင့် ရှိ ကြ ပြီး မှ၊ ငါ ဝေ ခဲ့ သော ပိုင် စု သို့ အ သီး အ သီး ပြန် လာ ခွင့် ရ မည့် အ ကြောင်း၊ မှာ လိုက် ပြီး နောက်၊ |
အစ္စရေးအမျိုးသားတို့ကိုယ်စီ အမွေမြေမရမချင်း အကျွန်ုပ်တို့သည် ကိုယ့်အိမ်သို့ပြန်မလာပါ။
ထိုပြည်သည် ထာဝရဘုရားရှေ့တော်၌ ရှုံးနိမ့်သည်အထိ စစ်တိုက်ကြမည်ဆိုလျှင် သင်တို့သည်လည်း ထာဝရဘုရားရှေ့၊ အစ္စရေးလူမျိုးတို့ရှေ့၌ အပြစ်တင်ခြင်းကင်းလျက် ဤအရပ်သို့ ပြန်လာခွင့်ရှိမည်။ ထာဝရဘုရားရှေ့တော်၌ ဤအရပ်သည် သင်တို့ပိုင်ဆိုင်ရာဖြစ်မည်။
ငြိမ်ဝပ်ရာအရပ်ဖြစ်သော သင်တို့အားဘုရားသခင်ထာဝရဘုရားပေးတော်မူသောအမွေတော်ထဲသို့ ယခုထိ သင်တို့မရောက်ရသေး။
ထိုအချိန်၌ ငါက ယောရှုအား ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤရှင်ဘုရင်နှစ်ပါးအား ပြုတော်မူခဲ့သည့်အမှုရှိသမျှကို သင့်မျက်စိဖြင့်မြင်ရပြီ။ ထာဝရဘုရားသည် သင်ကူးသွားမည့်နိုင်ငံရှိသမျှကို ထိုနည်းတူ ပြုတော်မူလိမ့်မည်။
ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေးသည်အထိ၊ သူတို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို အပိုင်ရသည်အထိ သူတို့ကို ကူညီရမည်။ ပြီးမှ သင်တို့ပြန်လာ၍ သင်တို့အားထာဝရဘုရား၏အစေအပါးမောရှေ ပေးခဲ့သော ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ကို သင်တို့ပိုင်ဆိုင်ရမည်”ဟု ဆိုလေ၏။
“ထာဝရဘုရား၏အစေအပါးမောရှေ မှာကြားခဲ့သည့်အတိုင်း သင်တို့ပြုကြသည့်နည်းတူ ငါမှာကြားသမျှကိုလည်း သင်တို့လိုက်နာကြပြီ။
ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။
“သင်တို့၏ရန်သူတို့ထံမှ တိုက်ယူသောပစ္စည်းများကို သင်တို့၏ညီအစ်ကိုတို့နှင့်အတူ ခွဲဝေယူကြလော့။ တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ အဝတ်အထည်မှစ၍ စည်းစိမ်ဥစ္စာအမြောက်အမြားတို့ကို ယူ၍ သင်တို့၏အိမ်သို့ပြန်သွားကြလော့”ဟု သူတို့အားဆိုလေ၏။
သို့ဖြစ်၍ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှထွက်ခွာ၍ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူထားသည့်အတိုင်း မိမိတို့အပိုင်ရရှိခဲ့သောဂိလဒ်ပြည်သို့ ပြန်သွားကြ၏။