တောလည် 32:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထိုပြည်သည် ထာဝရဘုရားရှေ့တော်၌ ရှုံးနိမ့်သည်အထိ စစ်တိုက်ကြမည်ဆိုလျှင် သင်တို့သည်လည်း ထာဝရဘုရားရှေ့၊ အစ္စရေးလူမျိုးတို့ရှေ့၌ အပြစ်တင်ခြင်းကင်းလျက် ဤအရပ်သို့ ပြန်လာခွင့်ရှိမည်။ ထာဝရဘုရားရှေ့တော်၌ ဤအရပ်သည် သင်တို့ပိုင်ဆိုင်ရာဖြစ်မည်။ အခန်းကိုကြည့်ပါ။Common Language Bible22 တိုင်းပြည်ကိုသိမ်းပိုက်ရမည်။ ထိုနောက်သင် တို့သည်ထာဝရဘုရားနှင့်အမျိုးသား ချင်းတို့အတွက် တာဝန်ကျေပွန်ပြီဖြစ်၍ ဤအရပ်သို့ပြန်လာနိုင်သည်။ ထိုအခါ ထာဝရဘုရားသည်ယော်ဒန်မြစ်အရှေ့ ဘက်ရှိ ဤပြည်သည်သင်တို့ဝေစုဖြစ် ကြောင်းသိမှတ်တော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible22 သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးသွားလျှင်လည်းကောင်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုးသားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။ အခန်းကိုကြည့်ပါ။ |
ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။
ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေး၍ သူတို့အား ဂျော်ဒန်မြစ်တစ်ဖက်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ပိုင်ဆိုင်ပြီးမှ သင်တို့အား ငါအပိုင်ပေးသောပြည်အသီးသီးသို့ သင်တို့ပြန်လာခွင့်ရှိ၏’ဟု ဆိုခဲ့၏။
ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေးသည်အထိ၊ သူတို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို အပိုင်ရသည်အထိ သူတို့ကို ကူညီရမည်။ ပြီးမှ သင်တို့ပြန်လာ၍ သင်တို့အားထာဝရဘုရား၏အစေအပါးမောရှေ ပေးခဲ့သော ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ကို သင်တို့ပိုင်ဆိုင်ရမည်”ဟု ဆိုလေ၏။