အာမောရိဘုရင်ရှိဟုန်မင်းကြီး၊ ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၏နယ်မြေဖြစ်သော ဂိလဒ်ပြည်၏နယ်စားမင်း ဥရိ၏သားဂေဗာတို့ဖြစ်ကြ၏။ ဂေဗာသည် ထိုပြည်၏တစ်ဦးတည်းသောနယ်စားမင်း ဖြစ်၏။
တရားဟော 3:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ငါတို့သည် ဗာရှန်ပြည်လမ်းသို့ လှည့်၍တက်သွားကြ၏။ ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ဧဒြိအရပ်သို့ ဗာရှန်ဘုရင်ဩဃမင်းကြီးသည် မိမိ၏လူအပေါင်းတို့နှင့်အတူ ထွက်လာ၏။ Common Language Bible ``နောက်တစ်ဖန်ငါတို့သည် မြောက်ဘက်ရှိဗာရှန် ပြည်သို့ချီတက်ခဲ့ကြသည်။ ထိုအခါဗာရှန် ဘုရင်သြဃသည် မိမိ၏စစ်သူရဲအပေါင်း တို့နှင့်တကွငါတို့ကိုတိုက်ရန်ဧဒြိမြို့သို့ ချီတက်လာလေသည်။- Garrad Bible ထို နောက် ငါ တို့ လှည့် ပြန်၍ ဗာ ရှန် လမ်း ဖြင့် ချီ တက် ကြ သည့် ကာ လ၊ ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း သည်၊ အ လုံး အ ရင်း ရှိ သ မျှ ပါ၊ ဆီး ဆို့ တိုက် ခိုက် ရန် ဧ ဒြိ မြို့ သို့ ချီ ထွက် သ ဖြင့်၊ Judson Bible ထိုအခါ ငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှာချီလာ၏။ |
အာမောရိဘုရင်ရှိဟုန်မင်းကြီး၊ ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၏နယ်မြေဖြစ်သော ဂိလဒ်ပြည်၏နယ်စားမင်း ဥရိ၏သားဂေဗာတို့ဖြစ်ကြ၏။ ဂေဗာသည် ထိုပြည်၏တစ်ဦးတည်းသောနယ်စားမင်း ဖြစ်၏။
ကိုယ်တော်သည် တိုင်းနိုင်ငံများနှင့် လူမျိုးတို့ကို သူတို့လက်သို့ အပ်တော်မူ၏။ နယ်မြေကိုလည်း သူတို့အား ပိုင်းခြားခွဲဝေပေးတော်မူ၏။ သူတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ပြည်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏ပြည်တို့ကို သိမ်းပိုက်နိုင်ခဲ့၏။
ဗာရှန်ဘုရင် ဩဃလည်းပါ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးနှင့် ဧဒြိအရပ်၊ အာရှတရုတ်မြို့၌စံမြန်းသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့ကို လုပ်ကြံပြီးနောက်
ရှိဟုန်မင်းကြီးနှင့် သူ့လူအပေါင်းတို့သည် ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ယာဟတ်အရပ်သို့ ချီတက်လာကြ၏။
ဤအရပ်သို့ သင်တို့ရောက်လာသောအခါ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် ဗာရှန်ဘုရင်ဩဃမင်းကြီးတို့သည် ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ထွက်လာကြ၏။ သို့သော် ငါတို့သည် သူတို့ကိုလုပ်ကြံ၍
ထိုအခါ ထာဝရဘုရားက ငါ့အား ‘သူ့ကို မကြောက်နှင့်။ ငါသည် သူနှင့်တကွ သူ၏လူအပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကိုလည်းကောင်း သင်၏လက်သို့ပေးအပ်ပြီ။ သင်သည် ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးကိုပြုသကဲ့သို့ သူ့ကိုလည်းပြုရလိမ့်မည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၊ ဩဃမင်းကြီးနှင့် သူတို့၏ပြည်ကို ဖျက်ဆီးတော်မူသကဲ့သို့ ထိုလူမျိုးတို့ကို ပြုတော်မူမည်။
ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ရှိ အာမောရိလူမျိုးတို့၏ဘုရင်နှစ်ပါးဖြစ်သည့် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၏ပြည်ကို သိမ်းပိုက်ခဲ့ကြ၏။
အစ္စရေးအမျိုးသားတို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောပြည်နှင့်ဘုရင်များကား ဤသို့ဖြစ်၏။ အစ္စရေးအမျိုးသားတို့သည် ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အာနုန်ချောင်းမှစ၍ ဟေရမုန်တောင်အထိ၊ အရှေ့ဘက်အရာဗလွင်ပြင်တစ်ခုလုံး၊
အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့၌စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန် ဗာရှန်ဘုရင်ဩဃမင်းကြီး ပိုင်နက်ဖြစ်သည့်
ဗာရှန်ပြည်ရှိ ယာဣရမြို့ငယ်ပေါင်း ခြောက်ဆယ်အပါအဝင် ဗာရှန်ဘုရင်ဩဃမင်းကြီးအုပ်စိုးသော မဟာနိမ်မြို့မှ ဗာရှန်ပြည်တစ်ပြည်လုံး၊
ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ရှင်ဘုရင်နှစ်ပါးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၌ ပြုတော်မူခဲ့သမျှတို့ကိုလည်းကောင်း ကြားသိသောအခါ