ထာဝရဘုရားသည် ဤပြည်ကိုအမျက်ထွက်၍ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းအမင်္ဂလာရှိသမျှတို့ကို ဤပြည်အပေါ်သို့ကျရောက်စေခြင်း ဖြစ်၏။
ထိုကြောင့်ထာဝရဘုရားသည် ကိုယ်တော် ၏လူမျိုးတော်ကိုအမျက်ထွက်သဖြင့် ဤ ကျမ်းတွင်ဖော်ပြထားသောဘေးဒဏ် အပေါင်းတို့ကိုသူတို့ပြည်၌ကျရောက် စေတော်မူသည်။-
ဤ ပြည်၌ အ မျက် တော် ထား သ ဖြင့်၊ ဤ ကျမ်း တွင် ပါ ရှိ သ မျှ အ မင်္ဂ လာ ကို သင့် စေ တော် မူ သည့် အ လျောက်၊
ဤမည်သောကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ကို ဤပြည်၌ သင့်ရောက်စေခြင်းငှာ၊ ထာဝရဘုရားသည် အမျက်တော်ထွက်သဖြင့်၊
အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ်တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။
ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။
ထာဝရဘုရားက ကြည့်ရှုလော့။ ယုဒဘုရင် ဖတ်ခဲ့ရသောကျမ်းစကားရှိသမျှအတိုင်း ငါသည် ဤမြို့နှင့်မြို့သားတို့ကို ဘေးအန္တရာယ်နှင့် ကြုံတွေ့စေမည်။
ထာဝရဘုရား အမျက်တော်ကြောင့် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်ကို ရှေ့တော်မှဖယ်ရှားလိုက်သည်အထိ ဤသို့ဖြစ်ရခြင်း ဖြစ်၏။ ဇေဒကိမင်းကြီးသည်လည်း ဘေဘီလုံဘုရင်ကို ပြန်၍ပုန်ကန်၏။
ဘေဘီလုံဘုရင်သည် ထိုသူတို့ကို ဟာမတ်ပြည်၊ ရိဗလမြို့တွင် ဒဏ်ခတ်ကွပ်မျက်လေ၏။ ဤသို့ဖြင့် ယုဒလူမျိုးတို့သည် နေရင်းပြည်မှ ဖမ်းခေါ်သွားခြင်းခံရလေ၏။
အကျွန်ုပ်တို့အပေါ် အစဉ်အမြဲအမျက်ထွက်တော်မူမည်လော။ ကိုယ်တော်၏အမျက်တော်ကို မျိုးဆက်အစဉ်အဆက် ကြာရှည်စေတော်မူမည်လော။
‘ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို အဘယ်ကြောင့် ဤအမှုအလုံးစုံတို့နှင့် ကြုံစေသနည်း’ဟု သူတို့မေးကြလျှင် ‘သင်တို့သည် ငါ့ကိုစွန့်ပယ်၍ သင်တို့၏ပြည်၌ပင် တိုင်းတစ်ပါးသားတို့၏ဘုရားများကို အစေခံသည့်နည်းတူ သင်တို့ပြည်မဟုတ်သောပြည်၌ သူစိမ်းတို့ကို အစေခံရလိမ့်မည်’ဟု သင်ပြန်ဖြေလော့။
သူတို့သည် သူတို့မသိ၊ သူတို့ကို မည်သည့်အရာကိုမျှမပေးနိုင်သော အခြားဘုရားများကို သွားရောက်ဝတ်ပြု၍ ပျပ်ဝပ်သောကြောင့်လည်းကောင်း
သင့်ရှေ့၌ ငါချထားသည့် ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်သို့ကျရောက်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကိုနှင်ထုတ်တော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့အလယ်တွင် ထိုအရာတို့ကို သင်ပြန်၍နှလုံးသွင်းလျှင်၊