‘ငါသည် အီဂျစ်လူမျိုးတို့ကို စီရင်ခဲ့ပုံ၊ သင်တို့ကို လင်းယုန်၏တောင်ပံများပေါ်တင်၍ ငါ့ထံသို့ ခေါ်ဆောင်လာခဲ့ပုံတို့ကို သင်တို့ကိုယ်တိုင်သိမြင်ခဲ့ကြ၏။
တရားဟော 29:2 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “ထာဝရဘုရားသည် အီဂျစ်ပြည်၌ ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့်တကွ သူ၏ပြည်တစ်ပြည်လုံးကို သင်တို့ရှေ့မှောက်တွင် မည်သို့ပြုတော်မူခဲ့သည်ကို သင်တို့တွေ့မြင်ခဲ့ပြီ။ Common Language Bible မောရှေသည်ဣသရေလအမျိုးသား အပေါင်းတို့ကို ဆင့်ခေါ်၍``ထာဝရဘုရား သည်အီဂျစ်ပြည်တွင် ဖာရောဘုရင်နှင့်သူ ၏အရာရှိများအပါအဝင် တစ်တိုင်းပြည် လုံးကိုမည်ကဲ့သို့ဒဏ်ခတ်ခဲ့တော်မူကြောင်း သင်တို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။- Garrad Bible မော ရှေ သည် ဣ သ ရေ လ တစ် မျိုး လုံး ကို ခေါ်၍ မိန့် ဆို သည် မှာ နား လည် ရန် စိတ်၊ သိ မြင် ရန် မျက် စိ၊ ကြား နာ ရန် နား များ ကို ယ နေ့ တိုင် အောင် ထာ ဝ ရ ဘု ရား ပေး တော် မ မူ သော် လည်း ဖာ ရော မင်း မှ စ၍ ကျေး ကျွန် သင်း ပင်း၊ ပြည် သူ ပြည် သား အ ပေါင်း တို့ အား သင် တို့ ရှေ့၊ အိ ဂျစ် ပြည် တွင် ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ခဲ့ သ မျှ သော မဟာ စုံ စမ်း ခြင်း နှင့် သက် သေ နိ မိတ် လ က္ခ ဏာ ကြီး များ ကို ဒိ ဋ္ဌ မြင် ရ ကြ လေ ပြီ။ Judson Bible တစ်ဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကိုခေါ်၍၊ ထာဝရဘုရားသည် အဲဂုတ္တုပြည်မှာ ဖာရောဘုရင်၌လည်းကောင်း၊ သူ၏ကျွန်အပေါင်းတို့၌လည်းကောင်း၊ သူ၏ပြည်တစ်လျှောက်လုံး၌လည်းကောင်း၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှတည်းဟူသော၊ |
‘ငါသည် အီဂျစ်လူမျိုးတို့ကို စီရင်ခဲ့ပုံ၊ သင်တို့ကို လင်းယုန်၏တောင်ပံများပေါ်တင်၍ ငါ့ထံသို့ ခေါ်ဆောင်လာခဲ့ပုံတို့ကို သင်တို့ကိုယ်တိုင်သိမြင်ခဲ့ကြ၏။
ထို့နောက် မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီးထံမှထွက်သွားကြ၏။ ဖာရောမင်းကြီးအပေါ်၌ ဖားများကျရောက်စေတော်မူသောအမှုကြောင့် မောရှေသည် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်လေ၏။
သင်သည် အမှုအရာများစွာကို မြင်တွေ့သော်လည်း အလေးမထား။ နားပွင့်နေသော်လည်း မကြား။
သင်တို့ရှေ့မှကြွတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် သင်တို့အဖို့ပြုပေးသကဲ့သို့၊
အကြောင်းမူကား ထာဝရဘုရားပြုတော်မူခဲ့သည့် ကြီးမားသောအမှုရှိသမျှတို့ကို သင်တို့ကိုယ်တိုင် တွေ့မြင်ခဲ့ကြ၏။
ဟောရပ်တောင်၌ အစ္စရေးအမျိုးသားတို့နှင့် ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်အပြင် မောဘပြည်၌ အစ္စရေးအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့ရန် မောရှေအား မိန့်မှာတော်မူခဲ့သည့် ပဋိညာဉ်ပါအချက်များကား ဤသို့ဖြစ်၏။
ထိုသို့ ပြင်းထန်သောစုံစမ်းမှုများ၊ ထူးဆန်းသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့ပြီ။
အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တကွ ဘိုးဘေးတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်ပေးခဲ့သောအရှင်၊ အကျွန်ုပ်တို့ မျက်စိရှေ့တွင်ပင် ကြီးမားသောနိမိတ်လက္ခဏာများကို ပြတော်မူသောအရှင်၊ လူမျိုးခြားတို့အကြား ဖြတ်ကျော်လာရသောလမ်းခရီးတစ်လျှောက်လုံးတွင် အကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။
ထာဝရဘုရားသည် သင်တို့အဖို့ မည်မျှကြီးမားသောအမှုပြုတော်မူသည်ကို ဆင်ခြင်၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြလော့။ သစ္စာရှိလျက် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။