သင့်ရန်သူတို့သည် သင့်မြို့အားလုံးကိုဝိုင်းထား၍ အကျပ်အတည်းထဲသို့ရောက်စေသောကြောင့် သင့်တွင်ရှိသော အလွန်နူးညံ့သိမ်မွေ့သောယောက်ျားပင်လျှင် မိမိညီအစ်ကို၊ မိမိရင်ခွင်၌ရှိသောမယား၊ ကျန်ရှိသောမိမိသားသမီးတို့အပေါ် တွန့်တိုလိမ့်မည်။
ယင်းသို့မြို့ကိုရန်သူပိုင်ထားစဉ်ဆာလောင် ငတ်မွတ်သောသူသည် ယဉ်ကျေးသောသူပင် ဖြစ်လင့်ကစား မိမိသားသမီး၏အသား ကိုစားလိမ့်မည်။ သူသည်မိမိညီအစ်ကို၊ ချစ် သောဇနီး၊ ကျန်သောသားသမီးတို့အား ထိုအသားကိုဝေမျှ၍စားမည်မဟုတ်။-
သင် တို့ မြို့ ဟူ သ မျှ ကို ကျပ် တည်း ကျဉ်း မြောင်း စွာ ရန် သူ တို့ ဝန်း ဝိုင်း ကြ သည့် ကာ လ၊ သင် တို့ အ နက် နူး ညံ့ သိမ် မွေ့ လှ သော သူ ပင်၊ အ စာ ကုန် ခန်း သော ကြောင့် ကိုယ် တိုင် စား အံ့ သော သား သ မီး တို့၏ အ သား ကို ညီ အစ် ကို၊ သိမ်း ပိုက် သော မ ယား၊ ကျန် သေး သော သား သ မီး တို့ အား မ ဝေ မျှ ရက် ဘဲ တွန့် တို လ တ္တံ့။
သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်းကျပ်စေသောအခါ၊
ဆင်းရဲသောသူ၌မူကား သူဝယ်ယူထားသော သိုးသငယ်မလေးတစ်ကောင်မှလွဲ၍ မည်သည့်အရာမျှမရှိ။ သူသည် ထိုသိုးသငယ်မလေးကို ကျွေးမွေးပြုစုခဲ့၏။ သူနှင့်အတူနေ၍ သူ့သားသမီးနှင့်အတူကြီးပြင်းလာ၏။ သူနှင့်အတူ စား၏။ သူ့ခွက်တွင်ပင် သောက်၏။ သူ့သမီးကဲ့သို့ သူ့ရင်ခွင်တွင် အိပ်၏။
ဖခင်သည် မိမိ၏သားသမီးများကို သနားစုံမက်သကဲ့သို့ ထာဝရဘုရားသည် မိမိအားကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
စေးနှဲသောသူ၏အစားအစာကိုမစားနှင့်။ သူ၏စားကောင်းသောက်ဖွယ်များကိုလည်း မတောင့်တနှင့်။
စေးနှဲသောသူသည် စည်းစိမ်ဥစ္စာရရန် အလျင်စလိုလုပ်ဆောင်သော်လည်း ဆင်းရဲခြင်းသည် သူ့ထံသို့ရောက်လာမည်ကို သူမသိချေ။
မိခင်သည် မိမိနို့စို့ကလေးကို မေ့လျော့နိုင်မည်လော။ မိမိဝမ်းနှင့်လွယ်သောသားသမီးကို မသနားဘဲနေမည်လော။ ထိုသို့မေ့လျော့နိုင်ခဲ့လျှင်ပင် ငါသည် သင့်ကိုမေ့လျော့မည်မဟုတ်။
သင့်အိမ်နီးချင်းကို မယုံနှင့်။ သင့်မိတ်ဆွေကိုလည်း မကိုးစားနှင့်။ သင့်ရင်ခွင်၌ အိပ်နေသောမိန်းမရှေ့တွင်လည်း စကားကို သတိထားပြောလော့။
သို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူကိုလော။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူတို့သည် ဘုရင့်နန်းတော်များ၌ရှိကြ၏။
ငါပိုင်ဆိုင်သောဥစ္စာဖြင့် ငါပြုလိုသည့်အရာကို ငါပြုပိုင်ခွင့်မရှိသလော။ သို့မဟုတ် ငါသည် သဘောကောင်းသောကြောင့် သင်သည် မရှုဆိတ်ဖြစ်နေသလော’ဟု ဆိုလေ၏။
သင်၏မအေတူဖအေကွဲညီအစ်ကိုဖြစ်စေ၊ သင်၏သားသမီးဖြစ်စေ၊ သင်၏ရင်ခွင်၌ရှိသောမယားဖြစ်စေ၊ အရင်းနှီးဆုံးမိတ်ဆွေဖြစ်စေ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသောအခြားဘုရားများဖြစ်သည့်
သင်သည် ‘အကြွေးလျှော်ပစ်ခြင်းနှစ်ဖြစ်သော ခုနစ်နှစ်မြောက်သောနှစ်ရောက်လုနီးပြီ’ဟု တွေးလျက် နွမ်းပါးသော သင်၏ညီအစ်ကိုအား မကြည်ဖြူ၊ ဘာမျှမပေးဘဲနေခြင်းဖြင့် ဆိုးညစ်သောစိတ် မဝင်မိစေရန်သတိပြုလော့။ သို့မဟုတ်လျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်မည်။
သင့်ရန်သူတို့သည် သင့်ကိုဝိုင်းထား၍ သင့်ကို အကျပ်အတည်းထဲသို့ ရောက်စေသောကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် သင့်ရင်သွေးဖြစ်သော သင့်သားသမီးတို့၏အသားကိုပင် သင်ပြန်စားရလိမ့်မည်။
သူ၌စားစရာတစ်စုံတစ်ခုမျှ မကျန်တော့သဖြင့် သူစားနေသော သားသမီး၏အသားကိုပင် အခြားသူတစ်ယောက်ကိုမျှ မကျွေးဘဲနေလိမ့်မည်။