Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 28:54 - Common Language Bible

54-55 ယင်း​သို့​မြို့​ကို​ရန်​သူ​ပိုင်​ထား​စဉ်​ဆာ​လောင် ငတ်​မွတ်​သော​သူ​သည် ယဉ်​ကျေး​သော​သူ​ပင် ဖြစ်​လင့်​က​စား မိ​မိ​သား​သ​မီး​၏​အ​သား ကို​စား​လိမ့်​မည်။ သူ​သည်​မိ​မိ​ညီ​အစ်​ကို၊ ချစ် သော​ဇ​နီး၊ ကျန်​သော​သား​သ​မီး​တို့​အား ထို​အ​သား​ကို​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

54-55 သင် တို့ မြို့ ဟူ သ မျှ ကို ကျပ် တည်း ကျဉ်း မြောင်း စွာ ရန် သူ တို့ ဝန်း ဝိုင်း ကြ သည့် ကာ လ၊ သင် တို့ အ နက် နူး ညံ့ သိမ် မွေ့ လှ သော သူ ပင်၊ အ စာ ကုန် ခန်း သော ကြောင့် ကိုယ် တိုင် စား အံ့ သော သား သ မီး တို့၏ အ သား ကို ညီ အစ် ကို၊ သိမ်း ပိုက် သော မ ယား၊ ကျန် သေး သော သား သ မီး တို့ အား မ ဝေ မျှ ရက် ဘဲ တွန့် တို လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

54 သင့်​နေ​ရာ​မြို့​တို့​ကို ရန်​သူ​ဝိုင်း​ထား၍ ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

54 သင့်​ရန်သူ​တို့​သည် သင့်​မြို့​အားလုံး​ကို​ဝိုင်းထား​၍ အကျပ်အတည်း​ထဲသို့​ရောက်​စေ​သောကြောင့် သင့်​တွင်​ရှိ​သော အလွန်​နူးညံ့​သိမ်မွေ့​သော​ယောက်ျား​ပင်လျှင် မိမိ​ညီအစ်ကို​၊ မိမိ​ရင်ခွင်​၌​ရှိ​သော​မယား​၊ ကျန်ရှိ​သော​မိမိ​သားသမီး​တို့​အပေါ် တွန့်တို​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 28:54
14 ပူးပေါင်းရင်းမြစ်များ  

သူ​ဆင်း​ရဲ​၌​ကား​မိ​မိ​ဝယ်​ထား​သော​သိုး​က​လေး တစ်​ကောင်​သာ​ရှိ​၏။ သူ​သည်​ထို​သိုး​ငယ်​ကို​ကြည့်​ရှု စောင့်​ရှောက်​၏။ သိုး​ငယ်​သည်​သမီး​သ​ဖွယ်​အိမ်​တွင် သား​သ​မီး​များ​နှင့်​အ​တူ​ကြီး​ပြင်း​လာ​သည်။ သူ​သည်​သိုး​ငယ်​အား​မိ​မိ​စား​သည့်​အ​စား အ​စာ​ကို​ကျွေး​တတ်​၏။ မိ​မိ​၏​သောက်​ရေ​ခွက် မှ​ရေ​ကို​တိုက်​၍​ပေါင်​ပေါ်​တွင်​ချီ​ပွေ့​ထား တတ်​၏။-


ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။


မနာလိုသောသူ၏ အစာကိုမစားနှင့်။ သူ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့်။


ငွေရတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ်၏။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။


ထာ​ဝ​ရ​ဘု​ရား​က ``မိ​ခင်​တစ်​ဦး​သည်​မိ​မိ​၏​ရင်​ခွင်​မှ​ရင် သွေး​ငယ်​ကို မေ့​လျော့​နိုင်​ပါ​မည်​လော။ မိ​မိ​ကိုယ်​ဝန်​ဆောင်​ခဲ့​သော​က​လေး​ကို​မ​ချစ်​ဘဲ နေ​နိုင်​ပါ​မည်​လော။ မိ​ခင်​ဖြစ်​သူ​သည်​က​လေး​ငယ်​ကို​မေ့​လျော့​သည် ဆို​စေ​ဦး၊ ငါ​သည်​သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ လိမ့်​မည်​မ​ဟုတ်။


သင်​တို့​၏​အိမ်​နီး​နား​ချင်း​ကို​သော်​လည်း ကောင်း၊ မိတ်​ဆွေ​ကို​သော်​လည်း​ကောင်း​မ​ယုံ ကြ​နှင့်။ သင်​၏​ဇ​နီး​ကို​ပင်​သ​တိ​နှင့် စကား​ပြော​လော့။-


ထို​သို့​မ​ဟုတ်​ပါ​မူ​အ​ဘယ်​ကြောင့်​နည်း။ ဝတ် ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​ကို​ကြည့်​ရှု​ကြ ရန်​လော။ ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​များ ကား​မင်း​အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-


ငါ​ပိုင်​သည့်​ငွေ​ကို​ငါ​အ​လို​ရှိ​သည့်​အ​တိုင်း​မ​သုံး စွဲ​အပ်​ပါ​သ​လော။ ငါ​ရက်​ရော​သော​ကြောင့်​သင် မ​နာ​လို​ဝန်​တို​စိတ်​ရှိ​သ​လော' ဟု​ဆို​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။


``သင်​၏​ညီ​အစ်​ကို၊ သင်​၏​သား​သ​မီး၊ သင်​ချစ် သော​ဇ​နီး၊ သင်​နှင့်​အ​လွန်​ရင်း​နှီး​သော​မိတ်​ဆွေ တစ်​ဦး​ဦး​က​ပင်​လျှင် သင်​နှင့်​သင်​၏​ဘိုး​ဘေး တို့​ယ​ခင်​က​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​ဘူး​သော အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​တိတ်​တ​ဆိတ်​သွေး​ဆောင်​ပေ​လိမ့်​မည်။-


အ​ကြွေး​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည့်​နှစ် နီး​လာ​သ​ဖြင့် ထို​သူ​အား​မ​ချေး​ငှား​ဘဲ မ​နေ​နှင့်။ သင်​၌​ထို​ကဲ့​သို့​တွန့်​တို​သော​စိတ် မ​ဝင်​စေ​ရ။ သင်​သည်​သူ့​အား​မ​ချေး​ငှား​လျှင် သူ​သည်​ထာဝရ​ဘုရား​ထံ​တိုင်​တန်း​သ​ဖြင့် သင် သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​လိမ့်​မည်။-


``ရန်​သူ​တို့​သည် သင်​တို့​၏​မြို့​များ​ကို​ဝိုင်း​၍ တပ်​ချ​ထား​သော​အ​ခါ သင်​တို့​သည်​ဆာ​လောင် ငတ်​မွတ်​လှ​သ​ဖြင့် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော​သား သ​မီး​များ​၏​အ​သား​ကို​ပင်​လျှင်​စား​ကြ လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ