Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟော 28:56 - Common Language Bible

56-57 ယဉ်​ကျေး​သိမ်​မွေ့​၍​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သ​ဖြင့် မြေ​ကို​ခြေ​နှင့်​မ​နင်း​ဘူး​သော​အ​မျိုး​သ​မီး သည်​ပင် မြို့​ကို​ရန်​သူ​များ​ဝိုင်း​၍​အ​စား​အ​စာ ပြတ်​လပ်​သော​အ​ခါ မိ​မိ​မွေး​စ​က​လေး​၏ အသား​နှင့်​အ​ချင်း​ကို​လျှို့​ဝှက်​စွာ​စား​ကြ လိမ့်​မည်။ ထို​က​လေး​၏​အ​သား​နှင့်​အ​ချင်း ကို မိ​မိ​ချစ်​သော​ခင်​ပွန်း​နှင့်​သား​သ​မီး တို့​အား​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

56 သိမ် မွေ့ နူး ညံ့ သ ဖြင့် မြေ ပေါ် သို့ ခြေ မ ချ ဝံ့ သူ၊ နူး ညံ့ သိမ် မွေ့ သော မိန်း မ လည်း၊ သိမ်း ပိုက် သော ယောက်ျား၊ သား၊ သ မီး တို့ အား တွန့် တို လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

56-57 သင့်​နေ​ရာ​မြို့​တို့​ကို ရန်​သူ​ဝိုင်း​ထား၍ ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊ အ​လွန်​နူး​ညံ့​သိမ်​မွေ့​သ​ဖြင့် မြေ​ကို မ​နင်း​ဝံ့​သော​မိန်း​မ​သည်​လည်း၊ စား​စ​ရာ​အ​လျှင်း မ​ရှိ​သော​ကြောင့်၊ မိ​မိ​ရင်​ခွင်၌​ရှိ​သော လင်၊ မိ​မိ​သား​သ​မီး၊ မိ​မိ​ဝမ်း​ထဲ​က ထွက်​သော​အ​ချင်း၊ မိ​မိ​ဖွား​မြင်​သော သူ​ငယ်​တို့​ကို မ​နာ​လို​သော​စိတ်​ရှိ၍ မိ​မိ​သူ​ငယ်​ကို တိတ်​ဆိတ်​စွာ စား​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

56 သင့်​ရန်သူ​တို့​သည် သင့်​မြို့​ကို​ဝိုင်းထား​၍ အကျပ်အတည်း​ထဲသို့​ရောက်​စေ​သောကြောင့် မြေ​ပေါ်​ခြေ​မ​ချ​ဖူး​သည့် နူးညံ့​သိမ်မွေ့​သော​မိန်းမ​ပင်လျှင် မိမိ​ရင်ခွင်​၌​ရှိ​သော​ယောက်ျား​၊ မိမိ​သား​သမီး​တို့​အပေါ် တွန့်တို​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 28:56
8 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​မြို့​ကို​ရန်​သူ​ပိုင်​ထား​စဉ်​ဆာ​လောင် ငတ်​မွတ်​သော​သူ​သည် ယဉ်​ကျေး​သော​သူ​ပင် ဖြစ်​လင့်​က​စား မိ​မိ​သား​သ​မီး​၏​အ​သား ကို​စား​လိမ့်​မည်။ သူ​သည်​မိ​မိ​ညီ​အစ်​ကို၊ ချစ် သော​ဇ​နီး၊ ကျန်​သော​သား​သ​မီး​တို့​အား ထို​အ​သား​ကို​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်။-


ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သူ​တို့ သည်​အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​လျက်​နေ​သည် ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​လည်​ကို​မော်​၍ သွား​လာ​တတ်​ကြ​၏။ အ​စဉ်​ပင်​လျှပ်​ပေါ်​လော် လီ​ကာ​နေ​ကြ​၏။ သူ​တို့​၏​ခြေ​လှမ်း​က​လေး များ​သည်​သာ​ယာ​ညင်း​ပျောင်း​လှ​၍ သူ​တို့​၏ ခြေ​ချင်း​များ​သည်​လည်း​တ​ချွင်​ချွင်​မြည် လျက်​ရှိ​၏။-


ထို​သို့​မ​ဟုတ်​ပါ​မူ​အ​ဘယ်​ကြောင့်​နည်း။ ဝတ် ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​ကို​ကြည့်​ရှု​ကြ ရန်​လော။ ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​များ ကား​မင်း​အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-


``အို ဗာ​ဗု​လုန်​မြို့​တည်း​ဟူ​သော​အ​မျိုး​သ​မီး၊ သင်​သည်​ရာ​ဇ​ပလ္လင်​ပေါ်​မှ​ဆင်း​၍ မြေ​ကြီး​ပေါ်​တွင်​ထိုင်​လော့။ အ​ခါ​တစ်​ပါး​က​သင်​သည်​အ​နှောင့်​အ​ယှက် မ​ခံ​ရ​ဘူး​သည့်​အ​ပျို​စင်​ဖြစ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​သည်​ပျော့​ပျောင်း​သိမ်​မွေ့​သူ မ​ဟုတ်​တော့​ပေ။ သင်​သည်​ယ​ခု​ကျွန်​ဘ​ဝ​ရောက်​ခဲ့​ပေ​ပြီ။


ဇိ​အုန်​သ​မီး​ပျို​သည်​လှ​ပ​၍​သိမ်​မွေ့ သော်​လည်း ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။-


ငါ​၏​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​သည် ကြောက်​မက်​ဖွယ်​ကောင်း​လှ​၏။ ချစ်​ခင်​ကြင်​နာ​တတ်​သော​မိ​ခင်​များ​ပင်​လျှင် မိ​မိ​တို့​သား​သ​မီး​များ​ကို​ပြုတ်​၍​စား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ