သူ့အိမ်၌ရှိသောဥစ္စာတို့သည် သိမ်းသွားခြင်း ခံရလိမ့်မည်။ အမျက်တော်နေ့ရက်တွင် သုတ်သင်ပယ်ရှင်းခြင်း ခံရလိမ့်မည်။
တရားဟော 28:31 - မြန်မာ့စံမီသမ္မာကျမ်း သင့်နွားကို သင့်ရှေ့မှောက်၌ပင် သတ်သော်လည်း အသားကို သင်စားရမည်မဟုတ်။ သင့်မြည်းကို သင့်ရှေ့မှောက်၌ပင် လုယူသွားသော်လည်း ထိုမြည်းကို သင်ပြန်ရမည်မဟုတ်။ သင့်သိုးသည် ရန်သူလက်သို့ရောက်သော်လည်း ကယ်တင်မည့်သူမရှိ။ Common Language Bible သင်၏နွားကိုသင့်မျက်စိရှေ့တွင်သတ်သော် လည်း သင်သည်အသားကိုမစားရ။ သင်၏ မြည်းများခိုးယူသွားသည်ကိုမျက်စိဖြင့် မြင်ရသော်လည်း မြည်းများကိုပြန်မရ။ သင်၏သိုးများရန်သူ့လက်သို့ကျရောက် လိမ့်မည်။ သို့ရာတွင်သင့်အားကူညီမည့် သူရှိလိမ့်မည်မဟုတ်။- Garrad Bible ကိုယ် ပိုင် နွား ကို ရှေ့ တွင် သတ် လျက်၊ စား ခွင့် ကိုလည်း ကောင်း၊ ကိုယ် ပိုင် မြည်း ကို မျက် မြင် လု လျက်၊ ပြန် ယူ ခွင့် ကိုလည်း ကောင်း၊ လုပ် ကြ မည် မ ဟုတ်။ ကယ် မ သူ မ ရှိ ဘဲ၊ သိုး ဆိတ် များ လည်း ရန် သူ တို့ လက် တွင်း သို့ ရောက် ကြ လ တ္တံ့။ Judson Bible သင့်နွားကို သင့်မျက်မှောက်၌ သတ်၍သေသော်လည်း သင့်ကိုယ်တိုင်မစားရ။ သင့်မြည်းကို သင့်ရှေ့မှောက်၌ အနိုင်အထက်ယူသွားပြီးမှ၊ နောက်တစ်ဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌အပ်သောအခါ ကယ်နုတ်သောသူ မပေါ်မရှိရ။ |
သူ့အိမ်၌ရှိသောဥစ္စာတို့သည် သိမ်းသွားခြင်း ခံရလိမ့်မည်။ အမျက်တော်နေ့ရက်တွင် သုတ်သင်ပယ်ရှင်းခြင်း ခံရလိမ့်မည်။
ထာဝရဘုရားက “သင်၏ကောက်ပဲသီးနှံကို သင်၏ရန်သူတို့အား စားခွင့်ပေးတော့မည်မဟုတ်။ သင်ကြိုးစားအားထုတ်၍ရရှိသော စပျစ်ဝိုင်အသစ်ကိုလည်း တိုင်းတစ်ပါးသားများ သောက်ရတော့မည်မဟုတ်။
ထိုလူမျိုးသည် သင်၏အသီးအနှံ၊ အစားအစာတို့ကို ဝါးမျိုလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏စပျစ်ပင်၊ သင်္ဘောသဖန်းပင်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်ကိုးစားသောသင်၏ခံတပ်မြို့များကိုပါမချန် ဓားလက်နက်ဖြင့်ဖျက်ဆီးလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်သည် မိန်းမနှင့်စေ့စပ်ထားသော်လည်း အခြားသူက ထိုမိန်းမနှင့်အိပ်လိမ့်မည်။ သင်သည် အိမ်ကိုဆောက်သော်လည်း ထိုအိမ်၌နေရမည်မဟုတ်။ စပျစ်ခြံကို စိုက်ပျိုးသော်လည်း အကျိုးခံစားရမည်မဟုတ်။
သင်၏သားသမီးတို့သည် အခြားလူမျိုးလက်သို့ ရောက်သွားလိမ့်မည်။ သို့ဖြစ်၍ သင်၏မျက်စိတို့သည် သူတို့ကို တစ်ချိန်လုံး မျှော်ကြည့်၍ အားကုန်လိမ့်မည်။ သင့်လက်သည် အားမရှိ။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို မိဒျန်လူမျိုးတို့လက်သို့ ခုနစ်နှစ်အပ်လိုက်တော်မူ၏။
တပ်ချ၍ တိုက်ခိုက်ကြ၏။ ဂါဇမြို့တိုင်အောင် ထိုပြည်၏အသီးအနှံတို့ကိုဖျက်ဆီးပစ်ကြ၏။ အစ္စရေးလူမျိုးတို့၏စားနပ်ရိက္ခာမှစ၍ သိုး၊ နွား၊ မြည်းပါမကျန် ဖျက်ဆီးပစ်ကြ၏။