မိမိ၏ရန်သူတို့ကို ရိုက်ထုတ်တွန်းလှန်ကာ ထာဝရကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့အပေါ်သက်ရောက်စေတော်မူ၏။
တရားဟော 28:27 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ကုသ၍မရသော အီဂျစ်ပြည်အနာစိမ်း၊ ပလိပ်နာ၊ နှင်းခူ၊ ယားနာ စသည်ဖြင့် သင့်ကို ဒဏ်ခတ်တော်မူမည်။ Common Language Bible အီဂျစ်အမျိုးသားတို့ကဲ့သို့ သင်တို့၌အနာ စိမ်းရောဂါစွဲစေတော်မူမည်။ သင်တို့၏ကိုယ် ပေါ်တွင်အနာပေါက်စေတော်မူမည်။ သင်တို့ တွင်ဆေးကု၍မရသောဝဲခြောက်နာ၊ ယား နာများစွဲကပ်လိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား သည် ကု သ၍ မ ရ သော၊ အိ ဂျစ် အ နာ ဆိုး၊ ဘင် နာ၊ ယား နာ၊ ဒက် နာ များ ဖြင့် လည်း ကောင်း၊ Judson Bible ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း၊ မြင်းသရိုက်နာ၊ ဝဲနာ၊ မပျောက်နိုင်သောယားနာဖြင့် ဒဏ်ခတ်တော်မူမည်။ |
မိမိ၏ရန်သူတို့ကို ရိုက်ထုတ်တွန်းလှန်ကာ ထာဝရကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့အပေါ်သက်ရောက်စေတော်မူ၏။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့သည် မီးပြင်းဖိုမှကျပ်ခိုးကိုယူပြီး ဖာရောမင်းကြီး၏ရှေ့၌ရပ်လေ၏။ မောရှေသည်လည်း ၎င်းကို မိုးကောင်းကင်သို့ကြဲဖြန့်လေရာ လူနှင့်တိရစ္ဆာန်တို့၌ ပြည်တည်သောအနာစိမ်းဖြစ်လေ၏။
နတ်ဝိဇ္ဇာဆရာများနှင့် အီဂျစ်လူမျိုးအားလုံးတို့၌ အနာစိမ်းပေါက်သဖြင့် နတ်ဝိဇ္ဇာဆရာတို့သည် အနာစိမ်းကြောင့် မောရှေ၏ရှေ့၌ မရပ်နိုင်ကြပေ။
ထိုကျပ်ခိုးသည် အမှုန့်ဖြစ်သွား၍ အီဂျစ်ပြည်တစ်ပြည်လုံးလွှမ်းသွားပြီး အီဂျစ်ပြည်တစ်ပြည်လုံးရှိ လူနှင့်တိရစ္ဆာန်တို့၌ ပြည်တည်သောအနာစိမ်းဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရားရှင်သည် ဇိအုန်သမီးတို့၏ဦးခေါင်းကို ယားနာပေါက်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့ကို အဝတ်အချည်းစည်းဖြစ်စေတော်မူမည်”ဟု မိန့်တော်မူ၏။
ကျောဘုသူ၊ အရပ်ပုသူ၊ မျက်လုံးပုံပျက်သူ၊ နှင်းခူပေါက်သူ၊ ယားနာပေါက်သူ၊ ဝှေးစေ့ပျက်သူစသည့် ကိုယ်အင်္ဂါချို့ယွင်းသောသူသည် မချဉ်းကပ်ရ။
“အီဂျစ်ပြည်အပေါ် ကပ်ရောဂါဘေးကျရောက်စေခဲ့သည့်နည်းတူ သင်တို့၌ ငါဖြစ်စေ၏။ လူပျိုတို့ကို ဓားဖြင့်ကွပ်မျက်ပြီး မြင်းတို့ကိုလည်း ဖမ်းသွားခြင်းခံရစေပြီ။ တပ်စခန်းထဲတွင် အပုပ်နံ့လျှံစေ၍ သင်တို့လည်း ရှူကြရပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားသည် သင့်ကို ရူးသွပ်ခြင်း၊ မျက်စိကန်းခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်းတို့ဖြင့် ဒဏ်ခတ်တော်မူမည်။
ထာဝရဘုရားသည် ကုသ၍မရသော ဆိုးရွားသည့်အနာစိမ်းများဖြင့် သင့်ဒူး၊ သင့်ပေါင်တို့ကိုသာမက ခြေဖဝါးမှစ၍ ဦးခေါင်းတိုင်အောင် ဒဏ်ခတ်တော်မူမည်။
ထာဝရဘုရားသည် အနာရောဂါရှိသမျှတို့ကို သင့်ထံမှ ဖယ်ရှားပေးတော်မူမည်။ သင်သိခဲ့သည့် အီဂျစ်ပြည်၏ဆိုးရွားသောရောဂါဝေဒနာရှိသမျှတို့ကို သင့်အပေါ်သို့ ကျရောက်စေတော်မမူဘဲ သင့်ကိုမုန်းသောသူအပေါင်းတို့အပေါ်သို့ ကျရောက်စေတော်မူမည်။
အသက်မသေဘဲ ကျန်ရစ်သူတို့မှာ ပလိပ်ရောဂါဖြင့် ဒဏ်ခတ်ခံရသောကြောင့် တစ်မြို့လုံး၏အော်ဟစ်သံသည် မိုးကောင်းကင်အထိ ရောက်လေ၏။
ထာဝရဘုရား၏လက်တော်သည် အာဇုတ်မြို့သားတို့ကို ပြင်းထန်စွာဒဏ်ခတ်တော်မူ၏။ အာဇုတ်မြို့နှင့် ဝန်းကျင်တစ်ဝိုက်ကို ပလိပ်ရောဂါဖြင့် ဖျက်ဆီးသတ်ဖြတ်တော်မူ၏။
သေတ္တာတော်ကို သယ်ဆောင်သွားကြရာ ထိုမြို့ကိုလည်း ထာဝရဘုရား၏လက်တော်သည် ဒဏ်ခတ်တော်မူသဖြင့် အလွန်တုန်လှုပ်ချောက်ချားကြကုန်၏။ ထိုမြို့ရှိမြို့သားတို့ကိုလည်း အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် ပလိပ်ရောဂါဖြင့် ဒဏ်ခတ်တော်မူ၏။