Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟော 28:27 - Common Language Bible

27 အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ သင်​တို့​၌​အ​နာ စိမ်း​ရော​ဂါ​စွဲ​စေ​တော်​မူ​မည်။ သင်​တို့​၏​ကိုယ် ပေါ်​တွင်​အ​နာ​ပေါက်​စေ​တော်​မူ​မည်။ သင်​တို့ တွင်​ဆေး​ကု​၍​မ​ရ​သော​ဝဲ​ခြောက်​နာ၊ ယား နာ​များ​စွဲ​ကပ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ထာ ဝ ရ ဘု ရား သည် ကု သ၍ မ ရ သော၊ အိ ဂျစ် အ နာ ဆိုး၊ ဘင် နာ၊ ယား နာ၊ ဒက် နာ များ ဖြင့် လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​အ​နာ​စိမ်း၊ မြင်း​သ​ရိုက်​နာ၊ ဝဲ​နာ၊ မ​ပျောက်​နိုင်​သော​ယား​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ထာဝရဘုရား​သည် ကုသ​၍​မ​ရ​သော အီဂျစ်​ပြည်​အနာစိမ်း​၊ ပလိပ်နာ​၊ နှင်းခူ​၊ ယားနာ စသည်​ဖြင့် သင့်​ကို ဒဏ်ခတ်​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 28:27
16 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဇုတ်​မြို့​သား​တို့ အား ပြင်း​စွာ​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်​ကြောက် လန့်​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည် ထို​မြို့​သား​တို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့ အား​အ​နာ​စိမ်း​များ​ပေါက်​စေ​ခြင်း​အား ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။-


သင်​တို့​၏​ခြေ​ထောက်​များ​တွင်​နာ​ကျင်​၍ မ​ပျောက်​နိုင်​သော​အနာ​များ​ပေါက်​လိမ့်​မည်။ သင်​၏​တစ်​ကိုယ်​လုံး​တွင်​အ​နာ​စိမ်း​များ ပေါက်​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ​၏ စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​နာ​ခံ​၍​ငါ နှစ်​သက်​သော​အ​ကျင့်​ကို​ကျင့်​ပြီး ပ​ညတ် သ​မျှ​တို့​ကို​လိုက်​နာ​လျှင်၊ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​အ​ပေါ်​တွင်​ကျ​ရောက်​စေ သော​ရော​ဂါ​မျိုး​များ​ကို သင်​တို့​အ​ပေါ်​တွင် မည်​သည့်​အ​ခါ​မျှ​ကျ​ရောက်​စေ​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​၏​ရော​ဂါ​ကို​ပျောက်​ကင်း စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။


ထို​ပြာ​သည်​အီ​ဂျစ်​တစ်​ပြည်​လုံး​တွင် မြေ​မှုန့်​ကဲ့ သို့​ပျံ့​နှံ့​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ်​ပေါ်​၌ အ​နာ​ဆိုး​များ​ပေါက်​စေ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။-


သို့​ရာ​တွင်​ငါ​သည်​သူ​တို့​အား ဦး​ပြည်း ခေါင်း​တုံး​ရိတ်​၍​အ​ပြစ်​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။


မိ​မိ​၏​ရန်​သူ​များ​ကို​ထာ​ဝ​စဉ်​အ​ရှက်​ကွဲ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။


သေ​ဘေး​နှင့်​လွတ်​သော​သူ​များ​ပင်​လျှင် အ​နာ​စိမ်း​များ​ပေါက်​ကြ​သ​ဖြင့် လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​များ​အား​ကူ​မ​ရန်​ဟစ် အော်​လျှောက်​ထား​ကြ​၏။


သို့​ရာ​တွင်​ထို​အ​ရပ်​သို့​သေတ္တာ​တော်​ရောက်​ရှိ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​ကို​လည်း ဒဏ်​ခတ်​တော်​မူ​ပြန်​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။ ကိုယ်​တော်​သည်​ကြီး​ငယ်​မ​ရွေး​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​အား​အ​နာ​စိမ်း​များ ပေါက်​စေ​ခြင်း​အား​ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။-


အ​ခြား​သော​အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ မှော်​ဆ​ရာ​တို့​ကိုယ်​ပေါ်​တွင်​လည်း​အ​နာ​ဆိုး များ​ပေါက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​သည် မော​ရှေ​ရှေ့​သို့​မ​လာ​နိုင်​ကြ​တော့​ချေ။-


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ရော​ဂါ ဘေး​အ​မျိုး​မျိုး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင်​သင်​တို့​တွေ့​မြင်​ခဲ့​ရ​သော ရော​ဂါ​ဆိုး​ဘေး​မ​သင့်​စေ​ရ။ သို့​သော်​သင် တို့​၏​ရန်​သူ​ဟူ​သ​မျှ​မူ​ကား ရော​ဂါ​ဆိုး ဘေး​သင့်​လိမ့်​မည်။-


သင်​တို့​တွင်​စိတ်​ဖောက်​ပြန်​ခြင်း၊ မျက်​စိ​ကွယ် ခြင်း၊ တွေ​ဝေ​ခြင်း​စ​သည့်​အ​ဖြစ်​ဆိုး​များ နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။-


``အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ​သော​ကပ်​ဆိုး​ကို​သင် တို့​၌​လည်း​ဖြစ်​စေ​ခဲ့​ပြီ။ သင်​တို့​လူ​ငယ်​များ ကို​စစ်​တ​လင်း​၌​ငါ​သတ်​ခဲ့​ပြီ။ သင်​တို့​မြင်း များ​ကို​လည်း​သိမ်း​သွား​ခဲ့​ပြီ။ သင်​တို့​တပ် စ​ခန်း​များ​ကို​သင်​တို့​ဘက်​သား အ​လောင်း ကောင်​များ​၏​အ​ပုပ်​နံ့​ဖြင့်​နံ​စော်​စေ​ခဲ့​ပြီ။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန် မ​လာ​သေး​ဘဲ​နေ​ကြ​လေ​ပြီ။


သို့​ဖြစ်​၍​သူ​တို့​သည်​ပြာ​ကို​ယူ​၍​ဘုရင်​ရှေ့ တွင်​ရပ်​နေ​ကြ​၏။ မော​ရှေ​သည်​ပြာ​ကို​လေ​ထဲ သို့​ပစ်​လွှင့်​လိုက်​ရာ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ် ပေါ်​၌​အ​နာ​ဆိုး​များ​ပေါက်​စေ​လေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ