ဖခင်ကိုပြက်ရယ်ပြု၍ မိခင်အားနာခံခြင်းကို မထီမဲ့မြင်ပြုတတ်သောမျက်စိကို လျှိုမြောင်၌ရှိသောကျီးကန်းတို့သည် ဖောက်ထုတ်၍ လင်းတ၏သားပေါက်တို့သည် စားကြလိမ့်မည်။
တရားဟော 28:26 - မြန်မာ့စံမီသမ္မာကျမ်း သင်၏အလောင်းသည် မိုးကောင်းကင်ငှက်အမျိုးမျိုး၊ မြေတိရစ္ဆာန်အမျိုးမျိုးတို့၏အစာ ဖြစ်ရလိမ့်မည်။ ထိုအကောင်တို့ကို နှင်ထုတ်မည့်သူမရှိ။ Common Language Bible သင်တို့သေဆုံးသောအခါငှက်များနှင့် သားရဲတိရစ္ဆာန်တို့က သင်တို့၏အသား ကိုစားကြလိမ့်မည်။ ထိုငှက်နှင့်သားရဲ တိရစ္ဆာန်များကိုမောင်းနှင်မည့်သူရှိလိမ့် မည်မဟုတ်။- Garrad Bible မောင်း နှင် သူ ကင်း လျက်၊ လေ သ တ္တ ဝါ၊ မြေ သ တ္တ ဝါ အ မျိုး မျိုး သည် သင် တို့ အ လောင်း များ ကို ကိုက် စား ကြ လ တ္တံ့။ Judson Bible သင်၏အသေကောင်သည် မိုးကောင်းကင်ငှက်၊ တောသားရဲစားစရာဖို့ ဖြစ်ရလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။ |
ဖခင်ကိုပြက်ရယ်ပြု၍ မိခင်အားနာခံခြင်းကို မထီမဲ့မြင်ပြုတတ်သောမျက်စိကို လျှိုမြောင်၌ရှိသောကျီးကန်းတို့သည် ဖောက်ထုတ်၍ လင်းတ၏သားပေါက်တို့သည် စားကြလိမ့်မည်။
သူတို့ထဲမှ အသတ်ခံရသူတို့ကို အပြင်သို့ပစ်လိုက်၍ သူတို့အလောင်းများမှ အပုပ်နံ့များထွက်လာမည်။ တောင်များပေါ်၌ သွေးချောင်းစီးမည်။
တစ်ဖန် ထာဝရဘုရားက “သတ်ဖြတ်မည့်ဓား၊ ကိုက်ဆွဲသွားမည့်ခွေး၊ ဝါးမျိုဖျက်ဆီးမည့် ကောင်းကင်ငှက်နှင့်မြေတိရစ္ဆာန် စသည့်ဘေးလေးမျိုးကို သူတို့ထံ ငါစေလွှတ်မည်။
“သူတို့သည် ရောဂါဆိုးဖြင့် သေလိမ့်မည်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူမရှိ။ သူတို့ကို သင်္ဂြိုဟ်မည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်လိမ့်မည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ပျက်စီးလိမ့်မည်။ အလောင်းကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဤအရပ်၌ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့၏အကြံအစည်များကို ပျက်ပြားစေမည်။ သူတို့ကို ရန်သူတို့ရှေ့တွင် ဓားဖြင့်ကျဆုံးစေမည်။ သူတို့၏အသက်ကို ရန်ရှာသောသူတို့လက်ဖြင့် ကျဆုံးစေမည်။ အလောင်းကောင်တို့ကို မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်စေမည်။
သူတို့အသက်ကို ရန်ရှာသောသူတို့၏ရန်သူတို့လက်သို့ ငါအပ်မည်။ အလောင်းကောင်တို့သည် ကောင်းကင်ငှက်၊ မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်။
ဤလူမျိုးအသေကောင်တို့ကို မိုးကောင်းကင်ရှိငှက်များ၊ မြေကြီးပေါ်ရှိတိရစ္ဆာန်များသည် ခြောက်လှန့်မည့်သူမရှိဘဲ စားကြလိမ့်မည်။
ထာဝရဘုရားက “ထိုကာလ၌ ယုဒဘုရင်တို့၏အရိုးများ၊ အကြီးအကဲတို့၏အရိုးများ၊ ယဇ်ပုရောဟိတ်တို့၏အရိုးများ၊ ပရောဖက်တို့၏အရိုးများ၊ ဂျေရုဆလင်မြို့သားတို့၏အရိုးများကို သူတို့၏သင်္ချိုင်းတွင်းများထဲမှ ထုတ်ပစ်ကြလိမ့်မည်။