အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
တရားဟော 27:20 - မြန်မာ့စံမီသမ္မာကျမ်း ‘မိမိဖခင်၏မယားနှင့်အိပ်ခြင်းဖြင့် မိမိဖခင်၏အိပ်ရာကိုရှုတ်ချသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။ Common Language Bible `` `ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်၍ ဖခင်အားအရှက်ခွဲသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံ ရကြမည်။ Garrad Bible အ ဘ၏ နှောင်း မ ယား ကို သိမ်း ပိုက် ဆက် ဆံ သူ ကား၊ အ မင်္ဂ လာ ရှိ သည် ဟု ကြော် ငြာ ကြ သော်၊ အာ မင် ဟူ၍ လူ ပ ရိ သတ် ဥဿုံ ဝန် ခံ ကြ စေ။ Judson Bible အဘနှင့်သာဆိုင်သော အဘ၏မယားနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ |
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
သို့သော် သင်သည် ရေကဲ့သို့ဘောင်ဘင်ခတ်တတ်သည်ဖြစ်၍ အထွတ်သို့မရောက်။ အကြောင်းမူကား သင်သည် သင့်ဖခင်၏အိပ်ရာပေါ်တက်၍ညစ်ညူးစေ၏။ သူသည် ငါ့ခုတင်ပေါ်တက်ဝံ့လေပြီတကား။
ထို့နောက် အဗရှလုံအတွက် ခေါင်မိုးပြင်တွင် တဲဆောင်ထိုးကြပြီး အဗရှလုံသည် အစ္စရေးတစ်မျိုးလုံး၏မျက်စိရှေ့တွင်ပင် ခမည်းတော်ချန်ထားသောမောင်းမတို့ထံ ဝင်လေ၏။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဤသို့ဖြစ်၏။ ရုဗင်သည် သားဦးဖြစ်သော်လည်း မိမိဖခင်၏အိပ်ရာကိုညစ်ညူးစေသောကြောင့် သူ၏သားဦးအရာကို အစ္စရေး၏မြေး၊ ယောသပ်၏သားတို့ ရသွား၏။ ဤသို့ဖြင့် သူသည် မျိုးရိုးစဉ်ဆက်စာရင်းတွင် သားဦးအရာ၌ စာရင်းမဝင်တော့ပေ။
သင့်ထဲတွင် ဖခင်၏မယားနှင့် ဆက်ဆံသောသူရှိ၏။ သင့်ထဲတွင် ဓမ္မတာလာချိန်မစင်ကြယ်သောမိန်းမကို အဓမ္မပြုကျင့်သောသူရှိ၏။
သင့်ဖခင်အား ရှုတ်ချခြင်းအမှုကိုမပြုရ။ သင့်မိခင်အား ရှုတ်ချခြင်းအမှုကိုမပြုရ။ သင့်မိခင်ဖြစ်သူနှင့်ဆက်ဆံခြင်းကို မပြုရ။
သင့်ဖခင်၏မယားနှင့်ဆက်ဆံခြင်းကိုမပြုရ။ ထိုအမှုသည် သင်၏ဖခင်ကိုရှုတ်ချခြင်းဖြစ်၏။
တစ်စုံတစ်ယောက်သည် မိမိဖခင်၏မယားနှင့်အိပ်လျှင် သူသည် မိမိဖခင်ကိုရှုတ်ချသည်ဖြစ်၍ သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
ဆင်းရဲသားတို့၏ခေါင်းကို မြေမှုန့်၌နင်းချေပြီး စိတ်နှိမ့်ချသောသူတို့ လျှောက်သောလမ်းကို ကာဆီးကြပြီ။ သားအဖနှစ်ယောက်က မိန်းမတစ်ယောက်တည်းနှင့်ပေါင်းဖော်ပြီး သန့်ရှင်းသောငါ့နာမကို ညစ်ညူးစေလေပြီ။
သင်တို့ထဲ၌ မိမိဖခင်၏မယားနှင့် ပေါင်းသင်းနေထိုင်သည့် တရားနှင့်မညီမေထုန်ပြုခြင်းမျိုးရှိနေကြောင်း သတင်းပျံ့နှံ့လျက်ရှိ၏။ ထိုကဲ့သို့သော တရားနှင့်မညီမေထုန်ပြုခြင်းမျိုးသည် လူမျိုးခြားများထဲ၌ပင်မရှိ။
ယောက်ျားအင်္ဂါပြတ်သွားသူ၊ သို့မဟုတ် ကြေမွသွားသူသည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။