တရားဟော 27:20 - Common Language Bible20 `` `ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်၍ ဖခင်အားအရှက်ခွဲသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံ ရကြမည်။ အခန်းကိုကြည့်ပါ။Garrad Bible20 အ ဘ၏ နှောင်း မ ယား ကို သိမ်း ပိုက် ဆက် ဆံ သူ ကား၊ အ မင်္ဂ လာ ရှိ သည် ဟု ကြော် ငြာ ကြ သော်၊ အာ မင် ဟူ၍ လူ ပ ရိ သတ် ဥဿုံ ဝန် ခံ ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible20 အဘနှင့်သာဆိုင်သော အဘ၏မယားနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ‘မိမိဖခင်၏မယားနှင့်အိပ်ခြင်းဖြင့် မိမိဖခင်၏အိပ်ရာကိုရှုတ်ချသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။ အခန်းကိုကြည့်ပါ။ |
ရုဗင်၏သားမြေးများကားအောက်ပါ အတိုင်းဖြစ်၏။ (ရုဗင်သည်ဣသရေလ ၏သားဦးဖြစ်သော်လည်း အဖ၏မောင်းမ တစ်ယောက်နှင့်ပြစ်မှားသဖြင့် သားဦး၏ အခွင့်အရေးများကိုဆုံးရှုံးရလေသည်။ ထိုအခွင့်အရေးများသည်ဣသရေလ ၏သားယောသပ်၏လက်သို့ရောက်ရှိ သွား၏။ သို့ဖြစ်၍သားစဉ်မြေးဆက် အလိုက်ရေတွက်သောအခါ သားဦး အရာကိုရုဗင်မရရှိပေ။-