ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
တရားဟော 24:19 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်ကို ကောင်းချီးပေးတော်မူမည့်အကြောင်း သင်သည် မိမိလယ်ယာ၌ သီးနှံရိတ်သိမ်းသောအခါ လယ်ယာထဲ၌ မေ့ကျန်ခဲ့သောကောက်လှိုင်းကို ပြန်မယူရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။ Common Language Bible ``သင်တို့သည်ကောက်ပင်များကိုရိတ်သိမ်း သောအခါ ကျန်ရစ်သောကောက်လှိုင်းများကို တစ်ပတ်ပြန်ကြော့၍မစုသိမ်းရ။ ထိုကောက် လှိုင်းများကိုလူမျိုးခြားများ၊ မိဘမဲ့ ကလေးများနှင့်မုဆိုးမများအတွက်ချန် ထားခဲ့ရမည်။ ယင်းအတိုင်းပြုပါမူသင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့ပြုလေသမျှကိုကောင်းချီးပေးတော်မူ လိမ့်မည်။- Garrad Bible သင် တို့ လယ် တွင် စ ပါး ရိတ် သိမ်း ကြ သည့် ကာ လ၊ ကောက် လှိုင်း မေ့ ကျန် လျှင်၊ ပြု လေ ရာ ရာ၌ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ စေ ခြင်း ငှါ၊ ပြန်၍ မ ယူ ဘဲ ဝင် နေ သူ၊ ဘ သက် ဆိုး၊ မု ဆိုး မ တို့ အ ဖို့ ရှိ စေ။ Judson Bible သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ်သောအခါ၊ မေ့လျော့သောကောက်လှိုင်းကို ပြန်၍မယူရ။ သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ထားရမည်။ |
ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
မိမိ၏အိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြုသောသူဖြစ်၏။ ဆင်းရဲချို့တဲ့သောသူတို့ကို သနားသောသူမူကား မင်္ဂလာရှိ၏။
ဆင်းရဲသောသူကိုသနားသောသူသည် ထာဝရဘုရားအား ချေးငှားခြင်းဖြစ်၍ ကိုယ်တော်သည် သူ၏လုပ်ဆောင်မှုအတွက် သူ့အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
မြင့်မြတ်သောသူကား မြင့်မြတ်သောအကြံကို ကြံစည်တတ်၏။ မြင့်မြတ်သောအမှု၌ တည်၏။
သင်တို့ပြည်တွင် ရိတ်သိမ်းချိန်၌ သီးနှံရိတ်သိမ်းသောအခါ သင့်လယ်၏အစွန်အဖျားကို အကုန်အစင်မရိတ်ရ။ ရိတ်သိမ်းပြီးသောအခါတွင်လည်း ကောက်သင်းမကောက်ရ။ ၎င်းတို့ကို ဆင်းရဲသားနှင့် တိုင်းတစ်ပါးသားတို့အတွက် ထားခဲ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
သို့သော် သင်တို့သည် သင်တို့၏ရန်သူများကို ချစ်ကြလော့။ ကောင်းသောအမှုကိုပြုကြလော့။ မည်သည့်အရာမျှ ပြန်လည်ရရှိရန်မမျှော်လင့်ဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့ရရှိမည့်ဆုလာဘ်သည်ကြီးမား၍ သင်တို့သည် အမြင့်ဆုံးသောဘုရား၏သားသမီးများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် ကျေးဇူးမသိသောသူနှင့် ဆိုးသောသူတို့အားလည်း ကျေးဇူးပြုတော်မူ၏။
ပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့ကိုလည်း ပေးကမ်းလိမ့်မည်။ အလျှံပယ်သိပ်လျက်၊ ခါလျက်၊ ပြည့်လျှံအောင် သင်တို့အိတ်ထဲသို့ ထည့်ပေးကြလိမ့်မည်။ အကြောင်းမူကား သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့ပြုလျှင် သင်တို့တွင် အမွေဝေစုမရသောလေဝိအမျိုး၊ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် လာပြီး ဝလင်စွာစားနိုင်မည်။ ဤအမှုကိုထောက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်အားကောင်းချီးပေးတော်မူမည်။
သူ့အား ပေးကမ်းသောအခါ မကြည်ဖြူသောစိတ်မရှိဘဲ ကြည်ကြည်ဖြူဖြူပေးကမ်းရမည်။ ဤအမှုကိုထောက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုမူလုပ်ဆောင်လေရာရာ၌ သင့်အား ကောင်းချီးပေးတော်မူမည်။
သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနုတ်တော်မူခဲ့ကြောင်းကို အောက်မေ့လော့။ ထို့အတွက်ကြောင့် ဤပညတ်တော်ကို လိုက်နာရန် သင့်အား ငါမှာကြားခြင်းဖြစ်၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ‘အကျွန်ုပ်သည် သန့်ရှင်းသောအရာကို အိမ်မှထုတ်၍ အကျွန်ုပ်အား ကိုယ်တော်မိန့်မှာတော်မူခဲ့သည့် ကိုယ်တော်၏ပညတ်တော်ရှိသမျှအတိုင်း ထိုအရာကို လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့အား ပေးပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို မချိုးဖောက်ပါ၊ မမေ့လျော့ပါ။
သင်တို့ရိတ်ထားသောကောက်ဆုပ်ထဲမှ ကောက်နှံအချို့ကို ချထားခဲ့ပါ။ သူကောက်ယူပါစေ။ သူ့ကို အပြစ်မပြောကြနှင့်”ဟု မှာထားလေ၏။
မောဘအမျိုးသမီးရုသက နောမိအား “လယ်ထဲသို့ အကျွန်ုပ်သွားပါရစေ။ ခွင့်ပြုသူရှိလျှင် ကောက်ရိတ်သမားတို့နောက်မှ ကောက်သင်းကောက်ပါရစေ”ဟု ဆိုလျှင် နောမိက “ငါ့သမီး၊ သွားပါ”ဟု ဆို၏။