ထိုအကြောင်းကို သေချာတွေးဆကြည့်ပြီးမှ ငါက ခေါင်းဆောင်များ၊ ကြီးကြပ်သူများအား “သင်တို့သည် ကိုယ့်အမျိုးသားချင်းကိုပင် အတိုးစားသူများဖြစ်ကြပါသည်တကား”ဟု ပြစ်တင်ပြောဆိုလျက် အစည်းအဝေးကြီးကို ခေါ်၍
တရားဟော 23:20 - မြန်မာ့စံမီသမ္မာကျမ်း တစ်ပါးအမျိုးသားထံမှ အတိုးယူနိုင်၏။ သို့သော် သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်တွင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်လုပ်ဆောင်လေရာရာ၌ သင့်ကို ကောင်းချီးပေးတော်မူမည့်အကြောင်း သင်သည် မိမိအမျိုးသားချင်းထံမှ အတိုးမယူရ။ Common Language Bible လူမျိုးခြားများထံမှအတိုးယူနိုင်သော် လည်း ဣသရေလအမျိုးသားချင်းထံမှ အတိုးမယူရ။ ဤပညတ်ကိုလိုက်နာလျှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့ သိမ်းယူမည့်ပြည်တွင်သင်တို့ပြုလေသမျှ ကိုကောင်းချီးပေးတော်မူလိမ့်မည်။ Garrad Bible တစ် ပါး အ မျိုး သား တို့ ထံ အ တိုး စား သော် လည်း၊ သင် တို့ ဝင် ရောက် ပိုင် ရ သော ပြည် တွင် ပြု လေ ရာ ရာ၌ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ စေ ခြင်း ငှါ၊ ဆွေ မျိုး သား ချင်း တို့ ထံ အ တိုး မ စား ဘဲ နေ ကြ လော့။ Judson Bible တစ်ပါးအမျိုးသား၌ အတိုးယူ၍ ချေးငှားရ၏။ သင်သွား၍ ဝင်စားသောပြည်တွင် သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်းချီးပေးတော်မူမည်အကြောင်း၊ အမျိုးသားချင်း၌ အတိုးယူ၍ ချေးငှားခြင်းကို ရှောင်ရမည်။ |
ထိုအကြောင်းကို သေချာတွေးဆကြည့်ပြီးမှ ငါက ခေါင်းဆောင်များ၊ ကြီးကြပ်သူများအား “သင်တို့သည် ကိုယ့်အမျိုးသားချင်းကိုပင် အတိုးစားသူများဖြစ်ကြပါသည်တကား”ဟု ပြစ်တင်ပြောဆိုလျက် အစည်းအဝေးကြီးကို ခေါ်၍
မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
ငါအမျက်ထွက်ပြီး သင်တို့ကို ဓားဖြင့်ကွပ်မျက်မည်။ ထိုအခါ သင်တို့၏မယားတို့သည် မုဆိုးမများ၊ သင်တို့၏သားသမီးတို့သည် ဖတဆိုးများဖြစ်ကြရလိမ့်မည်။
သင်တို့နှင့်အတူရှိသော ငါ၏လူမျိုးထဲမှဆင်းရဲသားကို ငွေချေးပေးလျှင် အတိုးစားသောသူကဲ့သို့ မပြုရ။ သူ့ထံမှ အတိုးမယူရ။
ဆင်းရဲသောသူကိုသနားသောသူသည် ထာဝရဘုရားအား ချေးငှားခြင်းဖြစ်၍ ကိုယ်တော်သည် သူ၏လုပ်ဆောင်မှုအတွက် သူ့အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
သင်တို့သည် စိတ်ဆန္ဒအပြည့်အဝဖြင့် နာခံကြလျှင် မြေကြီး၏အကောင်းဆုံးသောအရာကို စားရမည်။
ထိုအခါ ယဇ်ပုရောဟိတ်သည် လူကဲ့သို့၊ သခင်သည် ကျွန်ယောက်ျားကဲ့သို့၊ သခင်မသည် ကျွန်မိန်းမကဲ့သို့၊ ရောင်းသူသည် ဝယ်သူကဲ့သို့၊ မြီရှင်သည် မြီစားကဲ့သို့၊ အတိုးစားသူသည် အတိုးဆပ်သူကဲ့သို့ ဖြစ်လိမ့်မည်။
အတိုးဖြင့်မချေးငှား၊ အမြတ်မယူ၊ မတရားမှုကိုရှောင်ကြဉ်လျက် အမှုဖြစ်ပွားသောလူနှစ်ဦးကြားတွင် မျှတစွာစီရင်လျှင်၊
သူ့ထံမှ အတိုးအမြတ် မယူရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ပြီး သင်၏ညီအစ်ကိုကို သင်နှင့်အတူနေထိုင်ခွင့်ပြုရမည်။
သို့ပြုလျှင် သူတို့သည် သင့်အားကျေးဇူးမတုံ့ပြန်နိုင်ကြသောကြောင့် သင်သည် မင်္ဂလာရှိလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ရှင်ပြန်ထမြောက်ရာကာလ၌ သင်သည် ကျေးဇူးတုံ့ပြန်ခြင်းကို အမှန်ပင်ခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်ဘုရား၌ သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်၍ ခိုင်မြဲစွာရပ်တည်လျက် ဖောက်ပြန်ရွေ့လျောခြင်းမရှိဘဲ သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ စွမ်းစွမ်းတမံဆောင်ရွက်ကြလော့။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သောကြောင့် အလိုလိုသေသော အကောင်ဟူသမျှ မစားရ။ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားစားရန် ပေးခွင့်ရှိ၏။ သို့မဟုတ် တစ်ပါးအမျိုးသားထံရောင်းခွင့်ရှိ၏။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့်မပြုတ်ရ။
သူ့အား ပေးကမ်းသောအခါ မကြည်ဖြူသောစိတ်မရှိဘဲ ကြည်ကြည်ဖြူဖြူပေးကမ်းရမည်။ ဤအမှုကိုထောက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုမူလုပ်ဆောင်လေရာရာ၌ သင့်အား ကောင်းချီးပေးတော်မူမည်။
တစ်ပါးအမျိုးသားထံမှ တောင်းခွင့်ရှိ၏။ ညီအစ်ကို၏အကြွေးကိုမူကား သင်လျှော်ပစ်ရမည်။
ထာဝရဘုရားသည် ကြွယ်ဝသောမိုးကောင်းကင်ဘဏ္ဍာတိုက်ကို ဖွင့်ပေးတော်မူပြီး သင်၏ပြည်၌ မိုးကို သူ့အချိန်နှင့်သူရွာစေတော်မူ၍ သင်လုပ်ဆောင်လေရာရာတို့ကိုကောင်းချီးပေးတော်မူမည်။ သင်သည် လူမျိုးများစွာတို့အား ချေးငှားပေးရမည်။ ချေးယူရမည်မဟုတ်။