ပြည်တော်တွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာလည်း ရှိ၏။ အစ္စရေးလူမျိုးတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့ပြုသည့် စက်ဆုပ်ရွံရှာဖွယ်အရာရှိသမျှတို့ကို ပြုကြ၏။
တရားဟော 23:17 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသမီးများထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာမိန်းမပြည့်တန်ဆာမရှိရ။ အစ္စရေးအမျိုးသားထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာမရှိရ။ Common Language Bible ``ဣသရေလလူမျိုးထဲမှယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေကိုးကွယ်ရာဌာနဆိုင်ရာ ပြည့်တန်ဆာအလုပ်ကိုမလုပ်ရ။- Garrad Bible ဣ သ ရေ လ ပြည် သူ ပြည် သား တို့ တွင်၊ ပြည် တန် ဆာ မ၊ ပြည် တန် ဆာ ယောက်ျား မ ရှိ စေ ရ။ Judson Bible ဣသရေလအမျိုးသမီးတို့တွင် ပြည့်တန်ဆာမရှိရ။ ဣသရေလအမျိုးသားတို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာမရှိရ။ |
ပြည်တော်တွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာလည်း ရှိ၏။ အစ္စရေးလူမျိုးတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့ပြုသည့် စက်ဆုပ်ရွံရှာဖွယ်အရာရှိသမျှတို့ကို ပြုကြ၏။
သူသည် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာများကိုလည်း တိုင်းပြည်မှနှင်ထုတ်ပစ်၏။ ဘိုးဘေးတို့ပြုလုပ်ထားသောရုပ်တုရှိသမျှတို့ကိုလည်း ဖယ်ရှားပစ်ခဲ့၏။
သူသည် ခမည်းတော်လက်ထက်မှကျန်နေခဲ့သော မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာများကို ပြည်တော်မှ ဖယ်ရှားပစ်၏။
မိန်းမတို့ အာရှရနတ်ဘုရားမတံခွန်တိုင်အဖို့ ရွက်ဖျင်များကို ရက်လုပ်သောနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းရှိ မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့၏အိမ်များကိုလည်း ဖြိုပစ်၏။
အသက်ငယ်ရွယ်စဉ်မှာပင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့အလယ်တွင် အသက်သေဆုံးသွားရတတ်၏။
အကျင့်ဖောက်ပြားသောမိန်းမနှင့် စကားတို့ဖြင့်မြှူဆွယ်တတ်သော ကိုယ်ကျင့်တရားပျက်ပြားသည့်မိန်းမ၏လက်မှလည်း သင့်ကိုကယ်နုတ်လိမ့်မည်။
ပြည့်တန်ဆာလုပ်သောသင်တို့၏သမီးများ၊ အိမ်ထောင်ရေးဖောက်ပြန်ကြသောသင်တို့၏ချွေးမများကို ငါဒဏ်မခတ်။ အကြောင်းမှာ ယောက်ျားများကိုယ်တိုင် ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်ကြ၏။ ဗိမာန်ပြည့်တန်ဆာတို့နှင့်အတူ ယဇ်ပူဇော်ကြ၏။ ထို့ကြောင့် အသိဉာဏ်မရှိသောသူတိုင်း ပျက်စီးရလိမ့်မည်။
သင်၏သမီးကို ပြည့်တန်ဆာလုပ်ခိုင်းခြင်းဖြင့် အသရေပျက်အောင်မလုပ်ရ။ လုပ်ခိုင်းလျှင် ပြည်သည် ပြည့်တန်ဆာပြည်ဖြစ်လာ၍ ညစ်ညမ်းသောအမှုနှင့်ပြည့်နှက်လိမ့်မည်။
သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
ထိုမိန်းကလေးသည် မိမိဖခင်၏အိမ်၌ ပြည့်တန်ဆာလုပ်ခြင်းဖြင့် အစ္စရေးလူမျိုးထဲ၌ ယုတ်ညံ့သောအမှုကို ပြုသောကြောင့် ထိုမိန်းကလေးကို သူ့ဖခင်၏အိမ်တံခါးသို့ ခေါ်သွား၍ မြို့သားယောက်ျားတို့သည် သူ့ကို ခဲနှင့်အသေပေါက်သတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားသည် ထိုမိန်းကလေးကို ကာမကျူးလွန်သောကြောင့် မိန်းကလေး၏ဖခင်အား ငွေရှယ်ကယ်ငါးဆယ်ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။
တရားနှင့်မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သောသူများ၊ မမှန်မကန်သက်သေထွက်ဆိုသောသူများနှင့် မှန်ကန်ပြည့်စုံသောဩဝါဒကိုဆန့်ကျင်သည့် အခြားအရာအားလုံးတို့အတွက်ရှိကြောင်းကို ငါတို့သိကြ၏။
ထိုသို့ ကောင်းမွန်စွာစားသောက်နေကြစဉ် ဆိုးညစ်သောမြို့သားတို့သည် အိမ်ကိုဝိုင်းထား၍ တံခါးထုရိုက်လျက် “သင့်အိမ်သို့ရောက်လာသောယောက်ျားနှင့် ဆက်ဆံလို၍ သူ့ကိုထုတ်ပေးပါ”ဟု အိမ်ရှင်အဖိုးအိုအား ဆို၏။