ပိုင်ရှင်အတူရှိနေလျှင် အလျော်မပေးရ။ အခပေးငှားထားသည်ဆိုလျှင် ပိုင်ရှင်အား ငှားခကိုသာပေးရမည်။
တရားဟော 22:29 - မြန်မာ့စံမီသမ္မာကျမ်း ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားသည် ထိုမိန်းကလေးကို ကာမကျူးလွန်သောကြောင့် မိန်းကလေး၏ဖခင်အား ငွေရှယ်ကယ်ငါးဆယ်ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။ Common Language Bible သူသည်ထိုမိန်းမ၏ဖခင်အား မင်္ဂလာကြေး ငွေသားငါးဆယ်ပေးလျော်စေရမည်။ ထိုသူ သည်မိန်းမနှင့်အဋ္ဌမ္မကာမစပ်ယှက်ခဲ့သဖြင့် မိမိ၏မယားအဖြစ်သိမ်းပိုက်ရမည်။ သူ အသက်ရှင်နေသမျှကာလပတ်လုံးထို မိန်းမကိုမကွာရှင်းစေရ။ Garrad Bible ထို ဆက် ဆံ သူ သည် သ မီး ကို ရှုတ် ချ သည့် အ တွက် အ ဘ အား ငွေ ငါး ဆယ် ကန် တော့ ရ မည့် ပြင်၊ တစ် သက် ပတ် လုံး မ စွန့် မ ကွာ ရ သော မ ယား အ ဖြစ် သိမ်း ပိုက် စေ။ Judson Bible ထိုယောက်ျားသည် မိန်းမ၏အဘအား ငွေငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏မယားဖြစ်ရမည်။ သူ့ကိုရှုတ်ချသောကြောင့် တစ်သက်လုံး မကွာရ။ |
ပိုင်ရှင်အတူရှိနေလျှင် အလျော်မပေးရ။ အခပေးငှားထားသည်ဆိုလျှင် ပိုင်ရှင်အား ငှားခကိုသာပေးရမည်။
တစ်စုံတစ်ဦးသည် စေ့စပ်ထားသူမရှိသောအပျိုကညာကိုသွေးဆောင်၍ သူနှင့်အိပ်လျှင် မင်္ဂလာကြေးမဖြစ်မနေပေးရမည်။ မိမိ၏မယားအဖြစ် ယူရမည်။
သင်သည် သူ့ကိုမနှစ်သက်တော့လျှင် သူ့ဆန္ဒအတိုင်း သူ့ကိုထွက်သွားခွင့်ပေးရမည်။ သို့သော် သင်သည် သူ့ကိုအသရေညှိုးနွမ်းစေပြီဖြစ်၍ သူ့ကို ငွေဖြင့် လုံးဝမရောင်းရ၊ ကျွန်မပြုရ။
သူသည် အစ္စရေးအပျိုကညာကို နာမည်ပျက်စေပြီဖြစ်သောကြောင့် သူ့ကို ငွေရှယ်ကယ်တစ်ရာဒဏ်တပ်၍ ထိုငွေကို မိန်းကလေး၏ဖခင်အား ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။
သူတို့နှစ်ဦးစလုံးကို ထိုမြို့တံခါးသို့ ခေါ်သွား၍ ခဲနှင့် အသေပေါက်သတ်ရမည်။ မြို့ထဲ၌ဖြစ်သည်ကိုပင် ထိုမိန်းကလေးသည် အော်ဟစ်အကူအညီမတောင်း၊ ထိုယောက်ျားသည်လည်း မိမိအိမ်နီးချင်း၏မယားကို ကာမကျူးလွန်သောကြောင့် အသတ်ခံရခြင်းဖြစ်၏။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
ယောက်ျားတစ်ယောက်သည် စေ့စပ်ထားသူမရှိသည့်အပျိုကညာမိန်းကလေးကိုတွေ့၍ သူ့ကိုဖမ်းချုပ်ပြီး သူနှင့်အိပ်သည်ကို တစ်စုံတစ်ယောက်တွေ့လျှင်