Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 22:29 - Common Language Bible

29 သူ​သည်​ထို​မိန်း​မ​၏​ဖ​ခင်​အား မင်္ဂ​လာ​ကြေး ငွေ​သား​ငါး​ဆယ်​ပေး​လျော်​စေ​ရ​မည်။ ထို​သူ သည်​မိန်း​မ​နှင့်​အဋ္ဌမ္မ​ကာ​မ​စပ်​ယှက်​ခဲ့​သ​ဖြင့် မိ​မိ​၏​မယား​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်။ သူ အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​ထို မိန်း​မ​ကို​မ​ကွာ​ရှင်း​စေ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ထို ဆက် ဆံ သူ သည် သ မီး ကို ရှုတ် ချ သည့် အ တွက် အ ဘ အား ငွေ ငါး ဆယ် ကန် တော့ ရ မည့် ပြင်၊ တစ် သက် ပတ် လုံး မ စွန့် မ ကွာ ရ သော မ ယား အ ဖြစ် သိမ်း ပိုက် စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ထို​ယောက်ျား​သည် မိန်း​မ၏​အ​ဘ​အား ငွေ​ငါး​ဆယ်​ကို လျော်​ရ​မည်။ ထို​မိန်း​မ​သည်​လည်း သူ၏​မ​ယား​ဖြစ်​ရ​မည်။ သူ့​ကို​ရှုတ်​ချ​သော​ကြောင့် တစ်​သက်​လုံး မ​ကွာ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ထို​မိန်းကလေး​နှင့်​အိပ်​သော​ယောက်ျား​သည် ထို​မိန်းကလေး​ကို ကာမကျူးလွန်​သောကြောင့် မိန်းကလေး​၏​ဖခင်​အား ငွေ​ရှယ်ကယ်​ငါးဆယ်​ပေး​ရ​မည်​။ ထို​မိန်းကလေး​သည် သူ​၏​မယား​ဖြစ်​ရ​မည်​။ သူ​သည် ထို​မိန်းကလေး​ကို တစ်သက်လုံး မ​ကွာရှင်း​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 22:29
7 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ပိုင်​ရှင်​ရှေ့​၌​ဒဏ်​ရာ​ရ​သေ​ဆုံး​ခဲ့ သော်​ငှား​သူ​က​မ​လျော်​ရ။ အ​ကယ်​၍​တိ​ရစ္ဆာန် ကို​အ​ခ​နှင့်​ငှား​လျှင်၊ ဒဏ်​ရာ​ရ​သေ​ဆုံး​မှု အ​တွက်​ပိုင်​ရှင်​အား​လျော်​ရန်​မ​လို။ ငှား​ခ ကို​သာ​ပေး​စေ​ရ​မည်။


``လူ​တစ်​ဦး​သည်​စေ့​စပ်​ကြောင်း​လမ်း​၍​မ​ထား သော​မိန်း​မ​ပျို​တစ်​ယောက်​ကို​သွေး​ဆောင်​ပေါင်း သင်း​ခဲ့​လျှင်၊ သူ​သည်​မင်္ဂ​လာ​လက်​ဖွဲ့​ကြေး​ပေး ၍​ထို​မိန်း​မ​ကို​လက်​ထပ်​ယူ​ရ​မည်။-


ထို့​နောက်​သင်​သည်​သူ့​ကို​မ​ယား​အ​ဖြစ်​သိမ်း ပိုက်​နိုင်​သည်။ နောင်​အ​ခါ​သူ​နှင့်​မ​ပေါင်း​သင်း လို​လျှင် လွတ်​လပ်​စွာ​သွား​ခွင့်​ပြု​ရ​မည်။ သင် သည်​သူ့​အား​မ​ယား​အ​ဖြစ်​အ​တင်း​အ​ဋ္ဌမ္မ သိမ်း​ပိုက်​ခဲ့​သည်​ဖြစ်​သော​ကြောင့် ကျွန်​အ​ဖြစ် မ​စေ​စား​ရ။ ငွေ​နှင့်​လည်း​မ​ရောင်း​ရ။''


ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တစ် ဦး​အား​အ​သ​ရေ​ဖျက်​သ​ဖြင့် ငွေ​သား​တစ် ရာ​ကို​ဒဏ်​ဆောင်​စေ​ရ​မည်။ ထို​ဒဏ်​ငွေ​ကို မိန်း​မ​၏​ဖ​ခင်​အား​ပေး​ရ​မည်။ ထို့​အပြင်​သူ သည်​မိန်း​မ​ကို​သူ​၏​မ​ယား​အ​ဖြစ်​ဆက် လက်​ပေါင်း​သင်း​စေ​ရ​မည်။ သူ​အ​သက်​ရှင် နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​မိန်း​မ​ကို မ​ကွာ​ရှင်း​စေ​ရ။


သူ​တို့​နှစ်​ဦး​စ​လုံး​ကို​မြို့​ပြင်​သို့​ထုတ်​၍ ကျောက်​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။ မိန်း​မ​သည်​မြို့ ထဲ​၌​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခဲ့​သော် ရ​နိုင်​ပါ​လျက်​နှင့် အ​ကူ​အ​ညီ​မ​တောင်း​ခြင်း ကြောင့်​သေ​ဒဏ်​ခံ​စေ​ရ​မည်။ ယောကျာ်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​နှင့် ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​ခြင်း​ကြောင့်​သေ​ဒဏ်​ခံ စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။


``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် အ​ခြား​သူ​နှင့်​လက်​ထပ်​ရန်​စေ့​စပ်​ထား ခြင်း​မ​ရှိ​သော​မိန်း​မ​အား​မု​ဒိမ်း​ကျင့် သည်​ကို​မိ​လျှင်၊-


``မည်​သူ​မျှ​မိ​မိ​ဖခင်​၏​မယား​တစ်​ဦး​ဦး နှင့်​ဖောက်​ပြန်​၍​ဖခင်​အား​အ​ရှက်​မ​ခွဲ စေ​ရ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ