ရှေခင်၏စိတ်နှလုံးသည် ယာကုပ်၏သမီးဒိနကိုစွဲလမ်း၏။ သူသည် ထိုမိန်းကလေးကိုချစ်၏။ ကြင်နာစွာစကားပြော၏။
တရားဟော 21:11 - မြန်မာ့စံမီသမ္မာကျမ်း ဖမ်းဆီးခံရသူထဲတွင် ရုပ်ရည်လှပသောမိန်းမကိုမြင်၍ သူ့ကိုနှစ်သက်လျှင် မယားအဖြစ် စုံဖက်ခွင့်ရှိ၏။ Common Language Bible သုံ့ပန်းများထဲမှရုပ်အဆင်းလှသောအမျိုး သမီးကိုမြင်၍ နှစ်သက်သဖြင့်လက်ထပ်ယူ လိုပေလိမ့်မည်။- Garrad Bible သုံ့ ဘမ်း သိမ်း သွား သူ များ အ နက် ရှု ချင် ဖွယ် လှ ပ သော မိန်း မ တစ် ယောက် ကို မြင်၍ သိမ်း ပိုက် ရန် ခင် မင် သော သ ဘော ရှိ လျှင်၊ Judson Bible ဖမ်းယူသောသူတို့တွင် အဆင်းလှသောမိန်းမကို မြင်၍ စုံဖက်ခြင်းငှာအလိုရှိလျှင်၊ |
ရှေခင်၏စိတ်နှလုံးသည် ယာကုပ်၏သမီးဒိနကိုစွဲလမ်း၏။ သူသည် ထိုမိန်းကလေးကိုချစ်၏။ ကြင်နာစွာစကားပြော၏။
ဟာမော်က သူတို့အား “ငါ့သားရှေခင်၏စိတ်နှလုံးသည် သင်တို့၏သမီးကိုစွဲလမ်းနေပါ၏။ သူ့ကို ငါ့သား၏မယားအဖြစ်ပေးပါ။
ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။
စွမ်းရည်နှင့်ပြည့်စုံသောမယားကို မည်သူတွေ့နိုင်သနည်း။ ထိုသို့သောမယားသည် ပတ္တမြားထက်များစွာအဖိုးထိုက်၏။
တင့်တယ်ခြင်းသည် လှည့်ဖြားတတ်၏။ လှပခြင်းသည်လည်း အချည်းနှီးဖြစ်၏။ သို့သော် ထာဝရဘုရားကိုကြောက်ရွံ့သော မိန်းမသည် ချီးမွမ်းခြင်းခံရလိမ့်မည်။
သင်၏စိတ်နှလုံးထဲတွင် ထိုမိန်းမ၏အလှကို မတပ်မက်နှင့်။ သူ့မျက်လွှာဖြင့် ညှို့ယူဖမ်းစားခြင်းကိုမခံနှင့်။
သို့သော် ယောက်ျားနှင့်မဆက်ဆံဖူးသော မိန်းကလေးရှိသမျှတို့ကို သင်တို့အဖို့ အသက်ချမ်းသာခွင့်ပေးလော့။
သင်သည် မိမိရန်သူတို့ကို စစ်သွားတိုက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင့်လက်သို့အပ်တော်မူသဖြင့် သူတို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသောအခါ
သူ့ကို သင့်အိမ်သို့ခေါ်လာရမည်။ သူသည် ဆံပင်ရိတ်၍ လက်သည်းခြေသည်းညှပ်ရမည်။