ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ကိုယ်တော်၏မယ်တော်မာရိသည် ယောသပ်နှင့်စေ့စပ်ထား၍ ပေါင်းဖက်နေထိုင်ခြင်းမပြုမီ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်သည်ကို တွေ့ရ၏။
တရားဟော 20:7 - မြန်မာ့စံမီသမ္မာကျမ်း မိန်းမနှင့်စေ့စပ်၍ မစုံဖက်ရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုမိန်းမနှင့်စုံဖက်လိမ့်မည်’ဟု မိန့်ကြားရမည်။ Common Language Bible သင်တို့တွင်အမျိုးသမီးနှင့်ထိမ်းမြားရန် စေ့စပ်ထားသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြား သူတစ်ယောက်ကထိုအမျိုးသမီးကိုထိမ်း မြားလက်ထပ်လိမ့်မည်' ဟုတပ်သားတို့အား ပြောဆိုရမည်။ Garrad Bible မိန်း မ ကို မှန်း ထား လျက် မ သိမ်း ပိုက် ရ သေး သူ ရှိ လျှင်၊ စစ် ရေး၌ ကျ ဆုံး သ ဖြင့်၊ သူ တစ် ပါး မ သိမ်း ပိုက် ရ စေ ခြင်း ငှါ၊ အိမ် သို့ ပြန် သွား စေ ဟူ ၍ လည်း ကောင်း၊ Judson Bible မိန်းမနှင့် လက်ထပ်၍ မသိမ်းရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင်သေ၍ အခြားသောသူသည် ထိုမိန်းမကိုသိမ်းလိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။ |
ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ကိုယ်တော်၏မယ်တော်မာရိသည် ယောသပ်နှင့်စေ့စပ်ထား၍ ပေါင်းဖက်နေထိုင်ခြင်းမပြုမီ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်သည်ကို တွေ့ရ၏။
စပျစ်ခြံစိုက်ပျိုး၍ ခြံထွက်စပျစ်သီးမစားရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုစပျစ်သီးကိုစားလိမ့်မည်။
အိမ်ထောင်ပြုခါစ ယောက်ျားတစ်ယောက်သည် စစ်တိုက်မသွားရ။ သူ့အား မည်သည့်တာဝန်မျှမပေးရ။ သူသည် တစ်နှစ်ပတ်လုံး မိမိအိမ်၌ လွတ်လပ်စွာနေ၍ မိမိယူထားသောမယားကို ပျော်ရွှင်အောင်ထားရမည်။
သင်သည် မိန်းမနှင့်စေ့စပ်ထားသော်လည်း အခြားသူက ထိုမိန်းမနှင့်အိပ်လိမ့်မည်။ သင်သည် အိမ်ကိုဆောက်သော်လည်း ထိုအိမ်၌နေရမည်မဟုတ်။ စပျစ်ခြံကို စိုက်ပျိုးသော်လည်း အကျိုးခံစားရမည်မဟုတ်။
စစ်မှုထမ်းသောသူသည် စစ်သားအရာ၌ မိမိကိုခန့်ထားသောသူအား နှစ်သက်စေရန် စားဝတ်နေရေးကိစ္စများနှင့် ပတ်သက်ရှုပ်ထွေးခြင်းမရှိတတ်။