မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ မောဘပြည်၊ အာရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။ မောဘပြည်၊ ကိရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။
တရားဟော 2:18 - မြန်မာ့စံမီသမ္မာကျမ်း ‘ယနေ့ သင်တို့သည် အာရပြည်၊ မောဘနယ်စပ်ကို ဖြတ်သွားရမည်။ Common Language Bible `ယနေ့တွင်သင်တို့သည် အာရမြို့သို့သွားရာ လမ်းဖြင့် မောဘပြည်ကိုဖြတ်သွားရမည်။- |
မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ မောဘပြည်၊ အာရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။ မောဘပြည်၊ ကိရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။
ထိုအရပ်မှ ခရီးပြုကြပြန်ရာ အာမောရိပြည်၏နယ်စပ်နှင့်ဆက်နေသော တောကန္တာရရှိ အာနုန်ချောင်းတစ်ဖက်ကမ်း၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်နှင့်အာမောရိပြည်အကြားရှိ မောဘပြည်၏နယ်စပ်ဖြစ်၏။
အာရမြို့ရှိရာသို့စီတန်းလျက် မောဘနယ်စပ်တစ်လျှောက် စီးဆင်းနေသည့်ချောင်းများ”ဟု ရေးသားဖော်ပြထား၏။
သို့သော် ရှိဟုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို မိမိ၏နယ်မြေထဲမှ ဖြတ်သွားခွင့်မပြုသည့်အပြင် ရှိဟုန်မင်းကြီးသည် မိမိလူအားလုံးကို စုဝေးစေပြီး အစ္စရေးလူမျိုးတို့ကို ဆီးတားရန် တောကန္တာရသို့ ထွက်သွား၏။ ယာဟတ်အရပ်သို့ရောက်သောအခါ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လေ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘မောဘကို ရန်မပြုနှင့်။ စစ်ဖြစ်အောင် သူတို့ကိုရန်မစနှင့်။ အာရအရပ်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏မြေကို သင်တို့ပိုင်ဖို့ ငါမပေး။
ထိုမှ ဧဒုံပြည်၊ မောဘပြည်ကိုရှောင်ကွင်း၍ တောကန္တာရကိုဖြတ်ကာ မောဘပြည်အရှေ့ဘက်သို့ရောက်သောအခါ အာနုန်ချောင်းတစ်ဖက်၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်၏နယ်နိမိတ်ဖြစ်သောကြောင့် သူတို့သည် မောဘနယ်နိမိတ်ထဲကို မဝင်ခဲ့ကြ။