အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်ရာအိမ်တော်နှင့် ကိုယ်တော်၏ဘုန်းအသရေတည်ရှိရာအရပ်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
တရားဟော 18:6 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးတစ်စုံတစ်ယောက်သည် သူနေထိုင်သော အစ္စရေးမြို့တစ်မြို့မှ ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ စိတ်အားထက်သန်စွာဖြင့် လာ၍ Common Language Bible ``ဣသရေလနိုင်ငံရှိမည်သည့်မြို့မှမဆို လေဝိအမျိုးသားမည်သူမဆို တစ်ခုတည်း သောကိုးကွယ်ရာဌာနတော်သို့သွားရောက်၍၊- Garrad Bible လေ ဝိ ဂိုဏ်း သား တစ် ဦး သည်၊ ဣ သ ရေ လ ပြည် တစ် ဝှမ်း လုံး အ တွင်း သိ တင်း သုံး ရာ မြို့ များ မှ ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န သို့၊ စိတ် ရော ကိုယ် ပါ ရောက် လာ လျှင်၊ Judson Bible ဣသရေလမြို့ရွာတို့၌ တည်းခိုသော လေဝိသားတစ်စုံတစ်ယောက်သည်၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်ကို ကြည်ညိုသောစိတ်အားကြီး၍ ရောက်လာလျှင်၊ |
အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်ရာအိမ်တော်နှင့် ကိုယ်တော်၏ဘုန်းအသရေတည်ရှိရာအရပ်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
ထာဝရဘုရား၏ခန့်ညားတင့်တယ်ခြင်းကို ဖူးမြော်ရန်နှင့် ကိုယ်တော်၏ဗိမာန်တော်၌ စူးစမ်းဆင်ခြင်လျက်နေရန် ငါအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်၌နေရမည့်အကြောင်း တစ်ခုတည်းကို ထာဝရဘုရားထံ၌ ငါတောင်းလျှောက်ပြီ။ ထိုအခွင့်ကို ငါရှာမည်။
အကယ်စင်စစ် ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌ တစ်ရက်နေရခြင်းသည် အခြားသောအရပ်၌ ရက်တစ်ထောင်နေရခြင်းထက် ပို၍ကောင်းပါ၏။ ဆိုးယုတ်သောသူ၏တဲတွင်နေရခြင်းထက် အကျွန်ုပ်ဘုရားသခင်၏အိမ်တော်၌ တံခါးစောင့်ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။
ကိုယ်တော်၌ အားယူသောသူ၊ ဇိအုန်သို့သွားရာလမ်းကို နှလုံးသွင်းသောသူတို့သည် မင်္ဂလာရှိကြ၏။
သင်တို့သည် မြို့ကိုအလယ်ဗဟိုထား၍ မြို့ပြင် အရှေ့ဘက်ခြမ်းကို အတောင်နှစ်ထောင်၊ တောင်ဘက်ခြမ်းကို အတောင်နှစ်ထောင်၊ အနောက်ဘက်ခြမ်းကို အတောင်နှစ်ထောင်၊ မြောက်ဘက်ခြမ်းကို အတောင်နှစ်ထောင် တိုင်းတာရမည်။ ဤမြေသည် လေဝိအမျိုးတို့အတွက် မြို့၏စားကျက်မြေဖြစ်ရမည်။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
မျိုးနွယ်တစ်နွယ်ထဲရှိ ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ ထိုနေရာ၌ ငါမှာကြားထားသမျှကို သင်ပြုရမည်။
နာမတော်တည်ရာ၊ ကိန်းဝပ်တော်မူရာအဖြစ် သင်တို့မျိုးနွယ်အားလုံးထဲမှ သင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာကိုရှာ၍ ထိုနေရာသို့သာသွားရမည်။
နာမတော်ကိန်းဝပ်ရာအဖြစ် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သိုး၊ နွား တို့ကို ပသခါယဇ်အဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားထံ ပူဇော်ရမည်။
ထိုနေရာရှိ ထာဝရဘုရားရှေ့တော်၌အမှုဆောင်သော သူ၏အမျိုးသားချင်းလေဝိအမျိုးအပေါင်းတို့နှင့်အတူ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်၌ အမှုတော်ဆောင်မည်ဆိုလျှင်
“တစ်စုံတစ်ယောက်သည် ကြီးကြပ်သူဖြစ်ရန် အလွန်တောင့်တလျှင် ထိုသူသည် ကောင်းသောအမှုကိုတောင့်တ၏”ဟူသောစကားသည် မှန်သောစကားဖြစ်၏။
သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။