အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
တရားဟော 18:13 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ အပြစ်တင်စရာမရှိသောသူ ဖြစ်ရမည်။ Common Language Bible သင်တို့သည်ထာဝရဘုရားအား အကြွင်း မဲ့သစ္စာရှိကြလော့'' ဟုဆို၏။ Garrad Bible သင် တို့ မှာ မူ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ စုံ လင် ခြင်း ရှိ ကြ ရ မည်။ Judson Bible သင်သည်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းရှိရမည်။ |
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
နောဧ၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ နောဧသည် ဖြောင့်မတ်သောသူ၊ သူ၏မျိုးဆက်ထဲ၌ အပြစ်တင်စရာမရှိသောသူဖြစ်၏။ နောဧသည် ဘုရားသခင်နှင့်အတူသွားလာ၏။
ဤနေ့ကဲ့သို့ပင် ကိုယ်တော်၏ပြဋ္ဌာန်းချက်အတိုင်း လိုက်လျှောက်ရန်နှင့် ကိုယ်တော်၏ပညတ်တော်များကိုစောင့်ထိန်းရန် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့စိတ်နှလုံးအကြွင်းမဲ့ဝန်ခံကြပါစေသော”ဟူ၍ ဖြစ်၏။
ဥဇပြည်တွင် ယောဘအမည်ရှိသောလူတစ်ယောက်ရှိ၏။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်၏။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
အပြစ်တင်စရာမရှိသောသူကို မှတ်သားဆင်ခြင်လော့။ ဖြောင့်မှန်သောသူကို ကြည့်ရှုလော့။ အကြောင်းမူကား ငြိမ်းချမ်းခြင်းဆောင်ကြဉ်းသူအတွက် အနာဂတ်ရှိ၏။
သို့ဖြစ်၍ ကောင်းကင်ဘုံရှင်သင်တို့အဖသည် စုံလင်တော်မူသည့်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြရမည်။
ငါသည် ထိုအခွင့်ကိုရရှိပြီ၊ သို့မဟုတ် စုံလင်ခြင်းသို့ရောက်ပြီဟု ဆိုလိုသည်မဟုတ်ဘဲ ခရစ်တော်ယေရှုသည် ထိုအခွင့်အတွက် ငါ့ကို ဖမ်းကိုင်ထားသည်ဖြစ်၍ ငါသည်လည်း ထိုအခွင့်ကို ဖမ်းကိုင်နိုင်ရန် ကြိုးစားလျက်ရှိ၏။
ထို့ကြောင့် စုံလင်ရင့်ကျက်သောသူရှိသမျှတို့သည် ဤသို့သောစိတ်သဘောရှိသင့်၏။ သင်တို့၌ ခြားနားသောစိတ်သဘောတစ်စုံတစ်ခုရှိလျှင်လည်း ဘုရားသခင်သည် ထိုအရာကိုပင် သင်တို့အား ဖော်ပြတော်မူလိမ့်မည်။
သို့ဖြစ်၍ ယခု ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလျက် ရိုးသားဖြူစင်စွာ၊ သစ္စာရှိစွာ ဝတ်ပြုကြလော့။ ယူဖရေးတီးမြစ်တစ်ဖက်၌လည်းကောင်း၊ အီဂျစ်ပြည်၌လည်းကောင်း သင်တို့ဘိုးဘေးတို့ဝတ်ပြုခဲ့သောဘုရားများကိုဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။
သတိနှင့်စောင့်နေလော့။ သေလုနီးပါးဖြစ်နေသည့် ကျန်ရှိသောသူတို့ကို ခိုင်ခံ့မြဲမြံစေလော့။ အကြောင်းမူကား သင်၏လုပ်ဆောင်မှုများသည် ငါ၏ဘုရားသခင်ရှေ့တော်၌ ပြည့်စုံသည်ဟူ၍ ငါမတွေ့ရပေ။