Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 3:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သတိ​နှင့်​စောင့်​နေ​လော့။ သေ​လုနီးပါး​ဖြစ်​နေ​သည့် ကျန်​ရှိ​သော​သူ​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​လော့။ အကြောင်းမူကား သင်​၏​လုပ်ဆောင်​မှု​များ​သည် ငါ​၏​ဘုရားသခင်​ရှေ့​တော်​၌ ပြည့်စုံ​သည်​ဟူ၍ ငါ​မ​တွေ့​ရ​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 သို့​ဖြစ်​၍​နိုး​ထ​လော့။ သင်​၏​ကျန်​ရှိ​နေ​သေး သည့်​အ​သက်​မ​ချုပ်​ငြိမ်း​မီ​အင်​အား​ဖြည့် တင်း​၍​ပေး​လော့။ သင်​၏​အ​ပြု​အ​မူ​သည် ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ပြစ်​ဆို စ​ရာ​ရှိ​သေး​သည်​ကို​ငါ​တွေ့​မြင်​ရ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 နိုး ကြား လျက် သေ အံ့ ဆဲ ကျန် သေး သော ပါ ရ မီ များ ကို ခိုင် ခံ့ စေ လော့။ ငါ့ ဘု ရား သ ခင် ရှေ့ စုံ လင် သော အ ကျင့် အ ကြံ မည် သည် ကို မျှ သင်၌ ငါ မ တွေ့ သည် ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 မ​အိပ်​ဘဲ စောင့်၍​နေ​လော့။ ကျန်​ရစ်၍ သေ​လု​သော​အ​ရာ​တို့​ကို ပြု​စု​လော့။ သင်၏​အ​ကျင့်​သည် ငါ၏​ဘု​ရား​သ​ခင်​ရှေ့၌ မ​စုံ​မ​လင်​ရှိ​သည်​ကို ငါ​တွေ့​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 နိုးထလော့။ သေလုနီးပါး​ဖြစ်သည့် ကျန်ရှိနေသေးသော​အရာ​ကို ခိုင်ခံ့စေလော့။ အဘယ်ကြောင့်​ဆိုသော် သင်​၏​လုပ်ဆောင်မှု​သည် ငါ​၏​ဘုရားသခင်​အမြင်​၌ မပြီးမြောက်​သေးကြောင်း​ကို ငါ​တွေ့မြင်​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 3:2
31 ပူးပေါင်းရင်းမြစ်များ  

ရှောလမုန်​မင်းကြီး​အိုမင်း​လာ​ချိန်​တွင် သူ့​မိဖုရား​များ​သည် သူ့​စိတ်နှလုံး​ကို အခြား​ဘုရား​တို့​နောက်သို့ ပါသွား​စေ​ကြ​၏​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​စိတ်နှလုံး​ကဲ့သို့ မိမိ​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​မ​ကိုးစား​ခဲ့​ချေ​။


အဘိယံ​မင်းကြီး​သည် သူ့​အရင်​ခမည်းတော်​လျှောက်​ခဲ့​သည့်​အပြစ်လမ်း​အတိုင်း လိုက်လျှောက်​၏​။ သူ​၏​ဘေး​တော်​ဒါဝိဒ်​မင်းကြီး​၏​စိတ်နှလုံး​ကဲ့သို့ မိမိ​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​ခြင်း​မ​ရှိ​။


သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မတ်​စွာ​ပြုကျင့်​သော်လည်း စိတ်နှလုံး​အကြွင်းမဲ့​နှင့်​မ​ဟုတ်​ချေ​။


ငါ့​နှုတ်​ဖြင့် သင်​တို့​ကို အားပေး​မည်​။ ငါ့​နှုတ်ခမ်း​မှ​နှစ်သိမ့်ပေးမှု​သည် သက်သာ​ရာ​ကို ရ​စေ​မည်​။


အားနည်း​သော​လက်​တို့​ကို ခိုင်ခံ့​စေ​ကြ​လော့​။ ချည့်နဲ့​သော​ဒူး​တို့​ကို သန်မာ​စေ​ကြ​လော့​။


သူ​၏​ကင်းစောင့်​တို့​သည် မျက်မမြင်​များ​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် မည်သည့်​အရာ​မျှ​မ​သိ​ကြ​။ ဆွံ့အ​သော​ခွေး​များ​ဖြစ်​ကြ​၏​။ သူ​တို့​သည် မ​ဟောင်​နိုင်​ကြ​။ အိပ်​လျက်​၊ လဲလျောင်း​လျက်​၊ ငိုက်မျဉ်း​ခြင်း​ကို​တပ်မက်​လျက် နေ​ကြ​၏​။


ဖြောင့်မတ်​သည်​ဟု​ဆို​သော သင်​၏​လုပ်ရပ်​တို့​ကို ငါ​ကိုယ်တော်တိုင် ဖော်ထုတ်​မည်​။ ထို​အရာ​တို့​သည် သင့်​ကို​အကျိုးပြု​လိမ့်မည်​မ​ဟုတ်​။


ပျောက်​သော​သိုး​ကို ပြန်ရှာ​မည်​။ လမ်းလွဲ​သော​သိုး​ကို ပြန်ခေါ်​လာ​မည်​။ ဒဏ်ရာ​ရ​သော​သိုး​ကို ကျပ်စည်း​ပေး​မည်​။ အားနည်း​သော​သိုး​ကို အားရှိ​စေ​မည်​။ သို့သော် ဆူဖြိုး​သန်မာ​သော​သိုး​ကို​မူ ငါ​သုတ်သင်​ပစ်​မည်​။ ငါ​သည် သိုး​တို့​ကို တရားသဖြင့် ကျွေးမွေး​ထိန်းကျောင်း​မည်’​ဟု မိန့်​တော်မူ​၏​။


‘တေကလ​’ ဟူသည်မှာ အရှင်မင်းကြီး​ကို ချိန်ခွင်​တွင်​ချိန်​ကြည့်​သောအခါ အလေးချိန်​လျော့​နေ​သည်​ကို တွေ့​တော်မူ​ပြီ​ဟု အနက်​ရ​၏​၊


အကြောင်းမူကား ငါ​သည် ထို​ပြည်​တွင် သိုးထိန်း​တစ်​ဦး​ကို ပေါ်ထွန်း​စေ​မည်​။ သူ​သည် ပျောက်​သော​သိုး​တို့​ကို ဂရု​မ​စိုက်​၊ သိုးသငယ်​တို့​ကို မ​ရှာဖွေ​၊ ဒဏ်ရာ​ရ​သော​သိုး​တို့​ကို​လည်း ဆေး​မ​ကု​၊ ဆာလောင်​သော​သိုး​တို့​ကို​လည်း မ​ကျွေးမွေး​ဘဲ ဆူဖြိုး​သော​သိုး​တို့​ကို​မူ ခွာ​ကို​ချွတ်ပစ်​ပြီး အသား​ကို စား​လိမ့်မည်​။


သူ​တို့​သည် မိမိ​တို့​ပြု​သမျှ​သော​အမှု​တို့​ကို လူ​တို့​မြင်​စေရန်​သာ​ပြု​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​၏​ကျမ်း​လက်ဖွဲ့​အဆောင်​များ​ကို​ကြီး​စွာ​လုပ်​၍ ဝတ်ရုံ​ပန်းဖွား​များ​ကို ရှည်လျား​စွာ​ထား​ကြ​၏။


သို့ဖြစ်၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့။ အကြောင်းမူကား ထို​နေ့ရက်​နှင့် ထို​အချိန်​နာရီ​ကို သင်​တို့​မ​သိ​ကြ။


အပျို​ကညာ​အားလုံး​တို့​သည် ထ​၍ မိမိ​တို့​၏​မီးခွက်​များ​ကို ပြင်ဆင်​ကြ​၏။


သူ​သည် ထို​နေရာ​၌ အချိန်​အတန်ကြာ​နေ​ပြီးနောက် ပြန်လည်​ထွက်ခွာ​၍ ဂလာတိ​ပြည်​နှင့်​ဖြူဂိ​ပြည်​တို့​ကို အစဉ်လိုက်​လှည့်လည်​ကာ တပည့်​တော်​အားလုံး​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။


ယောရှု​သည် ဤ​လူမျိုး​တို့​ကို ဦးဆောင်​လျက် ဂျော်ဒန်​မြစ်​ကို​ကူးသွား​၍ သင်​တွေ့မြင်​ရ​မည့်​ပြည်​ကို သူ​တို့​အား အမွေခွဲ​ပေး​ရ​မည်​ဖြစ်​သောကြောင့် သူ့​ကို​ညွှန်ကြား​လော့​။ သူ့​ကို အားပေး​ထောက်မ​လော့​’​ဟု မိန့်​တော်မူ​၏​။


ခပ်သိမ်း​သော​အရာ​တို့​၏​နောက်ဆုံး​ချိန် နီးကပ်​လာ​ပြီ​ဖြစ်၍ ဆုတောင်း​ခြင်း​အမှု​ကို​ပြု​နိုင်​ရန် တည်ငြိမ်​မှန်ကန်​သော​စိတ်​နှင့် သမ္မာသတိ​ရှိ​ကြ​လော့။


သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​လော့။ သင်​တို့​၏​ရန်သူ​တည်းဟူသော​မာရ်နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ ဝါးမျို​ရ​မည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ​၏။


(ကြည့်ရှု​လော့။ ငါ​သည် သူခိုး​ကဲ့သို့​လာ​မည်။ အဝတ်မပါ​အချည်းစည်း​ဖြင့်​သွားလာ​၍ မိမိ​အရှက်​ကို လူ​တို့​မြင်​ရ​သည့်​အဖြစ်​မျိုး​မ​ရှိ​စေရန် မိမိ​အဝတ်​များ​ကို​ထိန်းသိမ်း​လျက် သတိ​နှင့်​စောင့်​နေ​သော​သူ​သည် မင်္ဂလာရှိ​၏။)


သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​ရှိ​၏။ အကြောင်းမှာ သင်​သည် မိမိ​၏​ကနဦး​မေတ္တာ​ကို​စွန့်ခွာ​ခဲ့​ပြီ။


သာဒိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​နှင့် ကြယ်​ခုနစ်​လုံး​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အသက်ရှင်​နေ​သည်​ဟု နာမည်​ခံ​ထား​သော်လည်း သေ​သော​သူ​ဖြစ်​၏။


ထို့ကြောင့် သင်​သည် မည်သို့​ခံယူ​၍ ကြားနာ​ခဲ့​သည်​ကို သတိရ​လျက် ထို​အရာ​တို့​ကို​စောင့်ထိန်း​လော့။ နောင်တရ​လော့။ သင်​သည် သတိ​နှင့်​စောင့်​နေ​ခြင်း​မ​ရှိ​ပါက သူခိုး​ကဲ့သို့ ငါ​လာ​မည်​ဖြစ်၍ မည်သည့်​အချိန်​၌ သင့်​ထံသို့​ငါ​လာ​မည်​ကို သင်​လုံးဝ​သိ​လိမ့်မည်​မ​ဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ